မင်္ဂလာမောင်နှံအတွက် ပျော်စရာဖန်တီးမှုနည်းလမ်းများ - ၂

မင်္ဂလာမောင်နှံအတွက် ပျော်စရာဖန်တီးမှုနည်းလမ်းများ - ၂

သင့်ရဲ့နေ့ထူးနေ့မြတ်ကြီးကတော့ ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်

မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ ပြီးသွားပြီလို့တော့ ဆိုလို့မရသေးပါဘူး။

သင်တို့နှစ်ယောက် ဆက်ဆံရေးကို ဆွေးနွေးစရာ မလိုဘဲ တိုးတက်စေမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

စည်းလုံးမှုရှိအောင် နေထိုင်ပါ

သင်တို့ နှစ်ယောက် အချိန်တိုင်းတော့ စိတ်သဘောထား မတိုက်ဆိုင်နိုင်ပါဘူး။ ဒါပေမဲ့ လူကြားသူကြားထဲမှာ သင်တို့နှစ်ယောက် စိတ်ဝမ်းမကွဲသင့်ပါ။ အခြားလူတွေရှေ့မှာ သင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ဝေဖန်တာ၊ အမှားပြင်တာ၊ ဆန့်ကျင်ဘက်ပြောတာတွေကို မလုပ်သင့်ပါ။ အဲဒီလိုလုပ်ခြင်းက သင်တို့ကို အရှက်ရစေသလို နောက်ပြီး ပြင်းထန်တဲ့ ခံစားချက်တွေကို ဖြစ်လာစေနိုင်ပါတယ်။

အပေးအယူလုပ်ဖို့ စဉ်းစားပါ

သင်တို့နှစ်ဦး ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့တောင် ရန်ဖြစ်လာနိုင်ပါတယ်။ ရန်ဖြစ်တဲ့အခါ တစ်ယောက်ကို တစ်ယောက် မအော်ပါနဲ့။ ဒေါသကို ထိန်းပြီး တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်အောင် ကြိုးစားပြီး တစ်ခါတစ်ရံ အပေးအယူလုပ်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

တစ်ဦးကတစ်ဦးကို အချိန်ပေးပါ

တစ်ယောက်ကို တစ်ယောက် အချိန်ပေးခြင်းက ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခု တည်ဆောက်ဖို့ အရေးအကြီးဆုံးအချက်ပါ။ သင်တို့နှစ်ယောက် စကားပြောဖို့တောင် အချိန်မပေးနိုင်ဘဲ အလုပ်ရှုပ်နေမယ်ဆိုရင် တစ်ယောက်နှင့် တစ်ယောက် ဝေးကွာလာပြီး ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မှာ မဟုတ်ပါဘူး။

အတွေ့အကြုံအသစ်တွေ ရှာဖွေပါ

အိမ်ထောင်ရေးမှာ တစ်ယောက်ကို တစ်ယောက် ငြီးငွေ့တတ်တာ သဘာဝပါပဲ။ အဲဒါကြောင့် သင်တို့နှစ်ယောက် တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုကို ခရီးထွက်ခြင်း၊ ညစာအတူတူထွက်စားခြင်းမျိုးဖြင့် သင်တို့ဆက်ဆံရေးမှာ စိတ်လှုပ်ရှားမှု ပြန်ရလာအောင် ပြုလုပ်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:48
Rate this item
(1 Vote)