အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ

အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ google.com


ကိုယ်ချစ်သူထားမည်ဆိုပါက ကိုယ့်အပေါ် တကယ်နှစ်နှစ်ကာကာချစ်ပြီး ဘယ်အရာပဲဖြစ်ဖြစ်

ကိုယ့်အတွက်ချည်းပဲဖြစ်နေရင်တော့ ကိုယ့်အတွက် ပိုကောင်းတာပေါ့။

 

ကိုယ် သူ့ကို အမှန်တကယ်ချစ်ပြီဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။

 

သူ့ကို မလိမ်ပါနဲ့

လိမ်ညာတယ် ဆိုတာ တစ်ခါတစ်လေပဲ ကောင်းပါတယ်။ ခဏခဏ အလိမ်အညာခံလာရ ရင်တော့
ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်နေပါစေ တစ်နေ့ကျရင် ပေါက်ကွဲ၍ လမ်းခွဲသွားတတ်ပါတယ်။

တကယ်လို့ကိုယ်က အပြစ်ကျူးလွန်းထားတယ်ဆိုလည်း အမှန်တိုင်းဝန်ခံလိုက်ခြင်းက ရေရှည်မှာ ပိုပြီး
နှစ်ဦးစလုံး စိတ်ချမ်းသာမှာဖြစ်ပါတယ်။

မာန မထားမိစေနဲ့

မာန ဆိုတာ ချစ်သူနှစ်ဦးကြားမှာ လုံးဝ မရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သူအရင်ခေါ်မှ ငါခေါ်မယ်။ သူဖုန်းစဆက်မှ ငါဖုန်းဆက်စမယ်။ သူမက်ဆေ့ပို့မှ ငါမက်ဆေ့ ပို့မယ် ဆိုပြီး တလွဲ မာနတွေ လုံးဝ မထားကြရင် ကောင်းပါမယ်။ တကယ်ချစ်ရက်နဲ့ မာနကြောင့် ဝေးကွာခဲ့ရတဲ့ စုံတွဲတွေ အများကြီးဖြစ်ပါတယ်။

 

မရွဲ့မိစေနဲ့

တစ်ယောက်နဲ့တစ်ယောက် ရွဲ့တယ်ဆိုတာ ချစ်သူနှစ်ဦးကြားမှာမှ မဟုတ်ပါဘူး။ ဘယ်သူ့ အတွက်မှ မကောင်းပါဘူး။

 

ပတ်ဝန်းကျင်ကိုပဲ အရွဲ့တိုက်တိုက်၊ မိဘကိုပဲ အရွဲ့တိုက်တိုက် အရွဲတိုက်ခြင်းရဲ့ နောက်ဆုံးသောရလဒ်က ကိုယ်ပဲ နာကျင်ရတာပဲ ဖြစ်ပါတယ်။ အရွဲတိုက်ခံရတဲ့ ကိုယ့်ချစ်သူလည်း စိတ်ဆင်းရဲ ရသလို ကိုယ်လည်းပဲ စိတ်ညစ်မှာဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:38
Rate this item
(3 votes)