ဆေးရုံတက်နေတဲ့ ဇနီးသည်ကို လမ်းပေါ်ကနေ ဖျော်ဖြေပေးခဲ့တဲ့ အမျိုးသားကြီး

ဆေးရုံတက်နေတဲ့ ဇနီးသည်ကို လမ်းပေါ်ကနေ ဖျော်ဖြေပေးခဲ့တဲ့ အမျိုးသားကြီး Google

အသက်၈၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီနိုင်ငံသား အမျိုးသားကြီးတစ်ဦးဟာ ဆေးရုံတက်နေတဲ့ဇနီးအတွက် အကော်ဒီယံတီးခတ်ကာ ဖျော်ဖြေနေတာကို တွေ့ရှိရပါတယ်။

 

အဆိုပါ အမျိုးသားရဲ့အမည်ကတော့ Stefano Bozzini ဆိုသူပါ။ Bozzini ဟာ သူနဲ့ ၄၇နှစ်ကြာ အိမ်ထောင်သက်တမ်းရှိပြီဖြစ်တဲ့ ဇနီးသည် Carla Sacchi အတွက် ဆေးရုံဝင်းထဲလာပြီး ဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။

 

Meet The Romantic 81-Year-Old Italian Serenading His Wife Outside Hospital  | Al Bawaba

 

Sacchi ဟာ ဆေးရုံရဲ့ဒုတိယထပ်အလွှာမှာ ဆေးရုံတက်နေတာဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတားမြစ်ချက်တွေရှိတဲ့အတွက် Bozzini ဟာ Sacchi ရဲ့လူနာခန်းဆီ သွားရောက်ခွင့်မရပါဘူး။ ဒါကြောင့် ဇနီးသည်နားဆင်ဖို့အတွက် ဆေးရုံအပြင်ဘက်ကနေ အကော်ဒီယံတီးခတ်ပြခဲ့တာပါ။ Sacchi ကလည်း သူရှိနေတဲ့အခန်းပြတင်းကနေပြီး Bozzini ရဲ့လက်သံကို နားဆင်နေခဲ့တာဖြစ်ပါတယ်။

 

Bozzini ရဲ့ အကော်ဒီယံတီးခတ်နေတဲ့ ဗီဒီယိုလေးကိုတော့ အခုလိုတွေ့ရမှာပါ။ သူဟာ လမ်းဘေးမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး သူ့အကော်ဒီယံနဲ့ ဇနီးသည်နှစ်သက်တဲ့သီချင်းတွေအပါအဝင် အချစ်သီချင်းလေးတွေကို တီးခတ်နေတာဖြစ်ပါတယ်။ Bozzini ဟာ Engelbert Humperdinck ရဲ့ Spanish Eyes ကိုစတင်တီးခတ်ခဲ့ပြီး တေးသံအဆုံးမှာတော့ ဇနီးဖြစ်သူကို လက်ဝှေ့ယမ်းပြခဲ့ပါတယ်။

 

Bozzini ဟာ face mask ဝတ်ဆင်ထားတဲ့အပြင် ငှက်မွှေးဦးထုပ်နဲ့ အနီရောင်ခေါင်းစွပ်အင်္ကျ ီတစ်ထည်ကိုဝတ်ဆင်ထားပါတယ်။ ပြတင်းပေါက်မှာတော့ သူ့ဇနီးသည် Sacchi နဲ့အတူ အမျိုးသမီးနှစ်ဦးကိုတွေ့ရပြီး သူတို့အားလုံးဟာလည်း mask တွေဝတ်ဆင်ထားကြပါတယ်။ Sacchi တက်နေတဲ့ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကုသပေးတဲ့ဆေးရုံမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဗိုင်းရပ်စ်ပြန့်ပွားမှုရန်ကို ကာကွယ်ဖို့အတွက် ဆေးရုံထဲကို ဧည့်သည်ဝင်ခွင့်မပြုတာပဲဖြစ်ပါတယ်။ Bozzini နဲ့ Sacchi တို့ဟာ ၁၉၇၃ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေဖြစ်တယ်လို့လည်း dailymail မှာ ဖော်ပြခဲ့ပါတယ်။

 

 

Source: DailyMail

Read times Last modified on Friday, 13 November 2020 11:09
Rate this item
(0 votes)