အသက်ငယ်ရွယ်စဉ်အိမ်ထောင်ပြု ခြင်းအကျိုး - ၂

အသက်ငယ်ရွယ်စဉ်အိမ်ထောင်ပြု ခြင်းအကျိုး - ၂ google.com

မိဘများကတော့ ကိုယ့်သားသမီးကို ပညာတတ်ကြီးဖြစ်စေချင်ကြပြီး

အိမ်ထောင်ပြုတဲ့အရွယ်ရောက်မှ အိမ်ထောင်ပြုစေချင်ကြပါတယ်။

 

ဖွံ့ဖြိုးတိုးတက်နေသော ခေတ်နှင့်အညီ ယနေ့ခေတ်လူငယ်များဟာ အတုမြင်အတတ်သင်ရင်းနဲ့ ဆယ်ကျော်သက်အရွယ်မှာတင် အိမ်ထောင်ပြုနေတာကို မြင်တွေ့ရသည်မှာ မိဘများက ကိုယ့်သားသမီးအတွက် စိတ်မကောင်းဖြစ်ခြင်း၊ နှမြောတသသဖြစ်ခြင်းများ ဖြစ်ပေါ်နေကြပါတယ်။

 

ငယ်ရွယ်သည့်အတွက် ၀င်ငွေကောင်းကောင်းမရှာနိုင်ခြင်း

ငယ်ရွယ်စဉ်စာသင်ရမည့်အချိန်တွင် စာမသင်ဘဲ လက်ထပ်လိုက်သည့်အတွက် ပိုက်ဆံများများစားစားရှာဖို့ကလည်း အခက်အခဲတွေရှိမှာဖြစ်ပါတယ်။ ငွေကြေးဥစ္စာအခက်အခဲတွေနှင့် လူအများအလယ်တွင် မျက်နှာငယ်ရတတ်ပါတယ်။

 

ငယ်ရွယ်သည့်အတွက် လေးနက်မှုမရှိခြင်း

ငယ်ရွယ်စဉ်အချိန်အခါတွင် အိမ်ထောင်ပြုလိုက်တဲ့အတွက်ကြောင့် လေးနက်မှုအားနည်းပြီး အိမ်ထောင်ရေးတွင်လည်း အဆင်မပြေနိုင်တော့ပါ။ နှစ်ဦးစလုံးတွင် ကလေးစိတ်မကုန်သေးဘဲ အတွေ့အကြုံမရှိတဲ့အတွက် အိမ်ထောင်ရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အားနည်းနိုင်ပါတယ်။

 

ငယ်ရွယ်သည့်အတွက်ကြောင့် ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း

လက်ထပ်လိုက်ကြပေမယ့် နှစ်ဦးစလုံးဟာ ငယ်ရွယ်သည့်အတွက် ဘ၀၏ရိုက်ခတ်မှုဒဏ်ကိုခံရမှာဖြစ်ပြီး အကောင်း၊ အဆိုး ဝေဖန်ပိုင်းခြားမှုတွေကိုလည်း ခွဲခြားနိုင်မည်မဟုတ်ပါ။

 

ထို့ကြောင့် အိမ်ထောင်ပြုမယ်ဆိုရင်တော့ ဆယ်ကျော်သက်အရွယ်တွင် အိမ်ထောင်မပြုဘဲ အသက် နှစ်ဆယ်ကျော်၊ မိဘကလည်းသဘောတူတဲ့လူနဲ့ယူမယ်ဆိုရင်တော့ နှစ်ဦးစလုံး ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:42
Rate this item
(2 votes)