ဘဝလက်​​တွဲ​ဖော်​ဆိုတာ

ဘဝလက်​​တွဲ​ဖော်​ဆိုတာ google.com

ဘဝလက်​တွဲ​ဖော်​ဆိုတာ အ​ပျော်​ထားအပ်​တဲ့အရာမဟုတ်​လို့ ​ဖျော်​ရည်​အတူ​သောက်​နိုင်​ရုံနဲ့ မ​ရွေးချယ်​သင့်ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ယမကာတစ်​ပုလင်းမဟုတ်​လို့ ခဏတာမူးရစ်​ချင်​ရုံအတွက်​နဲ့လည်း မ​ရွေးချယ်​သင့်ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ခဏတာအတွက်​မဟုတ်​လို့ ​တွေ့ကရာလူရှာမယ်​ စိတ်​ကူးနဲ့လည်း မ​ရွေးချယ်​သင့်​ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ အာပလာလူတစ်​​ယောက်​မဖြစ်​သင့်သလို အချစ်​သာအဓိကဆိုတဲ့စိတ်​နဲ့လည်း မ​ရွေးချယ်​သင့်ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ပညာတတ်​ဂုဏ်​ကြီးကျယ်​တဲ့ ဘွဲ့လက်​မှတ်​ရှိယုံနဲ့လည်း မ​ရွေးချယ်​သင့်ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ပစ္စည်း ဥစ္စာကြွယ်ဝ​ပြီး တိုက်တွေ ကားတွေ ပိုင်​ဆိုင်​ရုံနဲ့လည်း မ​ရွေးချယ်​သင့်ပါဘူး။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ကိုယ့်​တစ်​​ယောက်​အတွက်​ ​သေ​ဖော်​ရှင်​ဖက်​ဖြစ်​သူ မရှိအတူရှိအတူ နားလည်​မှု​ ပေးနိုင်​သူကိုသာ​ရွေးချယ်​ပါ။

 

ဘဝလက်​​တွဲ​ဖော်​ဆိုတာ မိမိရဲ့ချို့ယွင်းချက်​မှန်​သမျှကို သိသိကြီးနဲ့လုံးဝ​နောက်​ဆုတ်တွေ​ဝေသွားခြင်းဆိုတာမရှိပါဘူး။

 

နောက်​ဆုံးထွက်​သက်​ထိမိမိရဲ့လက်​ကိုရဲဝင့်စွာကိုင်​ဆွဲပြီး ဖြစ်​​ပေါ်လာသမျှ ပြဿနာ​ပေါင်းစုံကိုအတူတူ ​ဖြေရှင်း​ပေးမဲ့သူ၊ ဂရုစိုက်​မှု၊ ယုံကြည်​​ပေးမှု​တွေနဲ့ပေးဆပ်​ပြီး ထာဝရချစ်​မဲ့သူက မိမိရဲ့ဘဝလက်​တွဲ​ဖော်​စစ်​စစ်​ပါ။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ကြုံသလို ​ရွေးချယ်​လို့မရပါဘူး။ကိုယ့်ဘဝနဲ့ အံဝင်​ဂွင်​ကျ ဖြစ်​ဘို့လိုပါတယ်။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာအရမ်းချမ်းသာ​ဖို့မလိုပါဘူး ကိုယ်​နဲ့အတူချမ်းသာ​အောင် ကြိုးစားတဲ့သူဖြစ်​ဖို့သာလိုသလို ဆင်းရဲတဲ့အခါလည်း ကြံ့ကြံ့ခိုင်​ရင်​ဆိုင်​ရဲတဲ့သူဖြစ်​​ဘို့လိုပါတယ်။

 

ဘဝလက်​တွဲ​ဖော်​ဆိုတာ ပန်းချီကားတစ်​ချပ်​လိုပါပဲ ကိုယ်​တိုင်​ဖန်​တီးနိုင်​ဖို့ထက်​ ခံစားနားလည်​​ပေးတတ်​ဖို့ကပိုအ​ရေးကြီးပါတယ်။

 

 

Credit;original uploader

Read times Last modified on Tuesday, 18 September 2018 11:03
Rate this item
(1 Vote)