ကောင်မလေးတွေအတွက် အချစ်ရေးကံကောင်းတဲ့ အချက်များ - ၂

ကောင်မလေးတွေအတွက် အချစ်ရေးကံကောင်းတဲ့ အချက်များ - ၂ google.com

မိန်းကလေးတိုင်းကတော့ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ကို

ဂရုစိုက်မှု၊ ပျော်ရွှင်မှုတွေ ပေးနိုင်ပြီး သစ္စာရှိတဲ့လူနဲ့ပဲ ဆုံဆည်းချင်မှာပါ။

 

ကိုယ်နဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော အပေါင်းအသင်းတွေကြားမှာပါ သင့်ကို ၀ိုင်းပြီး အားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

 

လိုအပ်ချက်ကို သိနေခြင်း

 

သင့်ကောင်လေးက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကို အမြဲသိချင်နေတဲ့သူမျိုးဖြစ်ပါတယ်။ သိဖို့အတွက်လည်း သူက အမြဲအကဲခတ်နေပါတယ်။

 

ထို့ကြောင့်မို့ သင့်ဘက်က လိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုစရာမလိုဘဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုအပ်ချက်ကို လုပ်ပေးနှင့်ပြီးသား ဖြစ်နေတတ်ပါတယ်။

 

အပြစ်မမြင်ဘဲ ချစ်နေခြင်း

 

သင့်ကောင်လေးက သူ့ကောင်မလေးကို လှနေတဲ့သူတစ်ယောက်မို့ သူက ချစ်တာမဟုတ်ပါဘူး။ သင်က ၀နေရင်တောင် ၀တာလေးက ချစ်ဖို့ကောင်းနေတယ်လို့ ထင်နေတဲ့ သူမျိုးကို ဆိုလိုပါတယ်။

 

သင့်မျက်နှာမှာ ၀က်ခြံတွေများနေလို့ မှန်မကြည့်ချင်ဘူးဆိုရင်တောင် သင့်မျက်နှာ သူက တစိမ့်စိမ့်ကြည့်နေပြီး ၀က်ခြံလေးတွေကို မမြင်ဘဲ လှနေတယ်လို့ မြင်ပေးမယ့် သူမျိုးကို ဆိုလိုပါတယ်။

 

နေ့ရက်တိုင်းကို အတူဖြတ်သန်းခြင်း

 

နှစ်ယောက်ရဲ့အထိမ်းအမှတ်နေ့ရက်တွေကို သူက သင်နဲ့အတူတူဖြတ်သန်းချင်ကြပါတယ်။ သူက စိတ်ညစ်စရာ အရာတွေသာ သင့်ကို မပြောပြချင်နေမယ် ပျော်ရွှင်စရာကိစ္စ ၀မ်းသာစရာကိစ္စတွေရှိလာတဲ့အခါကျရင် သင့်ကို ပထမဆုံး ပြောပြပြီး အပျော်တွေကို မျှဝေချင်တဲ့ သူမျိုးကို ဆိုလိုပါတယ်။

 

အဲဒီလိုကောင်လေးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သင့်ဘက်ကလည်း သူ့ကို အပြည့်အ၀နားလည်မှုပေးနိုင်တဲ့ ချစ်သူမျိုးဖြစ်အောင် လုပ်ဖို့တော့ လိုအပ်ပါမယ်။

 

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(2 votes)