ချစ်သူဖြစ်ပြီး ဘယ်လောက်အကြာမှာ လက်ထပ်ကြမလဲ

ချစ်သူဖြစ်ပြီး ဘယ်လောက်အကြာမှာ လက်ထပ်ကြမလဲ google.com

ရှေးခေတ် လူတွေက ချစ်သူဖြစ်တာနဲ့ လက်ထပ်ဖို့အတွက် ပိုက်ဆံစုရတယ်၊

သုံးနှစ်သုံးမိုးပြည့်တာနဲ့ မိဘတွေအိမ်လာတောင်းကြတယ်။

 

ဒါမှမဟုတ် မိဘတွေက သဘောတူလို့ရှိရင်လည်း ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်သွားကြပါတယ်။

 

မိန်းမကောင်းဆိုတာ ပန်းပန်ရင်တောင် တစ်ပွင့်တည်း ဆိုတဲ့ စကားလိုပဲ တစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်ပြီး သေတစ်ဖန် သက်တစ်ဆုံး လက်တွဲသွားကြတာ များပါတယ်။

 

အခုခေတ်လူငယ်တွေကတော့ ချစ်သူဖြစ်တာနဲ့ ဘယ်အချိန်လက်ထပ်မှာလဲဆိုတဲ့ မေးခွန်းက ဖြေရခက်ခဲပါ တယ်။

 

ချစ်သူဖြစ်ချိန်က ပထမ ခြောက်လအတွင်းမှာ ပြတ်ဖို့အတွက်က အများဆုံးကာလတွေဖြစ်ပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်မသိခင်မှာ အစေးမကပ်ဘဲ လမ်းခွဲတတ်ကြလို့ပဲဖြစ်ပါတယ်။

 

ပထမခြောက်လကျော်သွားရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပိုရှိလာပြီး တော်ရုံနဲ့မပြတ်ကြပါ။

 

ချစ်သူရည်းစားနဲ့ လင်မယားစုံတွဲတွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ ချစ်သူတွေဟာ နှစ်နှစ်ကျော် သုံးနှစ် အတွင်းမှာ လက်ထပ်ကြတယ်လို့ သိရပါတယ်။

 

တကယ်တော့ ဒီအချက်ဟာ လက်တွေ့လောကနဲ့လည်း လုံးဝကိုက်ညီမှုရှိပါတယ်။

 

စုံတွဲတွေဟာ သက်တမ်းနုလွန်းရင်လည်း ပြတ်သွားနိုင်ပြီး ကာလရှည်ကြာတွဲတာကြာလွန်းရင်လည်း ရိုးလွန်းသွားပြီး လက်မထပ်ဖြစ်တော့တာတွေလည်း ရှိကြပါတယ်။

 

လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူကောင်လေးကတော့ ချစ်သူဖြစ်တဲ့အချိန်ကစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုတည်ဆောက်မယ်နဲ့ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်း လုပ်မယ်ကအစ သေချာပြင်ဆင်ထားတတ်ကြပါတယ်။

 

အနာဂတ်အတွက် ရည်စူးပြီး ပိုက်ဆံစုလာမယ်၊ အလုံအလောက်ရရင်တော့ လက်ထပ်ခွင့်တောင်းတတ် ကြပါတယ်။

 

အပျော်တွဲတဲ့လူတွေကတော့ ကိုယ်နဲ့သာတွဲနေတာ သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိပါဘူး။

 

လက်ထပ်မယ်ဆိုတဲ့ စကားလုံးဟာလည်း သူနဲ့မဆိုင်သလိုပါပဲ။ အချိန်တွေ ကြာချင်သလောက်ကြာပလေ့စေ ဂရုမစိုက်ကြပါဘူး။

 

စာရေးသူပြောချင်တာကတော့ ချစ်သူသက်တမ်းကာလ မတိုလွန်း၊ မရှည်လွန်းကာလဖြစ်တဲ့ နှစ်နှစ်၊ သုံးနှစ် အတွင်းမှာ နှစ်ဦးသဘောတူလို့ လက်ထပ်ရင်တော့ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ အကြံပြု ဖော်ပြပေးလိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:06
Rate this item
(2 votes)