မှဲ့တွေကနေသိနိုင်တဲ့ ကံကြမ္မာအကျိုးအကြောင်းများ

မှဲ့တွေကနေသိနိုင်တဲ့ ကံကြမ္မာအကျိုးအကြောင်းများ google

လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ မွေးရာပါ ရှိနေကြတဲ့ မှဲ့တွေကို ကြည့်ပြီး အဲသည့်လူရဲ့ ဘဝမှာ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို ပြောပြနိုင်တယ်လို့ တရုပ်ဗေဒပညာရှင်တွေ၊ ဟိန္ဒူဗေဒင်ပညာရှိကြီးတွေက ယုံကြည်ထားပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ မှဲ့တွေရဲ့ နေရာအလိုက် အဆိုးအကောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကလည်း မတူညီကြပါဘူး။

ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်က မှဲ့တွေနဲ့ တိုက်ဆိုင်စစ်ဆေးရင်း ကိုယ်ဟာ ချမ်းသာတဲ့လူဖြစ်မလား၊ အောင်မြင်တဲ့သူ ဖြစ်မလား ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ အဖြေရှာကြည့်ရအောင်..။

၁။ နဖူးရဲ့ ညာဘက်က မှဲ့

ဒီလိုမှဲ့မျိုးကို ပိုင်ဆိုင်ထားသူဟာ နာမည်ဂုဏ်သတင်း ကျော်ကြားခြင်းနဲ့ အောင်မြင်မှုတွေ ရရှိသူဖြစ်ပါတယ်။

၂။ မျက်ခုံးအောက်နားက မှဲ့

ဒီလိုမှဲ့မျိုးကို ပိုင်ဆိုင်ထားသတွေဟာ ဉာဏ်ပညာကြီးမားခြင်း၊ တီထွင်ဖန်တီးမှုတွေမှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။

၃။ မေးစေ့နဲ့ ပါးစပ်တစ်ဝိုက်နားက မှဲ့

မေးစေ့နဲ့ ပါးစပ်နား ဝန်းကျင်မှာ မှဲ့ရှိနေသူတွေက အမျိုးသမီးတွေဆိုရင် ချောမောလှပသူ အဖြစ် အများက လက်ခံထားကြသူတွေပါ။ ဒါ့အပြင် ချင့်ချိန်နိုင်စွမ်းရှိပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူတွေလည်း ဖြစ်ပါတယ်။

၄။ နှာခေါင်းပေါ်က မှဲ့

နှားခေါင်းပေါ်မှာ မှဲ့ရှိနေသူတွေဟာ မျက်နှာများတတ်သူ ဖြစ်သလို စိတ်ဆတ်သူတွေ ဖြစ်ပါတယ်။

၅။ ရင်ဘတ်မှာပေါ်က မှဲ့

ရင်ဘတ်တစ်ဝိုက်(ရင်သား) ပေါ်မှာ မှဲ့ရှိသူတွေဟာ အထက်တန်းကျကျ ဇိမ်ရှိရှိဘဝမှာ နေထိုင်လိုသူတွေဖြစ်ပေမယ့် အပျင်းထူသူတွေ ဖြစ်ပါတယ်။

၆။ လက်ချောင်းလေးတွေပေါ်က မှဲ့

လက်ချောင်းတွေပေါ်မှာ မှဲ့ရှိသူတွေက ဘဝမှာ အတားအဆီးခံရတတ်သူတွေ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် အခက်အခဲတွေ ကြုံရတတ်ပြီး မွဲပြာတာကျနိုင်သူတွေပါ။

၇။ လက်ဖဝါးပေါ်က မှဲ့

ညာဘက် လက်ဖဝါးမှာ မှဲ့ရှိသူတွေက ဘဝမှာ ချမ်းချမ်းသာသာ နေထိုင်သွားရမယ့်သူတွေ ဖြစ်ပါတယ်။ ဘယ်ဘက် လက်ဖဝါးမှာ မှဲ့ရှိသူတွေကတော့ လက်ဖွာဖွာနဲ့ အသုံးအဖြုန်းကြီးသူတွေ ဖြစ်ပါတယ်။

၈။ မျက်လုံးထဲက မှဲ့

ဒီလိုမျိုး မှဲ့ပိုင်ရှင်က အတော်လေးကိုရှားပါးပါတယ်၊ ညာဘက်မျက်လုံးထဲမှာ မှဲ့ရှိသူတွေဟာ ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ပူပင်စရာမလိုလောက်အောင် ငွေရွှင်သူတွေ ဖြစ်ပါတယ်။

အကယ်၍ မှဲ့ဟာ ဘယ်ဘက်မျက်လုံးထဲမှာ ရှိနေသူဆိုရင်တော့ စိတ်ကြီးဝင်တတ်သူ တစ်ဦးဖြစ်ပါလိမ့်မယ်။

၉။ နားရွက်က မှဲ့

နားရွက်ပေါ်က မှဲ့ဟာ ကောင်းတဲ့ နမိတ်လက္ခဏာ ဖြစ်ပါတယ်။ အကယ်၍ ညာဖက် နားရွက်မှာ မှဲ့ရှိတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ မိသားစုအပေါ် တဝန်ကျေပြီး မိသားစုအတွက် မြုတ်နှံထားသူတွေ ဖြစ်ပါတယ်။

၁၀။ ပါးပြင်ပေါ်က မှဲ့

ညာဖက်ပါးပြင်ပေါ်မှာ မှဲ့ရှိသူတွေဟာ နဲနဲလေးမှ သေးသေးတင်မခံတဲ့ စန်းစန်းတင့် သမားတွေ ဖြစ်တတ်ပါတယ်။ အကယ်၍ ဘယ်ဖက်ပါးပြင်မှာ မှဲ့ရှိနေသူဆိုရင်တော့ သင်ဟာ ဘယ်သူနဲ့မှ အရောတဝင်မနေတတ်တဲ့ သီးသန့်တစ်ကိုယ်ရည်သမား ဖြစ်ပါတယ်။

၁၁။ လည်ပင်းပေါ်က မှဲ့

လည်ပင်းရဲ့ လယ်နေရာမှာမဆို မြင်သာထင်သာတဲ့ မှဲ့တစ်လုံး ပိုင်ဆိုင်ထားသူဟာ ရုပ်ရည်ရှုပကာ သန့်ပြန့်သူတွေ ဖြစ်ပါတယ်။

၁၂။ ပခုံးပေါ်က မှဲ့

ပခုံးရဲ့ မည်သည့်ဘက်အခြမ်းမှာမဆို မှဲ့ရှိသူတွေဟာ အလုပ်တာဝန်လွန်စွာမှ ကျေပွန်သူတွေဖြစ်သလို၊ ထိုးထွင်းသိ စဉ်းစားချင့်ချိန်တတ်သူတွေဖြစ်ပြီး လက်တွေ့ဆန်သူတွေ ဖြစ်ပါတယ်။

၁၃။ ခြေဖဝါးပေါ်က မှဲ့

ခြေဖဝါးပေါ်မှာ မှဲ့ရှိသူတွေကတော့ ခရီးသွားရမယ့် အခွင့်အလမ်းတွေ အများကြီး ပေါ်လာပြီး ကမ္ဘာကြီးပေါ်က အလှဆုံးနေရာတွေကို လှည့်လည်ကြည့်ရှုရမည့်သူ ဖြစ်ပါတယ်။

၁၄။ လက်မောင်းပေါ်က မှဲ့

လက်မောင်းပေါ်မှာ မှဲ့ရှိသူတွေဟာ ရဲရင့်သူတွေဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်သူတွေ ဖြစ်ပါတယ်။

သင်ရော… ဘယ်လိုမှဲ့မျိုးတွေ ပိုင်ဆိုင်ထားသူလဲ….?

 

Zawgyi ျဖင့္ဖတ္ရန္...

လူရဲ့ ခႏၶာကိုယ္ေပၚမွာ ေမြးရာပါ ရွိေနၾကတဲ့ မွဲ႕ေတြကို ၾကည့္ၿပီး အဲသည့္လူရဲ့ ဘဝမွာ ဘာေတြျဖစ္လာနိုင္တယ္ ဆိုတာကို ေျပာျပနိုင္တယ္လို႔ တ႐ုပ္ေဗဒပညာရွင္ေတြ၊ ဟိႏၵဴေဗဒင္ပညာရွိႀကီးေတြက ယုံၾကည္ထားပါတယ္။

ခႏၶာကိုယ္ေပၚမွာ ရွိေနတဲ့ မွဲ႕ေတြရဲ့ ေနရာအလိုက္ အဆိုးအေကာင္း အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြကလည္း မတူညီၾကပါဘူး။

ကိုယ့္ရဲ့ ခႏၶာကိုယ္ေပၚက မွဲ႕ေတြနဲ႔ တိုက္ဆိုင္စစ္ေဆးရင္း ကိုယ္ဟာ ခ်မ္းသာတဲ့လူျဖစ္မလား၊ ေအာင္ျမင္တဲ့သူ ျဖစ္မလား ဘယ္လိုလူမ်ိဳး ျဖစ္မလဲဆိုတာ အေျဖရွာၾကည့္ရေအာင္..။

၁။ နဖူးရဲ့ ညာဘက္က မွဲ႕

ဒီလိုမွဲ႕မ်ိဳးကို ပိုင္ဆိုင္ထားသူဟာ နာမည္ဂုဏ္သတင္း ေက်ာ္ၾကားျခင္းနဲ႔ ေအာင္ျမင္မႈေတြ ရရွိသူျဖစ္ပါတယ္။

၂။ မ်က္ခုံးေအာက္နားက မွဲ႕

ဒီလိုမွဲ႕မ်ိဳးကို ပိုင္ဆိုင္ထားသေတြဟာ ဉာဏ္ပညာႀကီးမားျခင္း၊ တီထြင္ဖန္တီးမႈေတြမွာ ထူးခၽြန္သူေတြ ျဖစ္ပါတယ္။

၃။ ေမးေစ့နဲ႔ ပါးစပ္တစ္ဝိုက္နားက မွဲ႕

ေမးေစ့နဲ႔ ပါးစပ္နား ဝန္းက်င္မွာ မွဲ႕ရွိေနသူေတြက အမ်ိဳးသမီးေတြဆိုရင္ ေခ်ာေမာလွပသူ အျဖစ္ အမ်ားက လက္ခံထားၾကသူေတြပါ။ ဒါ့အျပင္ ခ်င့္ခ်ိန္နိုင္စြမ္းရွိၿပီး ေအာင္ျမင္တဲ့ဘဝကို ပိုင္ဆိုင္ထားသူေတြလည္း ျဖစ္ပါတယ္။

၄။ ႏွာေခါင္းေပၚက မွဲ႕

ႏွားေခါင္းေပၚမွာ မွဲ႕ရွိေနသူေတြဟာ မ်က္ႏွာမ်ားတတ္သူ ျဖစ္သလို စိတ္ဆတ္သူေတြ ျဖစ္ပါတယ္။

၅။ ရင္ဘတ္မွာေပၚက မွဲ႕

ရင္ဘတ္တစ္ဝိုက္(ရင္သား) ေပၚမွာ မွဲ႕ရွိသူေတြဟာ အထက္တန္းက်က် ဇိမ္ရွိရွိဘဝမွာ ေနထိုင္လိုသူေတြျဖစ္ေပမယ့္ အပ်င္းထူသူေတြ ျဖစ္ပါတယ္။

၆။ လက္ေခ်ာင္းေလးေတြေပၚက မွဲ႕

လက္ေခ်ာင္းေတြေပၚမွာ မွဲ႕ရွိသူေတြက ဘဝမွာ အတားအဆီးခံရတတ္သူေတြ ျဖစ္ပါတယ္။ ဘာပဲလုပ္လုပ္ အခက္အခဲေတြ ၾကဳံရတတ္ၿပီး မြဲျပာတာက်နိုင္သူေတြပါ။

၇။ လက္ဖဝါးေပၚက မွဲ႕

ညာဘက္ လက္ဖဝါးမွာ မွဲ႕ရွိသူေတြက ဘဝမွာ ခ်မ္းခ်မ္းသာသာ ေနထိုင္သြားရမယ့္သူေတြ ျဖစ္ပါတယ္။ ဘယ္ဘက္ လက္ဖဝါးမွာ မွဲ႕ရွိသူေတြကေတာ့ လက္ဖြာဖြာနဲ႔ အသုံးအျဖဳန္းႀကီးသူေတြ ျဖစ္ပါတယ္။

၈။ မ်က္လုံးထဲက မွဲ႕

ဒီလိုမ်ိဳး မွဲ႕ပိုင္ရွင္က အေတာ္ေလးကိုရွားပါးပါတယ္၊ ညာဘက္မ်က္လုံးထဲမွာ မွဲ႕ရွိသူေတြဟာ ေငြေရးေၾကးေရးနဲ႔ ပက္သက္ရင္ ပူပင္စရာမလိုေလာက္ေအာင္ ေငြရႊင္သူေတြ ျဖစ္ပါတယ္။

အကယ္၍ မွဲ႕ဟာ ဘယ္ဘက္မ်က္လုံးထဲမွာ ရွိေနသူဆိုရင္ေတာ့ စိတ္ႀကီးဝင္တတ္သူ တစ္ဦးျဖစ္ပါလိမ့္မယ္။

၉။ နားရြက္က မွဲ႕

နားရြက္ေပၚက မွဲ႕ဟာ ေကာင္းတဲ့ နမိတ္လကၡဏာ ျဖစ္ပါတယ္။ အကယ္၍ ညာဖက္ နားရြက္မွာ မွဲ႕ရွိတယ္ဆိုရင္ေတာ့ အဲဒီပုဂၢိဳလ္ဟာ မိသားစုအေပၚ တဝန္ေက်ၿပီး မိသားစုအတြက္ ျမဳတ္ႏွံထားသူေတြ ျဖစ္ပါတယ္။

၁၀။ ပါးျပင္ေပၚက မွဲ႕

ညာဖက္ပါးျပင္ေပၚမွာ မွဲ႕ရွိသူေတြဟာ နဲနဲေလးမွ ေသးေသးတင္မခံတဲ့ စန္းစန္းတင့္ သမားေတြ ျဖစ္တတ္ပါတယ္။ အကယ္၍ ဘယ္ဖက္ပါးျပင္မွာ မွဲ႕ရွိေနသူဆိုရင္ေတာ့ သင္ဟာ ဘယ္သူနဲ႔မွ အေရာတဝင္မေနတတ္တဲ့ သီးသန႔္တစ္ကိုယ္ရည္သမား ျဖစ္ပါတယ္။

၁၁။ လည္ပင္းေပၚက မွဲ႕

လည္ပင္းရဲ့ လယ္ေနရာမွာမဆို ျမင္သာထင္သာတဲ့ မွဲ႕တစ္လုံး ပိုင္ဆိုင္ထားသူဟာ ႐ုပ္ရည္ရႈပကာ သန႔္ျပန႔္သူေတြ ျဖစ္ပါတယ္။

၁၂။ ပခုံးေပၚက မွဲ႕

ပခုံးရဲ့ မည္သည့္ဘက္အျခမ္းမွာမဆို မွဲ႕ရွိသူေတြဟာ အလုပ္တာဝန္လြန္စြာမွ ေက်ပြန္သူေတြျဖစ္သလို၊ ထိုးထြင္းသိ စဥ္းစားခ်င့္ခ်ိန္တတ္သူေတြျဖစ္ၿပီး လက္ေတြ႕ဆန္သူေတြ ျဖစ္ပါတယ္။

၁၃။ ေျခဖဝါးေပၚက မွဲ႕

ေျခဖဝါးေပၚမွာ မွဲ႕ရွိသူေတြကေတာ့ ခရီးသြားရမယ့္ အခြင့္အလမ္းေတြ အမ်ားႀကီး ေပၚလာၿပီး ကမၻာႀကီးေပၚက အလွဆုံးေနရာေတြကို လွည့္လည္ၾကည့္ရႈရမည့္သူ ျဖစ္ပါတယ္။

၁၄။ လက္ေမာင္းေပၚက မွဲ႕

လက္ေမာင္းေပၚမွာ မွဲ႕ရွိသူေတြဟာ ရဲရင့္သူေတြျဖစ္ၿပီး ဆုံးျဖတ္ခ်က္ေတြကို မွန္မွန္ကန္ကန္ ခ်နိုင္သူေတြ ျဖစ္ပါတယ္။

သင္ေရာ… ဘယ္လိုမွဲ႕မ်ိဳးေတြ ပိုင္ဆိုင္ထားသူလဲ….?

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 18 February 2020 16:31
Rate this item
(4 votes)
Tagged under