လိမ္မာလိုက်တာသမီးရယ်

လိမ္မာလိုက်တာသမီးရယ် google.com

သို့ …. အမေ

 

သမီးခိုးရာလိုက်သွားပါပြီ။သမီးကိုမိဘတွေပြုစုနေရမှာအားနာလာလို့ပါ။အမေတို့ဆင်ပေးထားတဲ့လက်စွပ်ဆွဲ ကြှိုးလက်ကောက်တွေကိုမယူချင်လို့

 

အိတ်နဲ့ထည့်ပြီးသမီးမှန်တင်ခုံပေါ်မှာတင်ထားပြီးမှသမီးတို့ စားဝတ်နေရေးအဆင်မပြေရင်အမေတို့ပဲစိတ်ဆင်းရဲမှာစိုးလို့ အကုန်ယူသွားပါပြီ။ ATM card လေးလည်း ယူသွားတယ်အမေ။ သိတယ်မဟုတ်လား။

 

 

လမ်းခရီးမှာငွေကိုင်တာအန္တာရယ်များတယ်လေ။ အသက်ကိုဥာဏ်စောင့်လို့အမေတို့သင်ပေးခဲ့တာသမီး မမေ့ဘူး။ သမီး ချစ်သူကလည်း ရိုးရိုးသားသားပါ။ စိတ်မပူပါနဲ့။ ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့

 

သောက်တတ်စားတတ်တာပေါ့နော အားကစားလည်း သူဝါသနာပါလို့ဘောလုံးပွဲလည်း လောင်းတယ်လေ။ မကောင်းတဲ့မိန်းမတွေနဲ့လည်း သူမရှုပ်ဘူးတဲ့။ ကောင်းတဲ့မိန်းမတွေနဲ့ပဲ့ ဘာပဲ့ဖြစ်ဖြစ်သမီး ကိုသူချစ်သလိုသမီးကလည်း

 

 

သူ့ကိုချစ်တယ်။ သူကကြင်နာတတ်ပါတယ်။ ဂရုလည်းစိုက်တယ်။ ဟိုနေ့ကဆိုသမီး ပါးမှာ ခြင်တစ်ကောင်နားနေလို့သမီးကို ခြင်ကိုက်မှာ စိုးလို့ သူဖျန်းကနဲရိုက်ပလိုက်တာသွားတစ်ချောင်းကျွတ်တယ်။ မိဘဆိုတာသားသမီးကိုစိတ်ဆိုးလည်းခဏတဲ။

 

ရွာဦးကျောင်းဆရာတော် ရှင်ပညာသာမိပြောဖူးတယ် မြေးမျက်နာမြင်ရင်အရည်ပျော်ရောတဲ့။ ဒါကြောင့်လည်း အမေတို့ မြေးချီနိုင်အောင်သမီးတို့ ကြိုးစားပါမယ်။ အမေတို့ ဒီစာကိုဖတ်နေချိန်မှာ သမီးက လေယာဉ်ကြီး စီးပြီး ဟိုးအဝေးကိုသွားနေပြီမထင်လို

 

က်ပါနဲ့။ သမီး အခုစီးနေတာ နွားလှည်းပါ။ကျေးလက်သဘာဝ ကိုသမီးချစ်တယ်လေ။ ပကာသနမမက်ပါဘူး။ တစ်နေ့ကျသမီး ပြန်လာခဲ့ပါမယ်။ သူနဲ့ကွဲရင်ပေါ့။

 

သမီးမိုက်…

 

Credit;Original uploader

 

Readmore;အချစ် နဲ့ လက်ထပ်ခြင်း

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(1 Vote)