ကိုယ့်ကို ပိုပြီး ချစ်ဖို့အတွက် အချက်များ - ၂

ကိုယ့်ကို ပိုပြီး ချစ်ဖို့အတွက် အချက်များ - ၂ google.com

ချစ်သူ ရည်းစား ဖြစ်ရတာက ပရိယာယ်ဆန်လှ ပါတယ်။ တစ်ခါတစ်ရံမှာ

မိန်းကလေးတွေက သူတို့ကိုယ်တိုင်ဖွင့်မပြောပဲနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိနေတာမျိုး လိုချင်မျှော်လင့်တတ်ကြပါတယ်။ အောက်တွင် ကိုယ့်ကို ပိုပြီး ချစ်စေဖို့အတွက် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ချစ်သူ သက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်စီရဲ့ ကောင်းကွက် တွေရော ဆိုးကွက် တွေကိုပါ တွေ့လာမှာ ဖြစ်ပါတယ်။

 

တစ်ခါတစ်ရံမှာ ချစ်သူကို မုန်းရင်တောင် မုန်းနေနိုင်ပါတယ်။ ဒါပေမယ့် ရန်ဖြစ်စကားများကြတဲ့အခါတိုင်းမှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ၊ ချစ်သူရဲ့ ကောင်းကွက်လေးတွေကိုပဲ စိတ်ထဲမှာ တွေးထားပါ။

 

ပြီးတော့ သင့်ချစ်သူရဲ့ မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို တွေးမိတဲ့အချိန်တိုင်းမှာ ကျေနပ်ပျော်ရွှင်စရာကိစ္စတွေကိုပဲ တွေးပြီး ကျန်တာတွေကို စိတ်ထဲကထုတ်ထားလိုက်ပါ။

 

ဒီလိုဆိုရင် သင်တို့နှစ်ယောက်စလုံးအတွက် ကျေနပ်ပျော်ရွှင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 

သူမဆီက ဖုန်းဆက်ရင် အမြဲတမ်းကိုင်ပါ။ သူမဟာ သင့်အတွက် အရေးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး ဘယ်ကိစ္စကမှ သူမထက် အရေးမကြီးဘူးဆိုတာကို သိသွားစေရန်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:55
Rate this item
(5 votes)