ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ်သစ္စာရှိမရှိဆိုတာ

ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ်သစ္စာရှိမရှိဆိုတာ google

ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ်သစ္စာရှိမရှိဆိုတာ ချက်ချင်းဆုံးဖြတ်လို့ရတဲ့အရာမျိုးမဟုတ်ဘဲ

အချိန်တွေအကြာကြီးအတူတူဖြတ်သန်းပြီးမှသိနိုင်တာမျိုးပါ။

ကိုယ့်အပေါ်သစ္စာရှိတဲ့သူပါလို့သေချာပေါက်ပြောလို့မရပေမယ့် သူဟာကိုယ့်အပေါ်သစ္စာမဖောက်မယ့်သူဆိုတာကိုတော့

ဒီအချက်တွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

(၁) သင့်အပေါ် အစစအရာရာ ရိုးသားတယ်

အသေးအမွှားလေးတွေကအစ မရိုးသားတဲ့သူဟာ ကြီးမားတဲ့ကိစ္စတွေမှာရိုးသားဖို့မဖြစ်နိုင်တော့ပါဘူး။

သူကတော့ သင့်အပေါ် အသေးအမွှားလေးတွေကအစရိုးသားတယ်ဆိုရင် သူကသစ္စာရှိတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။

(၂) မပြောင်းလဲဘူး

စတွေ့တုန်းကတော့ အသေးစိတ်ကအစဂရုစိုက်ပြီး အလွန်အကျွံကောင်းပြနေပေမယ့် ကြာလာလေ

ကိုယ့်အပေါ်စိတ်မဝင်စားလေ၊ ဂရုမစိုက်လေဖြစ်လာမယ်ဆိုရင်တော့ သူပြောင်းလဲလာတာ အသိသာကြီးပါ။

စတွေ့တုန်းကနေလက်ရှိအချိန်ထိ မပြောင်းလဲဘူးဆိုတာကလည်း သူ့စိတ်တည်ငြိမ်မှုကိုသိနိုင်ပါတယ်။

(၃) သင့်အပေါ်ပွင့်လင်းတယ်

လျှို့ဝှက်ချက်တွေမရှိဘူး၊ သူနဲ့ပတ်သက်တဲ့အကောင်း၊အဆိုးတွေအားလုံးကို ထိန်ချန်ထားတာမရှိဘဲ ပွင့်လင်းတယ်။

သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သူများပြောမှသိရတာမျိုးမရှိဘူး၊ သူကိုယ်တိုင်ပဲပွင့်ပွင့်လင်းလင်းပြောပြတယ်၊

အတိတ်ကိုဖုံးကွယ်ထားတာမျိုးမရှိဘူး။

(၄) ချစ်ကြောင်းပြဖို့ဝန်မလေးဘူး

ချစ်တော့ချစ်တယ် ထုတ်မပြတတ်ဘူးဆိုတာ အလကားပါ။ ချစ်တဲ့အကြောင်းကို အပြောနဲ့ပဲဖြစ်ဖြစ်၊ လုပ်ရပ်တွေနဲ့ပဲဖြစ်ဖြစ်သက်သေပြတတ်ရမှာပေါ့။

အမြဲတမ်းစိတ်ပူနေတာ၊ဂရုစိုက်တာ၊အဆင်မပြေတာတွေအတွက် အကူအညီဖြစ်ပေးတာ၊ ချစ်တဲ့အကြောင်းပြောတာ စသဖြင့် တစ်ခုခုတော့ရှိသင့်ပါတယ်။

ချစ်တော့ချစ်တယ် ဒါကိုလုံးဝမဖော်ပြတတ်ဘူးဆိုတာကတော့ ဖြစ်ကိုမဖြစ်သင့်တာပါ။

ချစ်တဲ့အကြောင်းကို ထုတ်ဖော်ပြသတတ်တဲ့သူတွေက သစ္စာဖောက်နိုင်ချေနည်းတယ်လို့ပြောလို့ရပြီး ဖာသိဖာသာနေတတ်တဲ့သူတွေက သစ္စာဖောက်နိုင်ချေပိုများပါတယ်။

(၅) သဝန်တိုရင်တိုမယ် သဝန်မကြောင်ဘူး

ကိုယ်ချစ်တဲ့သူကို သဝန်မတိုဘဲတော့ဘယ်သူမှမနေပါဘူး၊ အနည်းနဲ့အများတော့ သဝန်တိုကြတာပါပဲ။

ဒါပေမယ့် မြင်သမျှလူနဲ့ပေးစားတာ၊ အဝတ်အစားဝတ်တာကအစ အသည်းအသန်လိုက်ပိတ်ပင်တာတွေ၊ ချုပ်ချယ်လွန်းတာတွေကတော့သဝန်ကြောင်တာဖြစ်သွားပါပြီ။

အဲ့လို အလွန်အမင်းသဝန်ကြောင်တတ်တဲ့သူတွေက သူတို့ကိုယ်တိုင်လည်းအလိမ်အညာတွေများလွန်းပြီး

မရိုးသားတဲ့သူတွေဖြစ်လို့ သူများကို မယုံသင်္ကာစိတ်တွေ များနေတာပါ။ ဒီလိုမျိုး သဝန်မကြောင်တတ်ဘူးဆိုရင်တော့ သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်နိုင်ချေပိုများပါတယ်။

(၆) ဘယ်ကိစ္စမှာမှ သင့်ကို ချန်လှပ်မထားဘူး

တစ်ယောက်နဲ့တစ်ယောက်ကျင်လည်ကြတဲ့နယ်ပယ်ချင်း၊ အလုပ်ချင်းတူချင်မှတူမှာပါ။

ဒါပေမယ့် သူကတော့ သင့်ကို သူနဲ့ပတ်သက်တဲ့နေရာတိုင်းကို ရင်းနှီးကျွမ်းဝင်အောင်မိတ်ဆက်ပေးတယ်၊ သူ့ရဲ့ activities တွေမှာပါဝင်စေတယ်၊

ဒါကိုကြည့်ခြင်းဖြင့် သင့်အပေါ်သူ့ရဲ့အလေးထားမှုကိုသိနိုင်ပြီး၊ သူ့မှာဖုံးကွယ်ထားတာတွေမရှိဘူးလို့လည်း ယူဆနိုင်ပါတယ်။

(၇) သင့်ရဲ့အမြင်ကိုအလေးထားတယ်

ဒါတွေမင်းနားမလည်ပါဘူး၊ မင်းနဲ့မဆိုင်ပါဘူး ဆိုတဲ့အထင်သေးစကားမျိုးမပြောဘူး၊

သင့်ရဲ့အမြင်၊သင်ပြောတဲ့အကြံဉာဏ်ကအသုံးဝင်သည်ဖြစ်စေ၊မဝင်သည်ဖြစ်စေ တလေးတစားနားထောင်တယ်၊ သေချာစဉ်းစားပေးတယ်။

ဒီလိုမျိုးတစ်ဖက်လူကိုလေးစားတတ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုလည်းလေးစားတတ်တာကြောင့် သူများအပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုးကို မလုပ်ပါဘူး။

(၈) သူတို့စိတ်ထဲမှာ သင်အမြဲရှိတယ်

သတိရတယ်၊လွမ်းတယ်လို့အချိန်တိုင်းပြောမနေရင်တောင် သင်နဲ့လိုက်တဲ့အဝတ်အစားတွေ့လို့ဝယ်ထားတာမျိုး၊

သင်ကြိုက်တဲ့အစားအစာတွေဝယ်လာတာမျိုး၊ သင်ပြောဖူးတဲ့စကားတွေကိုမှတ်မိနေတာမျိုး စသဖြင့်

သူတို့စိတ်ထဲမှာ သင်အမြဲရှိနေတာက ချစ်တယ်လို့တဖွဖွပြောနေတာထက်ပိုပြီးယုံရပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္အေပၚသစၥာရွိမရွိဆိုတာ ခ်က္ခ်င္းဆံုးျဖတ္လို႕ရတဲ့အရာမ်ိဳးမဟုတ္ဘဲ

အခ်ိန္ေတြအၾကာၾကီးအတူတူျဖတ္သန္းျပီးမွသိနိုင္တာမ်ိဳးပါ။

ကိုယ့္အေပၚသစၥာရွိတဲ့သူပါလိို႕ေသခ်ာေပါက္ေျပာလို႕မရေပမယ့္ သူဟာကိုယ့္အေပၚသစၥာမေဖာက္မယ့္သူဆိုတာကိုေတာ့

ဒီအခ်က္ေတြကိုၾကည့္ျပီး ခန္႕မွန္းနိုင္ပါတယ္။

(၁) သင့္အေပၚ အစစအရာရာ ရိုးသားတယ္

အေသးအမႊားေလးေတြကအစ မရိုးသားတဲ့သူဟာ ၾကီးမားတဲ့ကိစၥေတြမွာရိုးသားဖို႕မျဖစ္နိုင္ေတာ့ပါဘူး။

သူကေတာ့ သင့္အေပၚ အေသးအမႊားေလးေတြကအစရိုးသားတယ္ဆိုရင္ သူကသစၥာရွိတဲ့သူတစ္ေယာက္ျဖစ္နိုင္ပါတယ္။

(၂) မေျပာင္းလဲဘူး

စေတြ႕တုန္းကေတာ့ အေသးစိတ္ကအစဂရုစိုက္ျပီး အလြန္အကြ်ံေကာင္းျပေနေပမယ့္ ၾကာလာေလ

ကိုယ့္အေပၚစိတ္မဝင္စားေလ၊ ဂရုမစိုက္ေလျဖစ္လာမယ္ဆိုရင္ေတာ့ သူေျပာင္းလဲလာတာ အသိသာၾကီးပါ။

စေတြ႕တုန္းကေနလက္ရွိအခ်ိန္ထိ မေျပာင္းလဲဘူးဆိုတာကလည္း သူ႕စိတ္တည္ျငိမ္မႈကိုသိနိုင္ပါတယ္။

(၃) သင့္အေပၚပြင့္လင္းတယ္

လွ်ိဳ႕ဝွက္ခ်က္ေတြမရွိဘူး၊ သူနဲ႕ပတ္သက္တဲ့အေကာင္း၊အဆိုးေတြအားလံုးကို ထိန္ခ်န္ထားတာမရွိဘဲ ပြင့္လင္းတယ္။

သူနဲ႕ပတ္သက္တဲ့အေၾကာင္းအရာေတြကို သူမ်ားေျပာမွသိရတာမ်ိဳးမရွိဘူး၊ သူကိုယ္တိုင္ပဲပြင့္ပြင့္လင္းလင္းေျပာျပတယ္၊

အတိတ္ကိုဖံုးကြယ္ထားတာမ်ိဳးမရွိဘူး။

(၄) ခ်စ္ေၾကာင္းျပဖို႕ဝန္မေလးဘူး

ခ်စ္ေတာ့ခ်စ္တယ္ ထုတ္မျပတတ္ဘူးဆိုတာ အလကားပါ။ ခ်စ္တဲ့အေၾကာင္းကို အေျပာနဲ႕ပဲျဖစ္ျဖစ္၊ လုပ္ရပ္ေတြနဲ႕ပဲျဖစ္ျဖစ္သက္ေသျပတတ္ရမွာေပါ့။

အျမဲတမ္းစိတ္ပူေနတာ၊ဂရုစိုက္တာ၊အဆင္မေျပတာေတြအတြက္ အကူအညီျဖစ္ေပးတာ၊ ခ်စ္တဲ့အေၾကာင္းေျပာတာ စသျဖင့္ တစ္ခုခုေတာ့ရွိသင့္ပါတယ္။

ခ်စ္ေတာ့ခ်စ္တယ္ ဒါကိုလံုးဝမေဖာ္ျပတတ္ဘူးဆိုတာကေတာ့ ျဖစ္ကိုမျဖစ္သင့္တာပါ။

ခ်စ္တဲ့အေၾကာင္းကို ထုတ္ေဖာ္ျပသတတ္တဲ့သူေတြက သစၥာေဖာက္နိုင္ေခ်နည္းတယ္လို႕ေျပာလို႕ရျပီး ဖာသိဖာသာေနတတ္တဲ့သူေတြက သစၥာေဖာက္နိုင္ေခ်ပိုမ်ားပါတယ္။

(၅) သဝန္တိုရင္တိုမယ္ သဝန္မေၾကာင္ဘူး

ကိုယ္ခ်စ္တဲ့သူကို သဝန္မတိုဘဲေတာ့ဘယ္သူမွမေနပါဘူး၊ အနည္းနဲ႕အမ်ားေတာ့ သဝန္တိုၾကတာပါပဲ။

ဒါေပမယ့္ ျမင္သမွ်လူနဲ႕ေပးစားတာ၊ အဝတ္အစားဝတ္တာကအစ အသည္းအသန္လိုက္ပိတ္ပင္တာေတြ၊ ခ်ဳပ္ခ်ယ္လြန္းတာေတြကေတာ့သဝန္ေၾကာင္တာျဖစ္သြားပါျပီ။

အဲ့လို အလြန္အမင္းသဝန္ေၾကာင္တတ္တဲ့သူေတြက သူတို႕ကိုယ္တိုင္လည္းအလိမ္အညာေတြမ်ားလြန္းျပီး

မရိုးသားတဲ့သူေတြျဖစ္လို႕ သူမ်ားကို မယံုသကၤာစိတ္ေတြ မ်ားေနတာပါ။ ဒီလိုမ်ိဳး သဝန္မေၾကာင္တတ္ဘူးဆိုရင္ေတာ့ သစၥာရွိတဲ့သူတစ္ေယာက္ျဖစ္နိုင္ေခ်ပိုမ်ားပါတယ္။

(၆) ဘယ္ကိစၥမွာမွ သင့္ကို ခ်န္လွပ္မထားဘူး

တစ္ေယာက္နဲ႕တစ္ေယာက္က်င္လည္ၾကတဲ့နယ္ပယ္ခ်င္း၊ အလုပ္ခ်င္းတူခ်င္မွတူမွာပါ။

ဒါေပမယ့္ သူကေတာ့ သင့္ကို သူနဲ႕ပတ္သက္တဲ့ေနရာတိုင္းကို ရင္းႏွီးကြ်မ္းဝင္ေအာင္မိတ္ဆက္ေပးတယ္၊ သူ႕ရဲ႕ activities ေတြမွာပါဝင္ေစတယ္၊

ဒါကိုၾကည့္ျခင္းျဖင့္ သင့္အေပၚသူ႕ရဲ႕အေလးထားမႈကိုသိနိုင္ျပီး၊ သူ႕မွာဖံုးကြယ္ထားတာေတြမရွိဘူးလို႕လည္း ယူဆန္ိုင္ပါတယ္။

(၇) သင့္ရဲ႕အျမင္ကိုအေလးထားတယ္

ဒါေတြမင္းနားမလည္ပါဘူး၊ မင္းနဲ႕မဆိုင္ပါဘူး ဆိုတဲ့အထင္ေသးစကားမ်ိဳးမေျပာဘူး၊

သင့္ရဲ႕အျမင္၊သင္ေျပာတဲ့အၾကံဉာဏ္ကအသံုးဝင္သည္ျဖစ္ေစ၊မဝင္သည္ျဖစ္ေစ တေလးတစားနားေထာင္တယ္၊ ေသခ်ာစဉ္းစားေပးတယ္။

ဒီလိုမ်ိဳးတစ္ဖက္လူကိုေလးစားတတ္တဲ့သူေတြဟာ ကိုယ့္ကိုယ္ကိုလည္းေလးစားတတ္တာေၾကာင့္ သူမ်ားအေပၚသစၥာေဖာက္တဲ့လုပ္ရပ္မ်ိဳးကို မလုပ္ပါဘူး။

(၈) သူတို႕စိတ္ထဲမွာ သင္အျမဲရွိတယ္

သတိရတယ္၊လြမ္းတယ္လို႕အခ်ိန္တိုင္းေျပာမေနရင္ေတာင္ သင္နဲ႕လိုက္တဲ့အဝတ္အစားေတြ႕လို႕ဝယ္ထားတာမ်ိဳး၊

သင္ၾကိဳက္တဲ့အစားအစာေတြဝယ္လာတာမ်ိဳး၊ သင္ေျပာဖူးတဲ့စကားေတြကိုမွတ္မိေနတာမ်ိဳး စသျဖင့္

သူတို႕စိတ္ထဲမွာ သင္အျမဲရွိေနတာက ခ်စ္တယ္လို႕တဖြဖြေျပာေနတာထက္ပိုျပီးယံုရပါတယ္။

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 26 February 2020 17:02
Rate this item
(2 votes)
Tagged under