ကိုယ့်ချစ်သူကို တအားချစ်တတ်တဲ့မိန်းကလေးတွေသိထားသင့်သည့်အရာများ

ကိုယ့်ချစ်သူကို တအားချစ်တတ်တဲ့မိန်းကလေးတွေသိထားသင့်သည့်အရာများ google.com

တကယ်ချစ်တတ်တဲ့ မိန်းကလေးတွေဆိုတာ သူတို့စိတ်မဝင်စားရင် အရိပ်တောင်မတတ်နင်းသလိုတစ်အားကြီးချစ်မိပြီဆိုရင်တော့ အရာရာကိုပေးဆပ်အနစ်နာခံချင်လောက်အောင်ကိုယ့်ကိုယ်ကိုယ်ထက်ကိုပိုချစ်တတ်ကြတာပါပဲ။

 

 

ဒီလိုအချစ်ကြီးတဲ့ မိန်းကလေးတွေကို ပိုင်ဆိုင်ထားတဲ့ကောင်လေးတွေက ကံကောင်းတယ်လို့ဆိုလို့မရပါဘူး။ တစ်ခါတစ်ရံမှာလည်း စိတ်ရှုပ်စရာလေးတွေ နားလည်မှုလွဲတာလေးတွေအနည်းနဲ့ အများဖြစ်တတ်ကြပါတယ်။ ဘာလို့ အချစ်ကြီးတဲ့မိန်းကလေးတွေရဲ့ RS Life ကပြဿနာလေးတွေရှိတတ်ပါတယ်။

ဘယ်နေရာမှာ ဘယ်လောက်ပဲရင့်ကျက်နေပါစေ ကိုယ့်ချစ်သူကောင်လေးနဲ့ ပတ်သတ်လာရင်တော့ ကလေးဆန် သဝန်ကြောင်ကြတာကြီးပဲ။ ဒါကြောင့် တစ်ခြားမိန်းကလေးတွေနဲ့ သဝန်တိုမိတယ်။ အထင်လွဲမိမယ် စိတ်ပူမိမယ်။ ကောင်လေးဘက်ကလည်းမဟုတ်ပဲအပြောခံရတော့ ငါ့ကိုတွေ့ရာမိန်းကလေးနဲ့စွတ်စွဲတယ်။ ငါ့မှာမင်းကြောင့်အပေါင်းသင်းတွေကြားမျက်နှာပျက်ရတယ်ဆိုတဲ့ နားလည်မှုလွဲတဲ့ကိစ္စမျိုးတွေ ဖြစ်လာတတ်ပါတယ်။

 

 

ဒါကတော့သဝန်တဲ့ကိစ္စနောက်တစ်မျိုးက စိတ်ပူလွန်တဲ့ကိစ္စပါ။ မိန်းကလေးတွေက သူတို့ချစ်သူကို သူများအမြင်မှာဘာကြီးဖြစ်နေဖြစ်နေသူတို့ အမြင်မှာတော့ ထူးချွန်ကောင်းမွန်တဲ့ယောက်ျားတွေလို့ပဲမြင်တတ်ကြတယ်။ ဒါကြောင့်လည်း ဖြစ်စေချင်တဲ့ဆန္ဒတွေကြောင့် ကောင်လေးတွေကို ဘယ်လိုနေဘယ်လိုထိုင်ဘယ်လိုကြိုးစား ဘာတွေလုပ်နော်ဆိုပြီး စိုးရိမ်တစ်ကြီးနဲ့မှာတတ်ကြတယ်။ ညအိပ်ရေးပျက်ရင်လည်းကျန်းမာရေးထိခိုက်မှာဆိုးလို့ ဆေးလိပ်သောက်ရင်လည်း ရောဂါဖြစ်မှာဆိုးလို့ စသဖြင့်ပေါ့။ ဒါပင်မဲ့တစ်ဖက်စွန်းရောက်စိတ်ပူမှုတွေကြောင့်ကြိမ်ဖန်များစွာပြောလာတော့ ယောကျာ်းလေးအနေနဲ့ကလည်းမင်းကငါ့ကိုမယုံကြည်ဘူးလား၊ ငါ့ဘဝကိုလိုက်ပိတ်ပင်နေတာလားလို့တွေးတတ်ကြပါတယ်။

 

ဒီလိုနဲ့ ချစ်စရာကောင်းပြီးသဝန်တိုတဲ့ကောင်မလေးတွေကို သဝန်ကြောင်တယ် သဘောထားသေးတယ် ချုပ်ချယ်တယ်လို့ယောကျာ်းလေတွေက အထင်လွဲပြီး ကိုယ့်အပေါ်ကောင်းတဲ့ချစ်သူကောင်မလေးကိုစွန့်ခွာသွားတတ်ကြပါတယ်။ ဒါကြောင့်သိပ်ချုစ်တတ်တဲ့မိန်းကလေးတွေသိထားဖို့က ဘယ်အရာမဆိုအတိုင်းတာနဲ့ပဲပြောပါနေပါ၊ အလွန်အကျွံတစ်ဖက်စွနုးရောက်ပြောဆိုမိတဲ့အခါသဘောထားတွေကွဲလွဲပြီးအချစ်တွေလျော့ပါးသွားစေနိုင်ပါတယ်။ သေချာတာကတော့ ဒီကောင်လေးသာမင်းကိုတကယ်ချစ်ရင် မင်းရဲ့စေတနာကို အချိန်မှီနားလည်နိုင်မှာပါ။

 

 

Credit;Trend.com.mm

Read times Last modified on Friday, 14 December 2018 17:01
Rate this item
(1 Vote)