ချစ်သူကောင်လေးကို ဘယ်လိုမျိုးမြင်စေချင်လဲ

ချစ်သူကောင်လေးကို ဘယ်လိုမျိုးမြင်စေချင်လဲ google

မိန်းကလေးအများစုကတော့ အလုပ်မှာပဲ ဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ် ယောင်္ကျားလေးတွေနဲ့ တစ်ချိန်လုံး မြင်နေကျ တွေ့နေရတာ မဆန်းတော့ပါဘူး။ 

ဒါပေမယ့် သူတို့ကောင်လေးက ခန့်ပါတယ်၊ အားကိုးချင်စရာ ကောင်းပါတယ်ဆိုတဲ့ ကိုယ့်ချစ်သူကောင်လေးကို ဘယ်လိုပုံစံမျိုး မြင်စေချင်သလဲ ဆိုတာ အောက်တွင် ဖော်ပြပေးထားပါတယ်။

 

 

ကိုယ့်ချစ်သူက သန့်ရှင်းပြီး သပ်ရပ်စွာ နေထိုင်တတ်သူ

 

ကိုယ့်ချစ်သူကောင်လေးကို ကြည့်လိုက်မယ်ဆိုရင် ရုပ်ချောနေတာထက် ၀တ်စားဆင်ယင်ပုံ သန့်ရှင်းသပ်ရပ်မယ်၊ နေထိုင်မှုပုံစံကလည်း သန့်ရှင်းသပ်ရပ်မယ်ဆိုရင် ကိုယ့်မျက်စိထဲ ကြည့်ကောင်းနေပါတယ်။ ကောင်လေးက ဘယ်လောက်ပဲ ပညာတတ်၊ ချမ်းသာနေပါစေ တစ်ကိုယ်ရေတကာရ သန့်ရှင်းမှုမရှိရင် အနားတောင် ကပ်ချင်မှာ မဟုတ်ပါဘူး။ ဘယ်သူမဆို ဒါတွေအားလုံးပြည့်စုံမှ ကောင်မလေးတွေနဲ့ အဆင်ပြေနေတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ရမှာဖြစ်ပါတယ်။

 

 

ကိုယ့်ချစ်သူက စကားပြော ချိုသာစွာ ဆက်ဆံတတ်သူ

 

ကိုယ့်ချစ်သူက ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူ၊ အမြဲတမ်း ပြုံးရွှင်သောအမူအရာနှင့် ယဉ်ကျေးပျူငှာစွာ ပြောတတ်ဆိုတတ်ရင် မိန်းကလေးတိုင်းက အရမ်းကြိုက်ကြပါတယ်။ ကိုယ့်ကောင်မလေးထိုင်ဖို့အတွက် ထိုင်ခုံလေးဆွဲယူပေးတာတို့၊ ၀င်လာချိန်တွင် တံခါးကြိုဖွင့်ပေးတာမျိုး အစရှိတဲ့ အပြုအမူလေးများကလည်း ချစ်စရာအလွန်ကောင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ Lady first ဆိုတဲ့ စာသားနှင့်အညီ မိန်းကလေးကို ဦးစားပေးတတ်တဲ့ ယောက်ျားလေးတွေက တကယ်ချစ်ဖို့ကောင်းပြီး လူကြီးလူကောင်း အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားကြသူများဖြစ်ကြပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under