Relationship တစ်ခုကို ခိုင်မြဲစေဖို့ ရိုးရှင်းတဲ့ အပြုအမူလေးများ

Relationship တစ်ခုကို ခိုင်မြဲစေဖို့ ရိုးရှင်းတဲ့ အပြုအမူလေးများ google.com

တခါတရံမှာ ကိုယ်လုပ်ချင်တာက သူမကြိုက်တာမျိုးဖြစ်နေတတ်တယ်။ဒီလိုပဲ သူလုပ်ချင်တာကလည်း ကိုယ်မကြိုက်တာမျိုးဖြစ်တတ်တယ်။

ဒါပေမယ့် ဒီလိုကိစ္စလေးတွေမှာတယောက်နဲ့တယောက် ဘယ်လိုအခြေအနေမျိုးက ငါတို့ကြားအဆင်ပြေတယ်လို့ ညှိနှိုင်းကြတာမျိုးလေးတွေလုပ်ရပါလိမ့်မယ်။ကိုယ့်အတ္တတွေလျော့ပြီး သူရဲ့နေရာမှာဝင်ခံစားကြည့်တာ မျိုးလေးတွေပေါ့။

တယောက်နဲ့တယောက် ယုံကြည်မှု့မရှိဘဲ ပျော်ရွှင်ချမ်းမြေ့မှု့ကိုတည်ဆောက်လို့မရပါဘူး။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး သံသယစိတ်တွေမထားနဲ့ ၊ လျှို့ဝှက်ချက်တွေမထားသင့်ဘူးလို့ဆိုလိုတာပါ။

 

ကိုယ်ချစ်ခင်မြတ်နိးရတဲသူမှာ ကြိုက်နှစ်သက်တဲ့အရာလေးတွေရှိတတ်တယ်လေ။ဒါလေးတွေကိုမှတ်ထားပြီး သူအံသြဝမ်းသာအောင် သူတို့နှစ်သက်တဲ့သဘောကျတဲ့ဟာလေးတွေကိုလက်ဆောင်ပေးတာတို့ တစ်ယောက်နဲ့တစ်ယောက်အမှတ်တရတွေထဲက ပျော်စရာကောင်းတာမျိုးလေးတွေကို ပြန်ပြောတာမျိုး၊ သူမထင်မှတ်ထားတဲ့ ကြည်နူးဖွယ်အပြုမူလေးတွေက တကယ်ကိုပျော်ရွင်စေပါတယ်။နေမကောင်းဖြစ်တာ၊ကိုယ်လက်မအီဖြစ်တာတွေ၊ အလုပ်ခွင်မှာ စိတ်ဖိစီးမှု့တွေကြောင့် အထီးကျန်သလိုခံစားရချိန်တွေမှာ ဖေးမပြောဆိုတာတွေ လုပ်ဆောင်ပေးတာလေးတွေပေါ့၊။

 

ကိုယ့်မြတ်နိုးရတဲ့သူလေးအတွက် သူရဲ့ကိုယ်ပိုင်ယုံကြည်မှုဖြစ်စေဖို့ တချို့အရာတွေမှာလိုက်လံလုပ်ဆောင်ပေးဖို့ ငြင်းဆန်ပေးတာလေးတွေလုပ်ပေးရမယ်။.ငြင်းဆန်ပေးခြင်းဒီလိုပြောလို့ လိုက်ပြီးငြင်းခုန်စေတာမဟုတ်ဘူးနော်၊ တခါတရံမှာ ကိုယ်လိုချင်တာသူလိုချင်တာ မဖြစ်နိုင်တာထက်ကို ဒုက္ခဖြစ်စေ၊ အခက်အခဲဖြစ်စေမယ့်အခါမျိုးတွေမှာ ကိုယ့်ရဲ့လက်တွေဖော်ကိုပိုပြီး စဉ်းစားတွေးတောစေဖို့လုပ်ပေးပါ။

 

တခါတရံမှာ ဘယ်လောက်ပဲအလုပ်ရှုပ်လို့ သူမအနားမကပ်နိုင်တဲ့ အချိန်တွေများနေသော်လည်း စဉ်းစားစရာ ၊ကျေနပ်နှစ်သိမ့်ပေးဖို့အတွက် လိုအပ်ပါတယ်။လူတိုင်းအချိန်ပြည့်မအားကြပါဘူး။ဒါပေမယ့်တစ်ပတ်မှာတစ်ခါတော့ သူကြိုက်တတ်တာလေးတွေ သီချင်းလေးတွေ ဟာသလေးတွေပြောပြီးအချိန်လေးတွေ ဖန်တီးပေးပါ။ တခါတရံမှာ မထင်မှတ်ပဲဟန်ဆောင်မှုကင်းတဲ့ဓါတ်ပုံလေးတွေရိုက်ပါ။

 

ဒီလိုပဲ ကိုယ့်အတွက်အမှတ်တရလေးတွေကို အမှတ်မထင်ရိုက်တဲ့ပုံလေးတွေကနေဖန်တီးတတ်ပါစေ။ဒီတစ်ချက်ကတော့ သူ့ကိုလည်းကူရာရောက်သလို တစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်ကြည်နူးမှု့တွေဖန်တီးစေပါတယ်။တခါတရံမှာ ကိုယ့်ရဲ့လက်တွဲဖော်က အလုပ်မှာမကျေနပ်တာလေးတွေ အဆင်ပြေမပြေတာလေးတွေပြောပြတိုင်းစိတ်ရှည်လက်ရှည်နားထောင်ပေးခြင်း ၊အကြံပြုခြင်းတွေက တကယ်ကိုအကျိုးရှိစေပါတယ်။

 

 

Credit;Chan Myae Aung

Read times Last modified on Tuesday, 18 September 2018 11:06
Rate this item
(1 Vote)