လူတစ်ယောက်ကိုဘယ်အချိန်မှာ စွန့်လွှတ်ဖို့ သေချာနေပြီလဲ

လူတစ်ယောက်ကိုဘယ်အချိန်မှာ စွန့်လွှတ်ဖို့ သေချာနေပြီလဲ google

စိတ်ပျက်လာခြင်းက နေစွန့်လွှတ်နိုင်ခြင်းတွေဖြစ်လာတာပါပဲ။ တစ်စုံတစ်ယောက်ကို စွဲလမ်းဖို့က

လွယ်ကူပေမယ့်  စွဲလမ်းမိတဲ့ သူတစ်ယောက်ကို စွန့် လွှတ်ဖို့ကသိပ်ကို ခက်ခဲလှပါတယ်။

 

လူတစ်ယောက်နဲ့တစ်ယောက် ချစ်လာကြပီ၊ သံယောဇဉ်တွယ် လာကြပြီဆိုရင် ဥပက္ခာပြုဖို့ စွန့် လွှတ်လိုက်ဖို့ဆိုတာ အင်မတန်ကို နာကျင်စရာ ကောင်းသွားပါပြီ။ ဒါဆိုရင် မ ပျော်တဲ့ Relationship မျိုးမှာ
ဘယ်လိုစိတ်မျိုးနဲ့ရှင်သန်ရမှာလဲပေါ့…ဒီလို အ ခြေ နေမှာ သိပ်ကို စိတ်ရှုပ် ထွေးကြ မှာအမှန်ပါ။

 

လူတစ်ယောက်ကို စွန့်လွှတ်လိုက်ဖို့ မေ့ပစ်လိုက်ဖို့ ဘာ တွေလိုလဲ၊ ဘယ်လိုနည်းလမ်းေ တွသုံးရင် ဒီလူတစ်ယောက်ကို လွယ်လွယ်နဲ့ စွန့် ပစ်နိုင်တာလဲတဲ့….ရှင်းပါတယ်… သေချာတဲ့ အ ဖြေက နှစ်မျိုးပဲရှိတယ်။

 

အစတည်းက တကယ်မချစ်ခဲ့တဲ့သူ နဲ့စိတ်ပျက်နာကျင်နေရတဲ့သူပါပဲ။ တကယ်မချစ်ခဲ့တဲ့သူအတွက် တော့ စွန့်လွှတ်ရမှာ လွယ်တယ်ဆိုတာ ရှင်းပါတယ်။ စိတ်ပျက်နာကျင်နေရသူဆိုတာက ရော… တစ်စုံတစ်ယောက် ရဲ့စိတ်ဒဏ်ရာ ပေးမှု တွေကြိမ်ဖန်များ စွာခံစားလာရတဲ့သူတစ်ယောက် အ နေနဲ့ကြာ လာတဲ့အခါ ဒီလူကို စိတ်ပျက်လာပါတယ်။ စိတ်ပျက်ခြင်းက သာအစပြုပြီး စွန့် လွှတ်နိုင်ခြင်း တွေကဖြစ်ပေါ်လာတာမျိုးပါ။

 

လူတစ်ယောက်ပေါ်စိတ်ဆိုး အောင်လုပ် လည်းရ သေးတယ်၊ စိတ်တို အောင်စလည်းရ သေးတယ်၊ ဒါပေမဲ့ ကိုယ်သာ ဒီလူကို တကယ်မဆုံးရှုံးချင်ဘူးဆိုရင် စိတ်နာ အောင် တော့မလုပ်မိပါ စေနဲ့။ စိတ်နာခြင်း စိတ်ပျက်ခြင်းရဲ့ နောက်ကွယ်မှာ အလွယ်တကူ စွန့်လွှတ်နိုင်မှု တွေက အော်တိုကပ်ပါလာနိုင်တာပါ။

 

 Myanmar Wedding Guide 

Read times
Rate this item
(0 votes)
Tagged under