သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်တဲ့ မိန်းကလေးတွေရဲ့စိတ်ထားများ
သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်တဲ့ မိန်းကလေးတွေရဲ့စိတ်ထားများ google
သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်တဲ့ မိန်းကလေးတွေက စိတ်ဓာတ်ခိုင်မာပြတ်သားကြတယ်။ အဓိပ္ပာယ်မဲ့တဲ့ အလုပ်တွေကိုမလုပ်ဘူး။
စိတ်ပျက်စရာအချစ်ရေးကြီးထဲမှာတဝဲလည်လည်ဖြစ်မနေတတ်တဲ့မိန်းကလေးမျိုးတွေရဲ့စိတ်ထားလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ မချစ်လွယ်ဘူး။
ရုပ်လေးချောတာနဲ့ ချစ်တတ်တဲ့ သူမျိုးမဟုတ်ဘူး။ ကိုယ်တကယ်ချစ်တဲ့သူ တွေ့တဲ့အထိ စောင့်တယ်။
၂။ အချစ်ကို ယုံကြည်တယ်။
သူတို့က ချစ်သူရည်းစားမရှိလည်း စိတ်ပျက်တတ်သူတွေမဟုတ်ဘူး။ ကိုယ့်ကို အမြဲစိတ်ဆင်းရဲစေတဲ့ ဒါမှမဟုတ်
မချစ်တော့တဲ့ ယောက်ျားတစ်ယောက်ကို တွယ်ဖက်မထားတတ်ဘူး။
ကိုယ့်ကို တကယ်ချစ်၊ တကယ်နားလည်ပေးနိုင်မယ်သူဆိုတာ တစ်နေ့ပေါ်လာမှာပဲလို့ ယုံကြည်မှုရှိတယ်။
၃။ အရေးကြီးတဲ့အရာတွေမှာ အလျှော့မပေးတတ်ဘူး။
ချစ်သူနဲ့ ညှိနှိုင်းသင့်တဲ့အရာတွေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်မရှိတဲ့ ချုပ်ချယ်မှုတွေ၊ တောင်းဆိုမှုတွေ ရှိလာတဲ့အခါ အလိုမလိုက်တတ်ဘူး။
၄။ တစ်ယောက်တည်းဖြစ်မှာ မကြောက်ဘူး။
သူတို့ဘဝ ပြည့်စုံစေဖို့ တခြားသူတွေကို မလိုအပ်ဘူး။ တစ်ယောက်တည်းနေလည်း ပြည့်စုံပြီးသားသူတွေပါ။
အလုပ်၊ ဝါသနာ၊ ခံယူချက်တွေနဲ့ ကိုယ့်ဘဝကိုယ် ပျော်ရွှင်နေသူဖြစ်တယ်။
တစ်ယောက်တည်းနေရမှာ မကြောက်တဲ့အတွက် ကိုယ့်အပေါ်မကောင်းလို့ကတော့ ဂျောင်းပဲ။
၅။ ကိုယ့်ရဲ့ အားသာချက်တွေကိုပဲ အာရုံစိုက်တယ်။
စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတွေကလည်း တခြားမိန်းကလေးတွေလိုပဲ အားငယ်စိတ်ရှိတတ်ကြတာပါပဲ။
ဒါပေမဲ့ အားငယ်စိတ်က အနိုင်ယူတာကို မခံဘူး။ သူတို့ရဲ့ အားသာချက်ကိုပဲ အာရုံစိုက်ပြီး ယုံကြည်မှုရှိရှိ ဘဝကို ဖြတ်သန်းတယ်။
၁။ မချစ်လွယ်ဘူး။
zsd
၂။ အချစ်ကို ယုံကြည်တယ်။
zsd2
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 03 March 2020 17:25
Rate this item
(0 votes)
Tagged under