အချစ်ရေးမှာ စိတ်ညစ်စရာတွေမဖြစ်ရစေဖို့

အချစ်ရေးမှာ စိတ်ညစ်စရာတွေမဖြစ်ရစေဖို့ google.com

ကမ္ဘာပေါ်မှာ လူတိုင်းစကားလေးတစ်ခွန်းကို ပြောဖူးကြတယ် အဲ့ဒါဟာ " ချစ်တယ် " တဲ့။

လူသားတိုင်း အချစ်နဲ့ကြုံဆုံလာရတာချည်းပါဘဲ။ ဘယ်သူမှ အချစ်ရဲ့ စက်ကွင်းအောက်ကမလွတ်ပါဘူး။ ၁၅၀၀ အချစ်ဖြစ်စေ၊ ၅၂၈ အချစ်ဖြစ်စေ ချစ်မိလာရာကနေ နာကျင်မှု၊ ပူလောင်မှုတွေ စိတ်ပင်ပန်းမှုတွေခံစားရနိုင်ပါတယ်။ တစ်ဖက်သတ်ချစ်ရတဲ့သူလည်း ကိုယ်လိုတာမရ ရတဲ့နာကျင်မှု၊ သူငယ်ချင်းအချင်း အချစ်မှာလည်း သူက ကိုယ့်လောက်မခင်လို့ ကိုယ့်ထက် တခြားသူခင်လို့၊ ချစ်သူတွေကြားမှာ ဆိုရင်လည်း ကြည်နူးတဲ့အချိန်ထက် အဆင်မပြေတဲ့အချိန်က ပိုများကြလေ့ရှိတယ်။

 

ဒီလိုစိတ်ညစ်ရတာတွေမဖြစ်အောင် ဘယ်လိုစိတ်ထားပြီးချစ်ရမလဲဆိုတာ အကြံပေးချင်ပါတယ်။

 

မျှော်လင့်ချက်တွေ မထားဘဲချစ်ပါ

ဒီလိုချစ်နိုင်ရင် သင့်ကိုနာကျင်စေတာတွေ တစ်ဝက်နီးပါးလျော့သွားစေပါတယ်။ အတော်များများက ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ဘယ်လိုလေးလုပ်ပေးစေချင်တာ၊ ဘယ်လိုချစ်စေချင်တာမျိုးတွေမျှော်လင့်တတ်ကြတယ်။ ကိုယ်မျှော်လင့် ထားတဲ့အတိုင်း ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကိုယ်ကိုယ်တိုင်လည်းဝမ်းနည်းရသလို သူ့အပေါ်လည်း အမြင်မကြည်တွေဖြစ်ပြီး ပြဿနာတွေရှာမိနိုင်တယ်။ အဲ့ဒီအခါ သူရော ကိုယ်ပါ စိတ်ညစ်ရလိမ့်မယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူဆီက ဘာမှမမျှော်လင့်ပါနဲ့။

 

ချစ်နေရရုံနဲ့ကျေနပ်ပါ

လူ့သဘာဝအရ လူတွေကကိုယ်ချစ်တဲ့သူ ကိုယ့်ကိုပြန်ချစ်စေချင်တယ်။ ကိုယ်သူ့ကို ဂရုစိုက်သလိုပြန်ဂရုစိုက်ခံချင်တယ်။ ကိုယ်အလေးနက်ထားသလို ပြန်အလေးမထားရင်ခံစားကြရတယ်။ ဒါတွေက ကိုယ့်ကိုပူလောင်စေပါတယ်။ သူ့အနားမှာရှိခွင့်ရပြီးချစ်နေရရုံနဲ့ ပျော်နေလိုက်ပါ။ အချစ်ကိုဖန်တီးလုပ်ယူလို့မရပါဘူး အချစ်ဆိုတာရယူခြင်းမှ မဟုတ်တာ။

 

ပြဿနာတွေကိုအတတ်နိုင်ဆုံးရှောင်ပါ

ပြဿနာဖြစ်ရပါများရင် အချစ်ကစိတ်ပျက်ဖို့ကောင်းပါတယ်။ ကိုယ်စိတ်ဆိုးစိတ်တိုစရာတစ်ခုခု သူလုပ်မိတဲ့အခါ ကိစ္စသေးသေးမွှားမွှားပဲဆို ပြဿနာမရှာဘဲခွင့်လွှတ်ပေးလိုက်ပါ။ လူတွေက ကိုယ့်ကိုနားလည်ပေးတတ်တဲ့သူ၊ သဘောထားမသေးသိမ်တဲ့သူဆို ပိုပြီးတော့ချစ်ပါတယ်။ ဒါကြောင့် ကြီးကြီးမားမားမဟုတ်ရင် ရန်တွေဖြစ် ပြသနာမတက်ရအောင် နားလည်ပေးသင့်တဲ့ကိစ္စတွေမှာ နားလည်ပေးလိုက်ပါ။

 

ကိုယ်ချစ်တဲ့သူနဲ့ ဘယ်လိုပျော်အောင်နေမလဲဆိုတာအတွေးထဲမှာအမြဲရှိနေပါ

သူနဲ့ကိုယ်ကြားပျော်စရာအချိန်လေးတွေများများရှိအောင်လုပ်ပါ။ ဒါမှနာကျင်ရတဲ့ကိစ္စတွေကြုံလာရင်တောင် ပျော်စရာအချိန်တွေကခွန်အားတွေပေးပါလိမ့်မယ်။ ဒီလိုဆို အချစ်က သင့်ကိုစိတ်ညစ်စေတဲ့အရာ မဟုတ်တော့ဘဲ ဘဝအတွက်လိုအပ်ချက်လေးအဖြစ် သင့်အမြင်တွေကိုပြောင်းလဲပေးပါလိမ့်မယ်။

 

အရမ်းစိတ်နှစ်ပြီးမချစ်ပါနဲ့

သူကလွဲပြီး ဘာမှမသိတော့တာမျိုး၊ သူ့ကိုချစ်နေရပြီး ကိုယ့်အတွက် ဘာမှမစဉ်းစားမိတော့တာမျိုးက တစ်ချိန်ကျရင် သင့်ကိုနာကျင်စေပါလိမ့်မယ်။ ပုံအောပြီး ချစ်လိုက်တာမျိုးမလုပ်ဘဲ အသိလေးနဲ့ထိန်းပြီးချစ်ပါ။

 

ကမ္ဘာပေါ်မှာ လူသားအားလုံး အချစ်ကြောင့် ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

 

Credit : Bahuthutagabar

Myanmar Wedding Guide

Read times Last modified on Thursday, 04 April 2019 14:15
Rate this item
(1 Vote)