ချစ်သူတွေကြား ပြဿနာဖြစ်စေနိုင်သော အချက်များ

ချစ်သူတွေကြား ပြဿနာဖြစ်စေနိုင်သော အချက်များ google.com

ချစ်သူစုံတွဲများကို လေ့လာမှုအရ ချစ်သူစုံတွဲတွေကြား ပြဿနာဖြစ်စေနိုင်တဲ့ အချက်အများအပြားကို တွေ့ရှိခဲ့ကြပါတယ်။

မိမိချစ်သူပောာင်းနဲ့ သို့မဟုတ် လက်ရှိချစ်သူတွေနဲ့ကြား ပြဿနာတွေက ဒီအချက်လေးတွေ ကိုက်ညီရဲ့လားဆိုတာကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

မယုံကြည်ခြင်း


ချစ်သူစုံတွဲတွေကြားမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပါတယ်။ မိမိ ချစ်သူအပေါ် ယုံကြည်မပေးဘဲ စစ်လား စစ်ဆေး လုပ်နေပြီဆိုလျှင် တစ်ဖက်လူကို စိတ်ညစ်စေနိုင်ပါတယ်။

 

စိတ်မချမှုကြောင့် မေးမြန်းမှုပြုမယ်ဆိုလျှင်လဲ ချစ်သူကို စိတ်ပူပြီး ပုံမှန်မေးမြန်းတာမျိုးဘဲဖြစ်သင့်ပါတယ်။

 

နားလည်မှုမပေးခြင်း


နားလည်မှုကလည်း မရှိမဖြစ်လိုအပ်မယ့် အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ အရာရာကို နားလည်မှုရှိဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် မိမိချစ်သူအပေါ် တတ်နိုင်သမျှ နားလည်ပေးဖို့တော့ လိုအပ်မယ်ထင်ပါတယ်။

 

မိမိအပေါ် နားလည်ပေးစေချင်ပြီး မိမိဘက်ကကျတော့ နားလည်မပေးနိုင်ဘူးဆိုတာမျိုးက အချစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။

 

ဝန်တိုခြင်း

 

ကိုယ့်ချစ်သူမှာ ယောက်ျားလေးမိတ်ဆွေဖြစ်စေ မိန်းကလေးမိတ်ဆွေဖြစ်စေ ရှိနိုင်ပါတယ်။ ယင်းအပြင် အလုပ်ကိစ္စ အခြားအပြင်ကိစ္စများနဲ့ ပက်သက်ရမည့် မိတ်ဆွေများလဲ ရှိနိုင်ပါတယ်။

 

ချစ်သူစုံတွဲတွေရဲ့ ရာခိုင်နှုန်းတော်တော်များများကတော့ ဝန်တိုမှု့ကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်စေပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(3 votes)