ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ဗုဒ္ဓဟူးသားသမီး ယခုနှစ် သူများတကာထက်ပို၍ ကြိုးစားလုပ်ကိုင်ရမည်။ လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများ ကြုံတွေ့ရပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်လုပ်ကိုင်ပြီး ကြိုးစားသင်ယူပါ။
ကြိုးစားလျှင် ရည်မှန်းချက်အောင်မြင်နိုင်သည်။အထက်လူကြီးတို့၏ မြှောက်စားမှုခံရခြင်း၊ အများနှင့်မတူ
ကြိုးစားအားထုတ်မှုကြောင်း မိမိရည်မှန်ချက်အောင်မြင်မည်။ယုံကြည်မှုလည်းရရှိလိမ့်မည်။
ဒါပေမဲ့ ပတ်ဝန်းကျင်မှမိမိအား ပြစ်တင်တင်ဝေဖန် ပြောဆိုမှုများအမြဲရှိနေနိုင်ပါသည်။
မကြာမီကာလတွင်မိမိအတွက်အကျိုး ဖြစ်ထွန်းသည့်အခွင့်အလမ်း၊အလုပ်အကိုင်များပါရရှိမည်။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၁)ရက်၁၃၈၁-ခု ပြာသိုလဆန်း(၇)ရက် ဗုဒ္ဓဟူးနေ့လူ့ပြည်ပြဿဒါး
ယနေ့ မြေသန့်မင်္ဂလာ၊ အဝီစိတွင်းတူး၊ မျိုးစေ့ချ၊ အစုရှယ်ယာဝင်ခြင်း၊ အာမခံ၊ စက်မှုတီထွင်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း တို့ကောင်း၏။
(တနင်္ဂနွေဂြိဟ် ဓနုရာသီတွင် တည်ရှိနေ၍ ရှင်ပြု၊နားသ၊လက်ထပ်၊ ဝိဝါဟမင်္ဂလာ၊ အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါရှောင့်သင့်၏။)
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၁၅)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၆)ရက် ဗုဒ္ဓဟူးနေ့လူ့ပြည်ဿဒါး
ယနေ့ ကြောငြာလုပ်ငန်းလုပ်ခြင်း၊ ရတနာစူစမ်းရှာဖွေခြင်း၊ကျောက်ဆစ်ထုခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ အလှကုန်ပစ္စည်းသစ်များဖြန့်ချီခြင်းတို့ကောင်း၏။
(တနင်္ဂနွေဂြိဟ် နံနက်၈နာရီ ၃၃မိနစ်လွန် မကာရရာသီပြောင်းဖြစ်၍ ရှင်ပြု၊နားသ၊ လက်ထပ်မင်္ဂလာအခါရ၍၊အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါရှောင့်သင့်၏။)
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၂၂)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၁၃)ရက် ဗုဒ္ဓဟူးနေ့လူ့ပြည်ပြဿဒါး
ယနေ့ နံနက်(၉း၃၅)နာရီလွန် ဘုရားပင့်ဆောင်ခြင်း၊ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊ ဝိဝါဟမင်္ဂလာ၊
ပန္နက်ရိုက်၊ ကျင်းတူ၊ အုတ်မြစ်ချ တိုင်ထူ၊ ရတနာစူးစမ်းရှာဖွေခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၂၉)ရက်၁၃၈၁-ခု တပို့တွဲလဆန်း(၆)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ နံနက်(၁၀း၂၈)နာရီလွန် ရှင်ပြု နားသ၊ ဘုရားပင့်၊ထီးတင်၊ မြေသန့်မင်္ဂလာ၊ စေ့စပ်၊ လက်ထပ်၊ ဝိဝါဟမင်္ဂလာ၊ မင်္ဂလာအမှုကိစ္စများလုပ်ခြင်း၊
မဏ္ဍပ်ဆောက်လုပ်ခြင်း၊နာမည်မှည့်၊ ကျန်းမာရေးကုသမှုခံယူခြင်း တို့ကောင်း၏။
ဗုဒ္ဓဟူးနေ့သားသမီးများထီထိုးရန်အကျိုးပေးဂဏန်း,အက္ခရာများမှာ(ရ၊သ၊ဟ၊န)(၃)အစ(၉)အဆုံး ဖြစ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများယခုနှစ်တွင် နှစ်ကူးအစ January
လ မှ JUNE လတွင် နေရာသစ်၊ ပတ်ဝန်းကျင်အသစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ မိမိလုပ်ငန်းခွင်
အတွက်ရာထူး၊ဂုဏ်ထူးတက်ခြင်း၊နေရာပြောင်းရွှေ့ခြင်းရှိရမည်။
သူတစ်ပါးကိုအားကိုး၍မရသောနှစ်ဖြစ်သည်။အရာရာကို ကိုယ်တိုင်လုပ်ပါမှအဆင်ပြေလာမည်။
သူတစ်ပါးအတွက်လူမှုရေးပြဿနာများဖြေရှင်းခြင်း၊အာမခံခြင်း၊စာချုပ်ချုပ်ဆိုပေးခြင်းများရှောင်ကျဉ်ပါ။
အထူး February, August,September, လများတွင်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အောင်မြင်မှုများရှိရမည်။
၂၀၂၀-ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်၁၃၈၁-ခု ပြာသိုလဆန်း(၁၂)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူး၊ကင်ပွန်းတပ်၊ နာမည်မှည့် သိက္ခာတင်၊ စေ့စပ်၊ လက်ထပ်၊
စပ်တူရှယ်ယာဝင်ခြင်း၊ ဧည့်ခံပွဲစတင်ခြင်း၊ လူမှုရေးစကားပြောခြင်းကောင်း၏။(စလွယ်တင်၊ဝိဝါဟမင်္ဂလာအတွက် ယုဂ်နှင့်ဂရိုဏ်း
မလွတ်ပါ။) (ဘေးမီ ဧကာဒသီ)
၂၀၂၀-ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်၁၃၈၁-ခု တပို့တွဲလဆုတ်(၄)ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာ
ယနေ့ နံနက်(ရး၃၈)နာရီလွန် ဘုရားပင့်ဆောင်ခြင်း၊အနေကဇာတင်ခြင်း၊ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊
ဆည်မြောင်း၊တံတားပြုပြင်ခြင်း၊ လှေကားတင်၊ကျောက်သွေးလောင်းခြင်းကောင်း၏။
၂၀၂၀-ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်၁၃၈၁-ခု တပို့တွဲလဆုတ်(၁၁)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ နံနက်(ရး၃၈)နာရီလွန် ရှင်ပြု နားသ၊ စေ့စပ်၊လက်ထပ်၊ ဝိဝါဟမင်္ဂလာ၊ ဘုရားပင့်ဆောင်ခြင်း၊
အနေကဇာတင်ခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူ၊ အုတ်မြစ်ချ တိုင်တူ၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊
မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ဧည့်ခံပွဲစတင်ခြင်း၊ ငွေကြေးချေးငှားခြင်းတို့ကောင်း၏။
အပေါင်းသင်းတို့မှာလုပ်ငန်းနှင့်ငွေကြေးအထောက်အပံရရှိမည်။အများကိစ္စ၊အဖွဲ့အစည်းကိစ္စများတွင်ဦးဆောင်များးပြုလုပ်ပေးရတတ်သည်။လူမှုရေးပရဟိတ အထူးပြုလုပ်ဆောင်ရွက်နေရတတ်သည်။
အဖွဲ့အစည်းလုပ်ငန်းများ၌မိမိအားအသုံးချခံအဖြစ်ထည့်သွင်းပါကလိုက်လျောညီထွေမှုရှိအောငလုပ်ကိုင်ပါ။
နာမည်ဂုဏ်သတင်းကျော်ဇောမည်။ရည်ရွယ်ချက်ထားတိုင်းအတိုက်အခံကြုံပြီးမှအောင်မြင်မှုရမည်။လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။
၂၀၂၀-ခုနှစ် မတ်လ (၄)ရက်၁၃၈၁-ခု တပေါင်းလဆန်း(၁၁)ရက် ဗုဒ္ဓဟူးနေ့
ရက်ရာဇာ၊ မွန်းလွဲ လူ့ပြည်ပြဿဒါး ယနေ့ နံနက်(၉း၅၀)နာရီ မိနစ်လွန် ရှင်ပြု နားသ၊ စေ့စပ်၊
လက်ထပ်၊ မြေသန့်မင်္ဂလာ၊ ကျောက်သွေးလောင်းခြင်း၊ယနေ့ နံနက်(၈)နာရီအတွင်း အဝီစိတွင်းတူး၊ နာမည်မှည့်၊ခရီးသွားခြင်းကောင်း၏။
၂၀၂၀-ခုနှစ် မတ်လ (၁၈)ရက်၁၃၈၁-ခု တပေါင်းလဆုတ်(၁၀)ရက် ဗုဒ္ဓဟူးနေ့
ရက်ရာဇာ၊ မွန်းလွဲ လူ့ပြည်ပြဿဒါးယနေ့ နံနက်(၉း၂)နာရီလွန် ဘုရားတည်၊ ရှင်ပြုနားသ၊
ထီးတင်၊ ထီထိုး၊ နာမည်မှည့်၊ ရတနာစူးစမ်းရှာဖွေခြင်း၊ခွဲစိတ်ကုသမှုခံယူခြင်း၊ ဆိုင်းဘုတ်တင်၊ အလုပ်လျှောက်ခြင်း၊ ဧည့်ခံပွဲဖွင့်လှစ်ခြင်း၊ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် မတ်လ(၁၁,၁၈)ရက် အစိမ်းရောင်ဝတ်ဆင်၍ ထီထိုးပါ။
စီးပွားရေး...စီးပွားရေးကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါကငွေကြေး၊ရင်းနှီးမှုထက်လူစွမ်းအားအရင်းအနှီးကိုဦးစားပေးလုပ်ကိုင်သင့်သည်။
စီးပွာရေးအတွက် ပြည်တွင်းပြည်ပ ခရီးမကြာခဏသွားရမည်။
ဓါတ်သတ္တု ရေနံ၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ထီလုပ်ငန်း အကျိုးမြတ်ရလဒ်ကောင်းကျိုးပေး၍
စတိုးဆိုင်များဖွင့်ခြင်း၊စက်သုံးဆီရောင်းဝယ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများနှင့်ကျောက်မျက်ရတနာတူးဖော်ရောင်းဝယ်ခြင်းကောင်းမည်။
စက်ဘီး၊ဆိုင်ကယ်၊ မြေလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကန်ထရိုက်လုပ်ငန်း အခက်ခဲများ အနှောက်အယှက်စီးပွားပြိုင်ဘက် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအကျိုးပေးနည်းလိမ့်မည်။
၂၀၂၀-ခုနှစ် ဧပြီလ (၁၅)ရက်၁၃၈၂-ခု ဦးတန်ခူးလဆုတ်(၈)ရက် ဗုဒ္ဓဟူးနေ့
ရက်ရာဇာ၊ယနေ့ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝိပဿနာအားထုတ်
ခြင်း၊ ကျောင်း၊ သိမ်၊ မုဒ်ဦး ရေစက်ချခြင်း၊ ရှင်ပြု ၊ ရဟန်းခံ၊ကျောင်းစေတီတံမြက်စည်းလှူ ဒါန်ခြင်း၊တရားစာအုပ်များလှူ ဒါန်းခြင်း ကောင်း၏။(မဟာသင်္ကြန် ဒုတိယ အကြတ်နေ့)
၂၀၂၀-ခုနှစ် ဧပြီလ (၂၂)ရက်၁၃၈၂-ခု ကဆုန်လဆန်း(၁)ရက် ဗုဒ္ဓဟူးနေ့လူ့ပြည်ပြဿဒါး
ယနေ့ နံနက်(ရး၂၅)နာရီလွန် ဘုရားအနေကဇာတင်၊ထီးထင်၊ ကြေးသွန်းလောင်းခြင်း၊ မင်္ဂလာကိစ္စများဆောင်
ရွက်ခြင်း၊ အင်တာဗျူးခြင်း၊ ရတနာစူးစမ်းရှာဖွေခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ငွေကြေးချေးငှားခြင်း
ရေကြောင်း၊ လေကြောင်းခရီးသွားခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဧပြီလ (၂၉)ရက်၁၃၈၂-ခု ကဆုန်လဆန်း(၈)ရက် ဗုဒ္ဓဟူးနေ့လူ့ပြည်ပြဿဒါး
ယနေ့ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးဖော်ခြင်း၊ ညစက်(ရး၃၄)နာရီမိနစ်အတွင်းနှင့်
ညစက်(၁၀း၉)နာရီ မိနစ်လွန် ဝိဝါဟမင်္ဂလာ အိမ်ပြောင်း၊အိမ်တတ် ၊ ဓာတ်ငွေ့စူးစမ်းရှာဖွေခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် ဧပြီလ(၁,၈)ရက် အနီရောင်ဝတ်ဆင်၍ ထီထိုးပါ။
၂၀၂၀ခုနှစ် ဧပြီလတွင် မိမိလုပ်ငန်းဆောင်တာလုပ်ငန်းကိစ္စများအတွက် နေအိမ်မှ မထွက်မီ မိမိခန္ဓာကိုယ်အရိပ်ကိုကြည်ပြီး သွားပါ။
ပညာရေး...ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများဆွတ်ခူးနိုင်မည်။ ပညာရေးလောကလိုက်စားနေသူ
များအသက်မွေးဝမ်းကြောင်းကိုသာဦးစားပေးလုပ်ကိုင်သင့်သောနှစ်ဖြစ်သည်။
ပညာရေးတွင်စိတ်လှုပ်ရှားမှုများဝင်လာမည်။အလုပ်စာမေးပွဲများ၊အင်တာဗျူးများတွင်လည်းအောင်မြင်မှုများရှိရမည်။
၂၀၂၀-ခုနှစ် မေလ (၆)ရက်
၁၃၈၂-ခု ကဆုန်လဆန်း(၁၅)ရက် ဗုဒ္ဓဟူးနေ့ လပြည့်နေ့လူ့ပြည်ပြဿဒါး
ယနေ့ ဘုရားအနေ့ကဇာတင်၊ ထီးထင်၊ ကျောက်ဆစ်ထုခြင်း၊ အဝီစိတွင်းတူးတို့ကောင်း၏။
(နရသီဟပူဇာ) (ညောင်ရေသွန်းပွဲ)
အချစ်ရေးနှင့်အိမ်ထောင်ရေး...အချစ်ရေးကောင်းမွန်၍အချစ်ရေးတွင်အသစ်အဆန်းများတွေ့ရတတ်သည်။
အနှစ်နာခံပြီး ပေးဆပ်မှုများမည်။အဖိုးတန်လက်ဆောင်များရရှိမည်။ အချစ်ရေးတွင် နယ်၊ရပ်ဝေးမှ ရည်စားတွေ့ရတတ်သည်။
ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီးမိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။
ချစ်သူဖြစ်ချင်ပြန်သူ ပေါများ၍ အထူး တစ်ဦးထဲမထားသုံးပွင့်ဆိုင်အချစ်ရေး ဂရုပြုပါ။
အိမ်ထောင်ရေး အနည်းငယ်ညံ့၍ အိမ်ထောင်ရှင်များမိသားစုအတွက်ငွေကြေးကုန်ကျခြင်းစိတ်ရှုပ်ထွေးမှုများ
ကြုံတတ်သည်။မောင်နှမဆွေမျိုးသားချင်းတို့၏ ငြိုငြင်မှုခံရသော်လည်း၎င်းတို့ကို အကူအညီအထောက်အပံ့ပေးနေရမည်။
၂၀၂၀-ခုနှစ် ဇွန်လ (၃)ရက်၁၃၈၂-ခု နယုန်လဆန်း(၁၃)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ ဂါမန္တာန်သိဒ္ဓိတင်ခြင်း၊ ရှင်ပြု၊နားသ၊ လက်ထပ်၊စေ့စပ်၊ အစုရှယ်ယာဝင်ခြင်း၊ မင်္ဂလာအမှုကိစ္စများဆောင်
ရွက်ခြင်း၊ အဝီစိတွင်းတူးခြင်းတို့ကောင်း၏။(စလွယ်တင် ယုဂ်မလွတ်ပါ)
[ညနေ(၄း၅၇)မှညစက်(၈း၃၇)နာရီ မိနစ်အတွင်း ဝိဝါဟမင်္ဂလာပြုလုပ်နိုင်သည်]
၂၀၂၀-ခုနှစ် ဇွန်လ (၁၇)ရက်၁၃၈၂-ခု နယုန်လဆုတ်(၁၂)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ နံနက်(၈)နာရီအတွင်း ဂါမန္တာန်သိဒ္ဓိတင်ခြင်း၊အနေကဇာတင်ခြင်း၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ ရေတွင်း
ရေကန်တူးဖော်ခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊ ဆေးဖော်၊ဆေးခန့်ဖွင့် ခရီးသွားခြင်းကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် ဇွန်လ (၂၄)ရက် နို့အစိမ်းရောင်ဝတ်ဆင်၍ ထီထိုးပါ။
ဗုဒ္ဓဟူးသားသမီးများ၏ အိမ်ထောင်ဘက် တနင်္ဂနွေ,ရာဟု,ကြာသပတေး ထိုနေနံသားသမီးနှင့် ပြုထားသူနှင့်
အိမ်ထောင်ဘက်အသက် ၂၂နှစ်၊၃၀နှစ်၊၃၁နှစ်၊၃၈နှစ်၊၄၆နှစ် ချစ်သူ၊ရည်းစားအိမ်ထောင်ရှင်များတွေကတော့
အထူးသတိထာသင့် အထူးညံ့ပါလိမ့်မည်။အိမ်ထောင်ဖက်၏လက်စားချေတိုက်ခိုက်ခြင်းခံရတတ်
သည်။ သို့မဟုတ် သက်ဆိုင်ရာအမျိုးအနွယ်မိသားစုအတွက်ကြောင့်အပယ်ခံဘဝရောက်ရတတ်သည်။
ကြားဝင်နှောက်ယှက်သူပေါ်ပေါက်မည်။ သားသမီးများ၊သူငယ်ချင်းများမိသားစုအတွင်းဒုက္ခပေးတတ်သည်။
မကောင်းမှုဒူစရိုက်လုပ်ငန်များ၊ ဥပဒေပြစ်မှုမကင်းသောစီးပွားဥစ္စာရှာဖွေရေး လုပ်ငန်းများလည်း မိမိထံ ရောက်ရှိလာတတ်သည်။
မိမိကံကို ထိနိးသိမ်းပြီး ဘာသာရေ၊ဘာဝန၊ကမ္မဌာန်းထိုင်တရားအားထုတ်ခြင်းနှင့် အလှူအတန်းများ မိမိတတ်နိုင်သလောက်ပေးကမ်းလှူတန်း ဒါနပြုကြပါ။
၂၀၂၀-ခုနှစ် ဇူလိုင်လ(၈)ရက်၁၃၈၂-ခု ပ-ဝါဆိုလဆုတ်(၄)ရက် ဗုဒ္ဓဟူးနေ့ရက်ရာဇာ၊ မွန်းလွဲ လူ့ပြည်ပြဿဒါး
ယနေ့ နံနက်(၈)နာရီမိနစ်အတွင်း ဘုရားတည်၊ ထီးတင်၊ရှင်ပြု၊နားသ၊ လက်ထပ်၊ စေ့စပ်၊ ဆေးခန်းသစ်ဖွင့်ခြင်း၊
ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ အသင်းဖွဲ့စည်းခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇူလိုင်လ(၂၉)ရက်၁၃၈၂-ခု ဒု-ဝါဆိုလဆန်း(၁၀)ရက် ဗုဒ္ဓဟူးနေ့ရက်ရာဇာ၊မွန်းလွဲ လူ့ပြည်ပြဿဒါး
ယနေ့ ဘုရားတည်၊ ထီးတင်၊ အနေကဇာတင်ခြင်း၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ နေ့လယ်(၁၁း၃၇)နာရီလွန် ရေတွင်း
ရေကန်တူးဖော်ခြင်း၊ ရတနာနှင့်ရေနံစူးစမ်းရှာဖွေခြင်း၊ကျောက်ဆစ်ထုခြင်း၊ နာမည်မှည့်၊ ကုမ္ပဏီထူထောင်ခြင်း၊
ထီထိုး၊ ဆိုင်ဖွင့်၊ ငွေကြေးချေးငှားခြင်း တို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် ဇူလိုင်လ (၁,၈,၂၉)ရက် အပြာနုရောင်ဝတ်ဆင်၍ ထီထိုးပါ။
အသက်အားဖြင့် ၇နှစ်၊၈နှစ်၊၉နှစ်၊၁၀နှစ်၊၁၂နှစ်၊၁၃နှစ်၊၁၅နှစ်၊၁၆နှစ် ၁၇နှစ်မှာ ၂၁အတွင်းနှင့်
၂၃နှစ် မှာ ၂၉နှစ်၊ ၃၂နှစ် မှာ ၄၀နှစ် အတွင်းထိုနှစ်တွေကစီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အချစ်နှင့်အိမ်ထောင်ရေး အများဖြင့် ကံကောင်းပါတယ်။
ကျောင်းပညာရေး အားကစားဆု၊ စာပေထူးချွန်ဆုနှင့်ဘွဲ့လွန်၊ ဒီဂရီဘွဲ့များ ပြည်ပပညာရပ်၊ ဘာသာခြားရပ်များ
အောင်မြင်မည်။ အထက်လူကြီးတစ်ဦးရဲ့ အထောက်အပံ့ပညာရေးစရိတ်ရရှိမည်။
မိမိတို့ကံဇာတာ အထက်လူကြီးတို့၏ မြှောက်စားမှုခံရခြင်း၊ ယုံကြည်မှုလည်းရရှိလိမ့်မည်။
ပြည်ပပညာသင်သွားကိန်းရှိ၊ အလုပ်နေရာ၊ ဌာနကောင်း ရာထူးတိုး၊ နယ်ခြားနယ်ဝေး၊ နယ်စပ် တာဝန်ထမ်းဆောင်ရတတ်သည်။
အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်များနှင့်တွဲဖက်၍ဆောင်ရွက်ရမည်။မိမိအောင်မြင်မှုကိုသူတစ်ပါးသိက္ခာကျဆင်းအောင်ဆောင်ရွက်တတ်သည်။
အိမ်ထောင်ရေးတွင်အသိုင်းအဝိုင်းဆွေမျိုးများ၏စကားများကြောင့်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုကင်းမဲ့တတ်သည်မို့သတိပြုပါ။ အိုးအိမ်၊ ခြံမြေ ပိုင်ဆိုင်မည်။
အတွင်းပစ္စည်းဂရုစိုက်ပါ။ အခိုးခံရခြင်း၊ ကျပျောက်ခြင်းနှင့်လူလိမ်၊ လူယှက်မှု ကြုံတွေ့ရတတ်သည်။
၂၀၂၀-ခုနှစ် သြဂုတ်လ(၁၂)ရက်၁၃၈၂-ခု ဒု-ဝါဆိုလဆုတ်(၉)ရက် ဗုဒ္ဓဟူးနေ့ရက်ရာဇာ၊မွန်းလွဲလူ့ပြည်ပြဿဒါး
ဝါရမိတ္တုယနေ့ နံနက်(၉း၄၁)နာရီအတွင်း ဘုရားအနေကဇာတင်၊ စေတီပုထိုးပြုပြင်ခြင်း၊ မုဒ်ဦးဆောက်လုပ်ခြင်း၊ စာပေကျမ်းဂန်ပြုစုခြင်း၊ခွဲစိတ်ကုသခံယူခြင်း၊
အာမခံ၊ထီထိုး၊ကုမ္ပဏီထူထောင်ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်း။ လူမှုရေးစကားပြောခြင်းတို့ကောင်း၏။
ထီထိုးရန်- ၂၀၂၀ခုနှစ် သြဂုတ်လ (၅,၉,၁၉)ရက် ရွှေအိုးရောင်ဝတ်ဆင်၍ ထီထိုးပါ။
အသက် ၁နှစ်၊ ၃နှစ်၊ ၆နှစ်၊ ၁၄နှစ်၊ ၁၈နှစ် ၂၂နှစ်ထိုနှစ်တွေက...ပညာရေး၊ ကျန်းမာရေးကံဇာတာညံ့ပါမည်။
ဗုဒ္ဓဟူးသားသမီးများ မိမိအိမ်စီးပွားရေးနှင့် အိမ်မိသားစုအပူကြောင့်ပညာအစွမ်းလျော့နည်းသွားတတ်သည်။
မိဘစကားနားမထောင်ခြင်း၊ အပျော်အပါးအပေါင်းသင်းမက်ခြင်း၊ အပေါင်းသင်းမှား ဒုက္ခရောက်ခြင်းတို့ကြောင့်
မိမိသားသမီးတို့အတွက် စိတ်ပူပန်မှုကြုံတွေ့ရမည်။ရေအန္တရယ်ရေနွေးပူ၊ လျှပ်စစ်ပစ္စည်းအထူးကိုင်တွယ်သင့်သလို ကလေးငယ်များ အထူးဂရုပြုပါ။
ကျန်းမာရေး မကြာခဏချူချာတတ်သည်။
၂၀၂၀-ခုနှစ် အောက်တိုဘာလ(၂၈)ရက်၁၃၈၂-ခု သီတင်းကျွတ်လဆန်း(၁၂)ရက် ဗုဒ္ဓဟူးနေ့
ယနေ့ ဘုရားအနေကဇာတင်၊ ထီးထင်၊ ဆိုင်းဘုတ်တင်ခြင်း၊ နာမည်မှည့်၊ မင်္ဂလာအမှုကိစ္စများဆောင်ရွက်ခြင်း၊
နေ့စက်(၃း၂၅) အဝီစိတွင်းတူးခြင်း၊ ရေကြောင်းခရီးသွားခြင်း တို့ကောင်း၏။
အသက်အားဖြင့် ၁၈နှစ်၊ ၁၉နှစ် ၂၂နှစ်၊၃၀နှစ်၊၃၈နှစ်၊၄၆နှစ်၊၅၄နှစ် ထိုနှစ်တွေက..
စီးပွားရေး၊လူမှုရေး၊ပညာရေး၊ အချစ်ရေးနှင့်အိမ်ထောင်ရေး၊ ကျန်းမာရေး ကံဇာတာညံ့ပါမည်။
မကြာခဏခရီးသွားရခြင်း၊ပရဟိတာလုပ်ငန်းများတွင်ဝင်ရောက်ဆောင်ရွက်ပေးရခြင်းများရှိမည်။
ရင်းနှီးသောသူများနှင့်မိမိအကြားအယူအဆသဘောထားမကိုက်မှုများကြုံရမည်။ အမွေကိစ္စရပ်များရင်ဆိုင်ရတတ်သည်။ အချစ်ရေးတွင် စွတ်စွဲမှုအမျိူးမျိူးခံရကိန်းကြုံမည်။
လူငယ်လူရွယ်များ အချစ်ရေးတွင် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲမည်။ လူငယ်လူရွယ်များ ချစ်သူ၏
အဖြေကိုစောင့်နေရင်းမိမိအချိန်များကုန်ခမ်းသွားလိမ့်မည်။လူငယ်လူရွယ်များအတွက်အချစ်ရေးကိုဦးစားမပေးသင့်ပါ။ လူ့အခွင့်အရေးများနစ်နာဆုံးရှုံးဖျက်ဆီးခံရနိုင်ဖွယ်ရှိနေသည်။ မည်သူကိုမျှ ယုံကြည်၍မရပါ။
တခါတရံမိမိကိုယ်ကိုသော်လည်းကောင်း၊စိတ်အလိုမကျခြင်းလည်းဖြစ်ရတတ်သည်။ငွေကြေးကုန်ကျများလည်းရှိမည်။ကျန်းမာရေးကြောင့်ကျောင်းပညာရေး၊ ပြည်ပအလုပ်အကိုင်များ စာဖြေစာမေးပွဲ နှောင့်နှေးမည်။
အနှောက်ယှက်အမျိုးမျိုးကြုံတွေ့ရလိမ့်မည်။အိမ်ထောင်ရေး ကသိကအောက် အထစ်အငေါ့ဖြစ်ခြင်း၊
မကြာခဏ တကျက်ကျက် စကားများ ပြဿနာတတ် အငြင်းအခုံပြုလုပ်၍ ခေတ္တယာယီခွဲရတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကိစ္စအတွက် ငွေကြေးကုန်ကျမှုများမည်။
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်၁၃၈၂-ခု နတ်တော်လဆန်း(၂)ရက် ဗုဒ္ဓဟူးနေ့ရက်ရာဇာ
ဘုရားတည်၊ ရှင်ပြု၊ စေ့စပ်၊ လက်ထပ်၊ မြေသန့်မင်္ဂလာ၊ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း ရတနာသွေးခြင်း၊ ဘာသာ
ရေးစကားပြောခြင်းတို့ကောင်း၏။(တနင်္ဂနွေဂြိဟ် နံနက်၇နာရီ ၃မိနစ်လွန် ဓနုရာသီပြောင်း
ဖြစ်၍ ရှင်ပြု၊နားသ၊ လက်ထက်မင်္ဂလာအခါရ၍၊အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါ တစ်လရှောင့်သင့်၏။)(ဆူငီပူဇော်ပွဲ)
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်၁၃၈၂-ခု နတ်တော်လဆုတ်(၁)ရက် ဗုဒ္ဓဟူးနေ့ရက်ရာဇာ
ယနေ့ နံနက်(၁၀း၁၀)နာရီ မိနစ်အတွင်း ဘုရားအနေကဇာတင်၊ ထီးထင်၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊ လှေကားတင်၊ ကျောက်သွေးလောင်း၊
ရှင်ပြု နားသ၊ စေ့စပ်၊ရတာနာကျောက် အရောင်တင်ခြင်း၊ သွေးခြင်း၊ အိမ်သစ်ပြောင်း၊ ဆိုင်းဘုတ်တင်၊ ခွဲစိတ်ကုသခံယူခြင်း၊ ထီထိုး၊
ငွေကြေးချေးဌားခြင်း၊ ဆေးဝါးဖော်စပ်ခြင်း တို့ကောင်း၏။ထီထိုးရန်- ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၆,၃၀)ရက်
ကြက်သွေးရောင်ဝတ်ဆင်၍ ထီထိုးပါ။ကျန်းမာရေးအတွက်စိတ်ဖိစီးမှုကိုရှောင်လွှဲနိုင်ရန်ခရီးသွားလာပါ။
ကျန်းမာရေး...လူပျိုနာရောဂါ၊ လိပ်ခေါင်းရောဂါ၊ လျှာရောဂါ၊ဝမ်းချုပ်၊ ဝမ်းကိုက်ရောဂါ၊ နှလုံး၊ အကြောအဆစ်ရောင်ရမ်းသောရောဂါဝေဒနာဖြစ်ပွားနိုင်သည်။
ဗုဒ္ဓဟူးသားသမီးများ အထူးသတိရမည်က..အစိုးရဥပဒေနှင့်ဆန့်ကျင်သောအလုပ်အကိုင်များရှောင်
ကျဉ်ပါ။စိတ်လောပြီးသူတစ်ပါးသူအကူအညီဖြင့်လုပ်ငန်းလုပ်ခြင်းများရှောင်ကျဉ်ပေးပါ။
အဂါၤသား၊သောကြာသားသမီးများ အကျိုးမပေးတဲ့အပြင်ဒုက္ခပေးသွားတတ်သည်။
ဆောင်ရွက်စရာကိစ္စ-ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက်ဘုရားတွင်(မင်္ဂလာသုတ်)ရွတ်ဆိုပြီး
ခရီးသွားလာခြင်းအပြာရောင်၊ပန်းရောင်၊လိမ္မော်ရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
စိုးမိုးသောအက္ခရာနှင့်ဂဏန်းများမှာ(ရ၊သ၊ဟ၊န)၊(၃၊ဝ၊၇၊၉)။
အကျိုးပေးအရောင် - အပြာရောင်၊ပန်းရောင်၊လိမ္မော်ရောင်
ဆောင်ရန် - အစိမ်းရောင်ရှိသောကျောက်စိမ်းရတနာ
ယတြာ - အိမ်ဘုရားမှာ အပတ်တိုင်းမိမိမွေးနေ့တွင်မေမြို့ပန်း၊ပိန်းပန်း၊ရွှေပန်း၊ရွက်လှေများကိုငွေပန်းအိုးများနှင့်
ပူဇော်ပေးပါ။
ဥပုသ်သီလဆောက်တည်ခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ကျောင်းစေတီတံမြက်စည်းလှူ ဒါန်ခြင်း၊ တရားစာအုပ်များလှူဒါန်းပါ။
တန်ခိုးကြီးဘုရားမှာမွေးနေ့နံနက်(၉း၅၄)အချိန်တနင်္ဂနွေနံဘုရားတွင်ပန်းရောင်ဝတ်ဆင်ပြီးပေါက်ပန်းဖြူ(၅)ပွင့်ကပ်လှူပါ။တန်ခိုးကြီးဘုရားတွင်ရွှေဆိုင်းကပ်လှူ ပေးပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ Ph:09751089826
Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ
Myanmar Wedding Guide
jjjj
Zawgyi ဖြင့်ဖတ်ရန်...
မလွတ်ပါ။) (ဘေးမီ ဧကာဒသီ)