အချစ်ရေးမှာချစ်သူထက်ကိုယ့်ကိုယ်ကိုပိုဦးစားပေးသင့်တဲ့အကြောင်းအချက် (၅)ချက်

အချစ်ရေးမှာချစ်သူထက်ကိုယ့်ကိုယ်ကိုပိုဦးစားပေးသင့်တဲ့အကြောင်းအချက် (၅)ချက် google.com

အချစ်ရေးမှာအတ္တတွေ ရှေ့တန်းမတင်မှ ပျော်ရွှင်ရမယ်လို့ပြောကြပေမယ့် တခါတရံမှာတော့ ကိုယ့်အတွက်ကိုယ်ပဲ ဦးစားပေးစဉ်းစားသင့်ရင် စဉ်းစားရမှာပါ။

ပျိုမေတို့ အတ္တတွေကို ရှေ့တန်းတင်သင့်တဲ့အကြောင်းရင်းလေးတွေကို ဖတ်ကြည့်လိုက်ဦးနော်။

 

() ကိုယ်တိုင်အဆင်ပြေမှ ဘေးလူတွေကိုအဆင်ပြေအောင်ထားနိုင်မယ်

 

ဘယ်နေရာမှာမဆို ကိုယ်ကိုယ်တိုင်အဆင်မပြေဘဲ တခြားသူတွေအဆင်ပြေအောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဘာကိုပဲလုပ်လုပ် ကိုယ်အဆင်ပြေဖို့ ဦးစားပေးပါ။

 

 

() လက်ရှိချစ်သူနဲ့မဆုံခင်တုန်းကအတိုင်းကြံ့ခိုင်မယ်

 

မိန်းကလေးတစ်ယောက်က ချစ်သူမရှိခင်ကနဲ့ ရှိပြီးတဲ့အချိန်နဲ့မတူပါဘူး။ ချစ်သူရှိတဲ့အခါ ချစ်သူကိုအားကိုးချင်စိတ်ပိုဖြစ်လာပြီး နဂိုကရှိခဲ့တဲ့ ကြံ့ခိုင်မှုတွေ တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုပိုဦးစားပေးစဉ်းစားတတ်မယ်ဆိုရင်တော့ အဲ့ဒီလိုမဖြစ်တော့ပါဘူး။ ဒါဆို အကြောင်းအမျိုးမျိုးကြောင့်သူနဲ့ ခွဲရတဲ့အခါတွေမှာ အထီးကျန်အားငယ်တာမျိုးမဖြစ်တော့ဘူးပေါ့။

 

 

() နှစ်ယောက်ပေါင်းမှတစ်ဘ၀ဖြစ်တယ်ဆိုတာ လိမ်ညာမှုဆိုတာသိထားပါ

 

ဘယ်လောက်ပဲလူနှစ်ယောက်ပေါင်းပြီး ဘ၀တစ်ခုတည်ထောင်တယ်ပြောပြော ဒီလူနှစ်ယောက်က တစ်သက်လုံးပေါင်းသွားတာမျိုးလည်းဖြစ်နိုင်သလို အချိန်မရွေးလည်းကွဲသွားနိုင်တာကြောင့် အဲ့ဒီ နှစ်ယောက်တစ်ဘ၀ဆိုတာကြီးကို ခေါင်းထဲကထုတ်ထားပါ။ မဟုတ်ရင် နှစ်ယောက်တစ်ဘ၀ထဲက တစ်ယောက်လည်းထွက်သွားရော ကိုယ့်အတွက် ဘ၀တစ်ခြမ်းထဲကျန်ခဲ့ပြီး အခက်အခဲများစွာကြုံရပါလိမ့်မယ်။

 

 

() ကိုယ်ရည်ကိုယ်သွေးမြင့်လာမယ်

 

ကိုယ့်ကိုယ်ကို ဦးတည်ပြီးစဉ်းစားမှတော့ ကိုယ်ရည်ကိုယ်သွေးမမြင့်လာမှာမပူပါနဲ့။ ကိုယ်ရည်ကိုယ်သွေးမြင့်လာတဲ့အခါ ယုံကြည်မှုပိုရှိလာမယ်။ ဘ၀မှာ ပိုမိုပျော်ရွှင်လာပါလိမ့်မယ်။

 

 

() သင့်ရဲ့ပျော်ရွှင်မှုဟာ မိသားစုရဲ့ပျော်ရွှင်မှု၊ ချစ်သူရဲ့ပျော်ရွှင်မှုလို့မှတ်ထားပါ

 

ဒါက အပေါ်ဆုံးကအချက်နဲ့ သဘောတရားတူပါတယ်။ ကိုယ်တိုင်မပျော်ရွှင်ဘဲ ဘေးကဘယ်သူ့ကိုမှပျော်အောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပျော်ရွှင်တဲ့အခါ ကျန်တဲ့အရာတွေမှာလည်း အလိုလိုအဆင်ပြေသွားမှာဖြစ်ပြီး ဘေးနားကလူတွေကိုလည်း ပျော်ရွှင်အောင်လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုနေရာတွေမှာ အတ္တကြီးကိုကြီးသင့်ပါတယ်။

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)