အိမ်ထောင်တည်မြဲရခြင်းလျှို့ဝှက်ချက်ကို မျှဝေခဲ့တဲ့ ဇနီး ၂ယောက် နဲ့ ကလေး ၉ယောက်တို့ရဲ့ဖခင်

အိမ်ထောင်တည်မြဲရခြင်းလျှို့ဝှက်ချက်ကို မျှဝေခဲ့တဲ့ ဇနီး ၂ယောက် နဲ့ ကလေး ၉ယောက်တို့ရဲ့ဖခင်

ထိုင်းနိုင်ငံရှိ Manop Nuttayothin အမည်ရှိအသက် ၄၂ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ လှပတဲ့ဇနီးနှစ်ယောက် နှင့်အတူ သံယောဇဉ်နှောင်ဖွဲ့ခဲ့ပါတယ်။

 

အသက် ၃၂နှစ်အရွယ် Warissara Poksrichan အမည်ရှိဇနီးဖြစ်သူတစ်ဦးက Valentine Day မှာ သူတို့ရဲ့ဓာတ်ပုံတွေကို မျှဝေခဲ့ပြီးနောက် social media မှာ အိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ ကျွန်မယောက်ျားမှာ မိန်းမနှစ်ယောက်ရှိတယ်” လို့ Nuttayothinက Caption မှာ ဂုဏ်ယူစွာရေးသားခဲ့ပါတယ်။TVအစီအစဉ်တစ်ခုမှာ Nuttayothin နဲ့ ဇနီး ၂ ယောက် နဲ့ သားသမီး ၉ယောက်တို့ဟာ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ဝေမျှခဲ့ကြပြီး လက်ထပ်ခြင်းကို ရေရှည်ထိန်းသိမ်းတတ်ဖို့ အကြံဉာဏ်များစွာပေးခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူရဲ့အဆိုအရ သူ့မှာ ဇနီးသုံးဦး ရှိပြီး သူချစ်ခင်ရတဲ့ပထမဇနီးက ကလေးသုံးယောက်မွေးဖွားပြီးနောက် သေဆုံးသွားခဲ့တာပါ။ထို့နောက် Nuttayothin နှင့် ဇနီး Poksrichan တို့ဟာ အတူတကွ နှစ်အနည်းငယ်နေထိုင်ခဲ့ကြပြီး Nattaya Tongpan အမည်ရှိ၂၆ နှစ်အရွယ် နောက်ဇနီးက သူတို့နှင့်အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။

Nuttayothin ဟာ ဇနီးသုံးယောက်စီကနေ ကလေးသုံးယောက်စီရရှိခဲ့ပြီး လက်ရှိဇနီးနှစ်ယောက်စလုံးက သူ့ရဲ့စီးပွါးရေးလုပ်ငန်းကို ကူညီပေးနေကြပါတယ်။ဇနီးနှစ်ယောက်စလုံးက သူတို့ရဲ့အလုပ်အတွက် ပုံမှန်လစာရကြပေမဲ့လည်း ငွေက သူတို့ရဲ့အချစ်အတွက် အခြေခံမဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ကြပါတယ်။

 

Poksrichan က သူမအိမ်မက်က သူမရဲ့ခင်ပွန်း ၊ Nattaya နှင့် သူတို့ကလေးကိုးယောက်နှင့်အတူ အိမ်ကြီးကြီးတစ်လုံးဆောက်လုပ်ပြီး အတူတူနေဖို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အဓိကလျှို့ဝှက်ချက်က ပဋိပက္ခတွေ စတင်ဖြစ်ပွါးတာနှင့်တစ်ပြိုင်တည်း အမြန်ဆုံး ဖြေရှင်းတတ်ကြတာပါဘဲ လို့ ခင်ပွန်းဖြစ်သူက ဆိုခဲ့ပြီး ” တစ်ခါတစ်ရံမှာဖြစ်တတ်ပါတယ်။

ငါက တစ်ယောက်တည်းကို ပိုကောင်းအောင် ဆက်ဆံပြီး နောက်ဇနီးတစ်ယောက်ကို လျစ်လျူရှုမိလိုက်တဲ့အခါမှာ ပဋိပက္ခတွေ ဖြစ်သွားတတ်တယ် ၊ နောက်ပိုင်း ငါ နားလည်လာတော့ နှစ်ယောက်စလုံးကို ညီတူညီမျှဆက်ဆံပေးတတ်လာတယ် ၊ ငါတို့က စိတ်ချင်းအတူတူပါပဲ ၊ ငါတို့ပြောချင်တဲ့စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကြတယ်၊အဲဒီအချက်က အကောင်းဆုံးပါပဲ ” လို့ ဆိုထားခဲ့ပါသေးတယ်။ဒီတော့ ကျွန်တော်ကလည်း လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်လာတယ်ဆိုတာအမှန်ပါလားလို့ဘဲ တွေးနေမိပါတော့တယ်ဗျာ။


Source : nextshark-credit

Read times Last modified on Wednesday, 23 December 2020 11:15
Rate this item
(0 votes)