ကောင်မလေးကမချစ်ဘဲ ကောင်လေးဘက်ကချစ်ရေးဆိုလာရင် ဘယ်လိုလုပ်မလဲ

ကောင်မလေးကမချစ်ဘဲ ကောင်လေးဘက်ကချစ်ရေးဆိုလာရင် ဘယ်လိုလုပ်မလဲ google.com

ကောင်လေးဘက်က ချစ်ရေးဆိုလာရင် ကိုယ့်ဘက်က အနုနည်းနဲ့ပြောသင့်ပါတယ်။

မိုက်မိုက်ရိုင်းရိုင်းတွေ မပြောဆိုမိ မလုပ်မိဖို့ သတိပြုရပါမယ်။

 

ဘယ်လိုပုံစံနဲ့ ပြောဖို့ကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ့်မှာ ချစ်သူရှိကြောင်းကို သူမသိသေးရင်တောင်မှ သိအောင်လုပ်ထားသင့်ပါတယ်။ သူ့ကိုတော့ ငါ့မှာ ပိုင်ရှင်ရှိတယ်လို့ တည့်တည့်ကြီးသွားမပြောပါနဲ့။

 

သူကိုယ့်နားမှာရှိတဲ့အချိန်မှာ ကိုယ့်ချစ်သူဆီဖုန်းလှမ်းဆက်ပြီး ပြောတာမျိုး၊ သူငယ်ချင်းတွေကို သင့်ချစ်သူအကြောင်းပြောပြခြင်းဖြင့် သူ့ဘက်က သိအောင်လုပ်သင့်ပါတယ်။

 

ကိုယ့်ဘက်က သူ့ကို လုံးဝမချစ်နိုင်တာသေချာမယ်ဆိုရင် သူ့ကိုမျှော်လင့်ချက်တွေ မပေးသင့်ပါ။

 

သင့်ဘက်က မျှော်လင့်ချက်တွေပေးခြင်းဖြင့် သူက သင့်အချစ်ကိုရနိုးနိုးစောင့်နေရင်းနဲ့ ပိုခံစားရတဲ့ အခြေအနေကို သင့်ဘက်က တွန်းပို့သလိုဖြစ်နေလိမ့်မယ်။

 

ကိုယ့်ဘက်ကနေ နောက်ဆုတ်ဖို့ လွယ်ကူတဲ့အချိန်မှာ သူ့ဘက်က ရပ်တန်းကရပ်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။

 

ကိုယ့်ဘက်က သူ့ကို ရင့်ရင့်သီးသီးချည်းလဲ ပြောစရာမလိုသလို သူ့ကို မတွေ့ချင်လို့ ရှောင်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ပုံမှန်အတိုင်းပဲဆက်ဆံပြီး ကိုယ့်ဘက်က သူ့ကို မချစ်နိုင်ကြောင်းသက်သေပြသင့်ပါတယ်။

 

ကိုယ့်ဘက်ကသူ့ကိုလိုမှ ခိုင်းတတ်ပြီး ကျန်တဲ့အချိန်ဆိုရင် အဖက်တောင်မလုပ်ဘဲ နေတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

 

ကိုယ့်ချစ်သူအတွက် သူ့ကို အကူအညီတောင်းတာမျိုးဆိုရင် သူ့ဘက်က နာကျင်ခံစားရပါလိမ့်မယ်။ ယင်းကဲ့သို့ အပြုအမူမျိုးကို မလုပ်သင့်ပါဘူး။

 

သူ့ကို သင့်အချစ်ရေးအကြောင်းကိုတော့ ရင်မဖွင့်သင့်ပါဘူး။ သူက ကိုယ့်ပြောသမျှနားထောင်ပေးတယ်ဆိုပေမယ့်လည်း သူ့ဘက်က အရမ်းနာကျင်ခံစားမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(1 Vote)