အချစ်ရေးမှာ မကောင်းတဲ့ သူနဲ့ တွေ့ဆုံခဲ့ ဖူးသူတွေမှာ ရှိတဲ့ အားသာချက် (၄) ခု

အချစ်ရေးမှာ မကောင်းတဲ့ သူနဲ့ တွေ့ဆုံခဲ့ ဖူးသူတွေမှာ ရှိတဲ့ အားသာချက် (၄) ခု google

အချစ်ရေးမှာ အမြဲတမ်း လူကောင်းတွေနဲ့ပဲတွေ့လာတယ်ဆိုတာ လောကမှာ သိပ်အများကြီးမရှိပါဘူး။ တစ်ခါတလေမှာတော့ ကိုယ့်ကို သင်ခန်းစာတွေပေးဖို့၊

ဘဝအကြောင်း၊ လူတွေအကြောင်းကို ပိုနားလည်စေဖို့ လောကကြီးက မကောင်းတဲ့သူတွေကို ဘဝထဲကို ထည့်ပေးတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အချစ်ရေးမှာ မကောင်းတဲ့သူနဲ့ တွေ့ဆုံခဲ့ဖူးတဲ့သူတွေမှာပဲ ရှိတဲ့ မဟာအားသာချက်တွေပဲဖြစ်ပါတယ်။

 (၁) လက်လွှတ်နိုင်စွမ်း

 

မကောင်းတဲ့သူနဲ့တွေ့ဆုံခဲ့ဖူးတဲ့သူတွေဟာ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို လက်လွှတ်နိုင်စွမ်းရှိသွားပါပြီ။ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်နေပါစေ၊ ဘယ်လောက်ပဲ ကောင်းနေပါစေကိုယ့်အပေါ်မှာတော့ တန်ပြန်သက်ရောက်မှု ရှိမှာမဟုတ်မှန်း ကောင်းကောင်းသဘောပေါက်သွားပါပြီ။ ဆက်ပြီးဆုပ်ကိုင်ထားရင်လည်း ပိုပြီးနာကျင်ကြေကွဲရုံသာရှိတာမို့ လက်လွှတ်ခြင်းကို ကောင်းကောင်းတတ်မြောက်သွားပါပြီ။ နောက်နောင်မှာလည်း ဒီလိုလူတွေနဲ့ ထပ်တွေ့တဲ့အခါ လွယ်လွယ်ကူကူလက်လွှတ်နိုင်သွားပါပြီ။

 

(၂) ကိုယ့်ကိုယ်ကိုဦးစားပေးနိုင်စွမ်း


မကောင်းတဲ့သူတွေနဲ့ တွေ့ဆုံဖူးတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုဦးစားပေးနိုင်သွားပါပြီ။ အရင်ကတော့ သူ့အတွက်ပဲစဉ်းစား၊ သူ့အတွက်ပဲ ဦးစားပေးပြီး ကိုယ့်အတွက်ကိုယ်တော့ မေ့လျော့နေခဲ့မိပါတယ်။ ဒါပေမယ့် လိုချင်တာရသွားတဲ့အခါ ဂရုမစိုက်တတ်တော့တဲ့ လူတွေရဲ့ အကြောင်းကို ကောင်းကောင်းနားလည်ပြီးသွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုဦးစားပေးဖို့ သဘောပေါက်သွားပါပြီ။ နောက်ပိုင်းမှာလည်းကိုယ့်ကိုယ်ကိုဦးစားပေးပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်သွားမှာပါ။


(၃) စည်းတစ်ခုသတ်မှတ်နိုင်စွမ်း

 

မကောင်းတဲ့သူနဲ့ ဆုံစည်းခဲ့တဲ့သူတွေဟာ ဘဝရဲ့ အရေးကြီးတဲ့စည်းမျဉ်းတွေကို ပြတ်ပြတ်သားသားရေးဆွဲနိုင်သွားပါပြီ။ အရင်တုန်းကတော့ ချစ်သူဘာလုပ်လုပ် သည်းခံအလျှော့ပေးပြီး မာနတွေအားလုံးကို ခဝါချခဲ့မိသမျှ အခုအချိန်မှာတော့အရင်ကနဲ့ တခြားစီဖြစ်သွားပါပြီ။ ကိုယ်သတ်မှတ်ထားတဲ့စည်းတစ်ခုကို ကျော်လွန်လာတဲ့အခါ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကိုပါ ကောင်းကောင်းသိသွားပြီဖြစ်တာကြောင့် တစ်ဖက်လူရဲ့စော်ကား ရောင့်တက်မှုတွေကို ဆက်ပြီးခံရတော့မှာမဟုတ်ပါဘူး။

 

(၄) ခွင့်လွှတ်နိုင်စွမ်း


မကောင်းတဲ့သူတွေနဲ့ ဆုံစည်းခဲ့တဲ့သူတွေဟာ ခွင့်လွှတ်နိုင်စွမ်းပိုပြီးကြီးမားကြပါတယ်။ အကြောင်းကတော့ ဒီလိုလူတွေကို အငြိုးအတေးထားပြီး မုန်းတီးနေမယ့်အစား ခွင့်လွှတ်ပေးလိုက်တာဟာ အကောင်းဆုံးပဲဆိုတာ သဘောပေါက်သွားလို့ပါ။ သူတစ်ပါးကို ခွင့်လွှတ်တာဟာ ကိုယ့်ကိုယ်ကိုခွင့်လွှတ်တာဖြစ်ပြီး ခွင့်လွှတ်တဲ့သူဟာ နိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်သွားလို့ဖြစ်ပါတယ်။

 

 

Myanmar Wedding Guide 

Read 395 times
Rate this item
(1 Vote)
Tagged under