( 13.2.2020 မှ 19.2.2020 အထိ ) တစ်ပတ်စာ(၇)ရက်သားသမီးဟောစာတမ်း

( 13.2.2020 မှ 19.2.2020 အထိ ) တစ်ပတ်စာ(၇)ရက်သားသမီးဟောစာတမ်း google

တနင်္ဂနွေ

ဒီကာလအတွင်းလုပ်ငန်းဆောင်ရွက်ဖို့ အခွင့်အရေးကောင်းတွေ လက်ဝယ်ရောက်ရှိလာမည်။စိတ်ကြည်လင်အေးချမ်း မှုတွေကိုရလာမယ့်ကာလပါပဲ။

အလုပ်အတွက် ကံကောင်းမှုတွေ ပေါ်ပေါက်လာပြီး ဘာပဲလုပ်လုပ် အဆင်ပြေမှု တွေ့ကြုံ နိုင်တဲ့ ကာလဖြစ်ပါတယ်။ လူမှုရေးကိစ္စအတွက် ပင်ပန်းမယ်။

ကိုယ့်သားချင်းတွေကြောင့် အနှောက်အယှက်ကြုံတတ်ပါ တယ်။လုပ်ကိုင်ဆောင်ရွက်လို့ ခက်ခဲနေရင်တောင် ကူညီအကြံဉာဏ်ပေးမယ့် ဆရာသမားတွေနဲ့ကြုံရတတ်ပါတယ်။

မိမိ အကောင်အထည်ဖော်ချင်တဲ့ကိစ္စမျိုးတွေဒီကာလမှာစတင်သင့်ပါတယ်။

ကျန်းမာ ရေး ကတော့မီးယပ်နှင့် ဆိုင်သောရောဂါ များ၊အရေပြားအဖုအပိန့်ထွက်ခြင်းမျိုးဖြစ်တတ် ပါတယ်။အချစ်ရေးမှာတော့ အသက်ကြီးသူတွေရဲ့ချစ်မြတ်နိုးခြင်းကိုခံရ တတ်ပါတယ်။

လက်တွဲတာကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲများ ပြဿနာဟောင်းတွေပြန်ပေါပြီးစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ကမိမိကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်တတ်ပါတယ်။

ချစ်တာထက် စိတ်မချတာကပိုများနေတတ်ပါ တယ်။မိမိက အနေအထိုင်မတည်ကြည်သူ ဆိုရင်ပိုဆိုးပါတယ်။

ပညာရေးကတော့ ဒီကာလဟာအစစအရာရာ ကောင်းမွန်နေပါလိမ့်မယ်။နိုင်ငံခြားဘာသာလေ့လာ နေသူ များပိုမိုတတ်လွယ်မည်။

အကျိုးပေးဂဏန်း ၁/၈/၃

အထူးဟော ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ယတြာ ဇလုံထမင်းဘုရားရှင်အားဆွမ်းကပ်ပါ။

 

တနင်္လာ

ဒီကာလအတွင်းဘုန်းကံအရှိန်အဝါ သိသိသာသာ မြင့်မားတိုးတတ်မယ်။ ရာထူးတိုးတတ်မှု ထူးခြားတဲ့ ကံကောင်း မှုတွေ ဒီလိုအချိန်မှာ မလိုချင်လည်း အလိုလိုရောက်ရှိလာတတ်ပါတယ်။

အလုပ်အတွက်ပင်ပန်းရပေမယ့် ပေးဆပ်သလောက် အကျိုးရှိကြီးပွားမယ်။ စီးပွားရေးကိစ္စတွေ ကိုယ်မျှော်မှန်းတာထက် တိုးတတ်လာပါမယ်။

ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စ ရပ်တွေ မိသားစုမှာ တွေ့ကြုံလာမယ်။ နိုင်ငံခြား အခွင့်အရေးကောင်းတွေ တွေ့ကြုံပြီး ကိုယ့်ရဲ့ ဆောင်ရွက်မှုတွေအတွက် ရွှေဖြစ်နိုင်တဲ့ ကာလဖြစ်ပါတယ်။

ငွေဝင်ကောင်းသလို အကုန်အကျများပြားနေမယ်။ ငွေကြေးကိစ္စအတွက် မိသားစုပြဿနာ များဖြေရှင်းရမည်။ ကွန်ပျူနှင့်နည်းပညာပစ္စည်းများ ဝယ်ဖြစ်တာကြောင့်ငွေကုန်ရတတ်ပါတယ်။

ကျန်းမာရေးကတော့ ဝမ်းချုပ်နှင့်ရင်ကြပ် ချောင်းဆိုးရောဂါတွေကို သတိထားလိုက်ပါ။ မိတ်ကပ်အသစ် များ သတိထားလိမ်းပါ။ မျက်နှာကိုအသား အရေကိုဒုက္ခပေးတတ်တဲ့ကာလပါပဲ။

ချစ်သူနဲ့ဆက်ဆံရေး တင်းမားနေတတ်ပါတယ်။ ညှိနှိုင်းမရသော ပြဿနာလေးတွေပေါ် လာ တတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့အပြောသန်၊ အငြင်း သန်မှုကြောင့် စိတ်ညစ်စိတ်ရှုပ်နေရ တတ်ပါတယ်။

ပညာရေးမှာတော့ ပညာသင်ယူဖို့ ပြင်ဆင်သင်တန်းအပ်ပြီးမှ မတတ်ဖြစ်တာမျိုးကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူကိုသွားပြီး ၂၄ပစ္စည်းကိုသက်စေ့ရွတ်ပွားလိုက်ပါ။

 

အင်္ဂါ

ဒီကာလအတွင်းကံကောင်းမှုတွေ နီးကပ်လာပေမယ့် သင့်အတွက် အခက်အခဲတွေ ဖြတ်ကျော်ရဦးမှာပါ။ လူမှုရေး အညံ့အတွက် စိတ်သောကကြုံမယ်။

လုပ်ဖော်ကိုင်ဖက်တွေကို ယုံကြည်မိလို့ စီးပွားရေးမှာ ဆုံးရှုံးရတတ်ပါတယ်။ ဘာပဲ လုပ်လုပ် အတိုက်အခံကြုံတတ်ပေမယ့် အောင်မြင်စွာ ဖြေရှင်းနိုင်မှာပါ။

အကြီးအကဲ မိဘတွေနဲ့ စကားကတောက်ကဆ များတတ်ပြီး လုပ်ငန်းခွင်မှာ ရာထူးအတွက်၊ လုပ်ငန်းသစ်တိုးချဲ့မှုအတွက် အဆင်မပြေဖြစ်ရတတ်ပါတယ်။

ဆရာမိဘတွေ ကူညီစောင့်ရှောက်မှုကြောင့်ပဲ စီးပွားရေးပြန်လည်တည့်မတ်လာပါလိမ့်မယ်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းအတွက် ကံကောင်းမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ကျန်းမာရေးအထူးညံ့ဖျင်းနေတာကိုတော့ မတွေ့ရပါဘူး။ စားဝင်၊အိပ်ပျော်နေကောင်းပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့ စောင့်ဆိုင်းနေသူများ သတင်းကောင်းကြား ရတတ်ပါတယ်။

စိတ်ကူး ထားသမျှအကြံကောင်းတွေကို အရာရာ ထုတ်မပြောသင့်ပါဘူး။ သူများကမိမိထက်ဦး အောင်လုပ်သွားတတ်ပါတယ်။

အချစ် ရေးမှာတော့ချစ်သူသက်တမ်းနည်း သေးသူများ ပြဿနာပေါင်းစုံတတ်ပါလိမ့် မယ်။ ချစ်သူသက်တမ်းကြာနေသူများ လက်ထပ်ရန် အခွင့်အရေးကောင်း များပေါ်လာမည်။

အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်ရော၊ ကိုယ်ရော သွေးအေးနေတတ်ပါ တယ်။ ပညာရေးမှာ တွက်စာ ပိုမိုပိုင်နိုင်လာလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၆/၅

အထူးဟော စိတ်ချမ်းသာစရာများနေတတ်ပါတယ်။

ယတြာ အိမ်ကဘုရားဆောင်ကိုသန့်ရှင်းရေးလုပ်ပါ။ဘုရားရှင်ကိုရေသပ္ပယ်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းထူးထူးခြားခြား မျက်နှာပွင့်တတ်မယ်။ လူမှုရေးကိစ္စတွေ အများအပြား ဆောင်ရွက်ပြီး သောကကြုံရ တတ်ပါတယ်။ မိမိကြံစည်မှုတွေမှာ အခက်အခဲနဲ့ ယှဉ်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်မှာပါ။

မိမိဆောင်ရွက်မှုတွေမှာ လူမှုရေး အားနာလိုက်လျောမှုတွေကြောင့် ထင်သလောက်အကျိုးမရှိတတ်ပါဘူး။ ငွေကြေးကံကောင်းနေတတ်ပြီး စိတ်ပင်ပန်းမှုတွေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရပါမယ်။

ဆက်သွယ်ရေးပစ္စည်းတွေကြောင့် စိတ်အနှောက်အယှက် ကြုံတွေ့ရနိုင်ပါတယ်။ ကံ အကောင်း နှင့် အဆိုး ဒွန်တွဲနေတတ်ပါတယ်။မြေ၊ခြံ၊အိမ်ရောင်းချင်သူများ ဈေးကောင်းရဖို့ခက်ခဲတဲ့ကာလပါပဲ။

ခရီးကိစ္စ တွေ အဆင်ပြေ လိမ့်မယ်။ ဈေးသည်များ ဆိုင်များ အမြတ်အစွန်းနည်းနေတတ်ပါတယ်။

အဆင်ပြေပေမဲ့ ငွေအရနည်းတဲ့ သဘော ပါ။ ကုန်သွယ်စီးပွားနှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများအဆင်ပြေပါလိမ့်မယ်။

ကျန်းမာ ရေးကတော့ ဖျားနာတာမဖြစ်ဘဲ ၊ချော်လဲတာမျိုး၊ ထိခိုက်မှု၊သွေးထွက်သံယိုအသေးစားလေးတွေအလွန်ပဲဖြစ်ရ တတ်ပါတယ်။

အချစ်ရေးကအဆင်ပြေပါ တယ်။ ဒါပေမဲ့ ဆွေမျိုးတွေ အနှောက်အယှက်တော့ ရှိနေတာမျိုးတွေ့ ရပါတယ်။ အိမ်ထောင်ရေးမှာတော့ ငွေကြေးနဲ့ဆက်နွယ် ပြီး လင်မယားချင်းစကားများရတတ်ပါတယ်။

ပညာရေး မှာတော့ ရုတ်တရက် ပညာရေးမှာအခက်အခဲပေါ်မည်။ ပညာရေး ရပ်ဆိုင်းမှုတွေကြုံရမည်။

အကျိုးပေးဂဏန်း ၆/ဝ/ဂ

အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။

ယတြာ ကိတ်မုန့်နဲ့ ကော်ဖီဘုရားကပ်လှူဆုတောင်းလိုက်ပါ။

 

ကြာသပတေး

ဒီကာလထဲပြင်းထန်တဲ့ထိုးနှက်တိုက်ခိုက်မှုတွေသင့်ရဲ့အနားမှာဝန်းရံနေမယ်။ ဘာပဲလုပ်လုပ် အနှောက်အယှက် ကြုံမယ်။ စိတ်ဖိစီးမှုတွေနဲ့ အလိုမကျမှုတွေအတွက် ခေါင်းမီးလျှံတောက်လောင်နေလိမ့်မည်။

မလိုအပ်တဲ့ ငွေကုန်မှုတွေ အတွက် ထိန်း ချုပ်နိုင်ဖို့ အားနည်းနေမယ်။ ခရီးရှည်ထွက်ဖို့ အစီအစဉ်တွေ အနှောက်အယှက်ရှိလာနိုင်သည်။

လုပ်ငန်းအတွက် အောင်မြင်မှုတွေ ပိုင်ဆိုင်ရပေမယ့် အတိုက်အခံအတွက် စိတ်ရှည်ရှည်နဲ့ ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။ အရာရာသည်းခံပြီး သတိရှိသင့်တဲ့ကာလမို့ ဘာသာရေး ဆောင်ရွက်ပါ။

မမျှော်လင့်ဘဲ မိမိတတ်ကျွမ်းတဲ့ပညာတွေကိုသူများကိုသင်ပေး ခွင့်ကြုံပါတယ်။ ရတနာရောင်းဝယ်ရေးလုပ် သူများ၊ကျောက် အရောင်း အဝယ်လုပ်သူများပိုမိုအဆင်ပြေ တိုးတတ်ပါလိမ့်မယ်။

ပြည်ပခရီးစဉ်များသွားရောက်လို့ အဆင်ပြေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကြောတတ်၊ညောင်းကိုက်တာမျိုးတွေဖြစ် လွယ်ပါတယ်။

သွေးတိုး သမားများ သွေးပေါင်အမြဲချိန်ပြီး ဆေးသောက်သင့်တဲ့နေ့ရက်တွေပါပဲ။ အချစ်ရေးအဆင်ပြေပါ လိမ့်မယ်။ အများ တကာတွေအားကျရတဲ့ထိ အချစ်ရေးအဆင် ပြေပါလိမ့်မယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ တကျက် ကျက်ဖြစ်နေတတ်သော်လည်း အိမ်ထောင်ဘက်ရဲ့စီးပွားရေး ကျန်းမာရေးက အလွန်ကောင်းနေတတ်ပါတယ်။

ပညာ ရေးကတော့ ပညာနှစ်ခုကို ပြိုင်တူသင်ယူခွင့်ရပါတယ်။ ပညာသင် ရင်းပျော်ရွှင်မှုရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၇/၅

အထူးဟော အဆိုးအကောင်းရောထွေးနေမည်။

ယတြာ ဆရာသမားတစ်ဦးဦးကိုတတ်နိုင်တဲ့ပစ္စည်းတစ်ခုခုနဲ့ကန်တော့လိုက်ပါ

 

သောကြာ

ဒီကာလကံကောင်းမှုတွေ ပြန်လည်တွေကြုံလာမယ်။ ငွေကြေးအများအပြားရရှိမယ့် အခွင့်အရေးတွေ ပေါ်ပေါက် လာမယ်။ ထီပေါက်နိုင်တဲ့ ကာလမို့ ထီကံစမ်းပေးပါ။

လုပ်ငန်းမှာ ထူးခြား၊ ထင်ပေါ်၊ ကျော်ကြားမှုတွေ ပေါ်ပေါက်လာမယ်။ ရွှေလက်ဝတ်ရတနာနှင့် ပတ်သက်သည်ပစ္စည်းတွေ ပိုင်ဆိုင်သုံးစွဲခွင့် ရရှိမည်။

လုပ်ငန်းနဲ့ ပတ်သက်ပြီး တရားမဝင် ငွေကြေးအကျိုးအမြတ် ထူးထူးခြားခြား ရရှိတတ်တဲ့ ကာလပါ။ ကံဇာတာတိုးတတ်နေတဲ့ ကာလဖြစ်ပေမယ့် ကျန်းမာရေးပိုင်း အညံ့နဲ မတော်တဆ ထိခိုက်မှုကို ဂရုစိုက်ပါ။

ပစ္စည်းတွေအလွယ်မထား ပါနဲ့။ပျောက်ရှတတ်ပါတယ်။ taxi တွေ၊စားသောက် ဆိုင်တွေမှာ ထိုင်ရင်း ပစ္စည်းမေ့ကျန်ခဲ့ရာကနေပျောက်ဆုံးတတ် ပါတယ်။

နိုင်ငံရပ်ခြားရောက်နေသူများ လစာတိုးခြင်းတွေ၊ နေရာပေးခံရခြင်းတွေကြုံ ရတတ်ပါတယ်။လုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မ ခက်ခဲနေတတ်ပါတယ်။

ငွေမမြုပ်အောင် သတိ ထားဆောင်ရွက်လိုက်ပါ။ စကားအပြောအဆိုကောင်းသူများ ငွေကြေး လာဘ်လာဘဝင်ပါလိမ့်မယ်။ ကိုယ်ခံအားနည်းနေ တတ် ပါ တယ်။

ဒါကြောင့်ပဲဥတုနဲ့ ညီအောင်နေထိုင်စားသောက်ပါ။ အချစ်ရေးမှာတော့ အေးစက် စက်ဖြစ်နေတဲ့အချစ်ရေးတွေ ပြန်လည် နွေးထွေးလာတတ်ပါတယ်။

အဆင်ပြေမဲ့အချစ်ရေးပါ။ အိမ်ထောင်ရေးမှာ တော့လိုတာထက်ပိုပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ဘက် ကြောင့် စိတ်ချမ်းမြေ့ရမည်။ပညာရေးအလွန်ကောင်းမည်။

အကျိုးပေးဂဏန်း ၂/၁/၆

အထူးဟော အလုပ်တွေကောင်းလာတတ်သည်။

ယတြာ အကြော်စုံဘုရားကပ်လှူပါ။

 

စနေ

ဒီကာလအတွင်း ခရီးသွားလာမှု မကြာခဏတွေ့ကြုံနိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အကူအညီအထောက်အပံ့ ကောင်းတွေ ရရှိပြီး အကျိုးရှိကြီးပွားနိုင်တဲ့ ကာလဖြစ်ပါတယ်။

နိုင်ငံခြားလုပ်ငန်းကိစ္စရပ်တွေအတွက် အကျိုးရှိအဆင် ပြေမယ်။ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ ငွေကြေးရရှိမှု ကံကောင်းနေပါတယ်။

လုပ်ငန်းမှား ရာထူးဘုန်းကံ တိုးတတ်မြင့်မားမှု ၊ ပြောင်းလဲ ကံကောင်း အောင်မြင်မှုတွေ လက်ဝယ်ရောက်ရှိလာပါလိမ့်မယ်။

အိမ်ခြံမြေ၊ ယာဉ်ရောင်းဝယ် ပိုင်ဆိုင်ဖို့ ကြိုးစား နေသူတွေအတွက် အဆင်ပြေနိုင်တဲ့ ကာလတစ်ခုအဖြစ် တွေ့ကြုံရနိုင်ပါတယ်။မူလပင်မအလုပ်ထက် ထပ်ချဲ့ထားတဲ့လုပ်ငန်း တွေကပိုမိုငွေ ဝင်တတ်ပါတယ်။

ဒီကာလဟာ အချိန်ပိုလေးတွေရလာတတ်တာ ကြောင့် မိမိလုပ်ချင်တာတွေလုပ်ဖို့အချိန် ရလာ တတ်ပါတယ်။

မိမိလက်စမသတ်နိုင်သေးတဲ့ အလုပ်တွေကိုတော့ ပြီး ပြတ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ ကျန်းမာရေး ကတော့ ရေချိုးမှား တတ်ပါတယ်။

ခေါင်းကိုလဲ အကြာကြီးအချိန်ဆွဲ ပြီးမလျှော်လိုက်ပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူထံက အကူအညီတွေရ လွယ်ပါတယ်။ မိမိထက်အသက်ကြီးတဲ့ချစ် သူကိုရထားသူများ ပိုကံကောင်းတဲ့နေ့ပါ။

အိမ်ထောင်ရေး သင့်ပါတယ်။ ပညာရေး ကတော့ မိမိကပဲအထူးကြိုးစားရ လိမ့်မယ်။ကံကမပေးဘူး။

အကျိုးပေးဂဏန်း ၂/၃/၉

အထူးဟော လူမှုရေးကိစ္စတွေနဲ့အချိန်ကုန်နေတတ်ပါတယ်။

ယတြာ ကော်ဖီမစ်ထုပ်လေးတွေမိတ်ဆွေတွေကိုဝေပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09775555695 09 44 5555 695

Cathering Services (၃၁)ခုကို သိရှိလိုပါက နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြ

ဒီကာလအတြင္းလုပ္ငန္းေဆာင္႐ြက္ဖို႔ အခြင့္အေရးေကာင္းေတြ လက္ဝယ္ေရာက္ရွိလာမည္။စိတ္ၾကည္လင္ေအးခ်မ္း မႈေတြကိုရလာမယ့္ကာလပါပဲ။

အလုပ္အတြက္ ကံေကာင္းမႈေတြ ေပၚေပါက္လာၿပီး ဘာပဲလုပ္လုပ္ အဆင္ေျပမႈ ေတြ႕ႀကဳံ ႏိုင္တဲ့ ကာလျဖစ္ပါတယ္။ လူမႈေရးကိစၥအတြက္ ပင္ပန္းမယ္။

ကိုယ့္သားခ်င္းေတြေၾကာင့္ အေႏွာက္အယွက္ႀကဳံတတ္ပါ တယ္။လုပ္ကိုင္ေဆာင္႐ြက္လို႔ ခက္ခဲေနရင္ေတာင္ ကူညီအႀကံဉာဏ္ေပးမယ့္ ဆရာသမားေတြနဲ႔ႀကဳံရတတ္ပါတယ္။

မိမိ အေကာင္အထည္ေဖာ္ခ်င္တဲ့ကိစၥမ်ိဳးေတြဒီကာလမွာစတင္သင့္ပါတယ္။

က်န္းမာ ေရး ကေတာ့မီးယပ္ႏွင့္ ဆိုင္ေသာေရာဂါ မ်ား၊အေရျပားအဖုအပိန႔္ထြက္ျခင္းမ်ိဳးျဖစ္တတ္ ပါတယ္။အခ်စ္ေရးမွာေတာ့ အသက္ႀကီးသူေတြရဲ႕ခ်စ္ျမတ္ႏိုးျခင္းကိုခံရ တတ္ပါတယ္။

လက္တြဲတာၾကာေနၿပီျဖစ္တဲ့ ခ်စ္သူစုံတြဲမ်ား ျပႆနာေဟာင္းေတြျပန္ေပါၿပီးစကားမ်ားရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ ကမိမိကို မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ျဖစ္တတ္ပါတယ္။

ခ်စ္တာထက္ စိတ္မခ်တာကပိုမ်ားေနတတ္ပါ တယ္။မိမိက အေနအထိုင္မတည္ၾကည္သူ ဆိုရင္ပိုဆိုးပါတယ္။

ပညာေရးကေတာ့ ဒီကာလဟာအစစအရာရာ ေကာင္းမြန္ေနပါလိမ့္မယ္။ႏိုင္ငံျခားဘာသာေလ့လာ ေနသူ မ်ားပိုမိုတတ္လြယ္မည္။

အက်ိဳးေပးဂဏန္း ၁/၈/၃

အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ဖို႔ တိုက္တြန္းလိုက္ရပါတယ္။

ယၾတာ ဇလုံထမင္းဘုရားရွင္အားဆြမ္းကပ္ပါ။

 

တနလၤာ

ဒီကာလအတြင္းဘုန္းကံအရွိန္အဝါ သိသိသာသာ ျမင့္မားတိုးတတ္မယ္။ ရာထူးတိုးတတ္မႈ ထူးျခားတဲ့ ကံေကာင္း မႈေတြ ဒီလိုအခ်ိန္မွာ မလိုခ်င္လည္း အလိုလိုေရာက္ရွိလာတတ္ပါတယ္။

အလုပ္အတြက္ပင္ပန္းရေပမယ့္ ေပးဆပ္သေလာက္ အက်ိဳးရွိႀကီးပြားမယ္။ စီးပြားေရးကိစၥေတြ ကိုယ္ေမွ်ာ္မွန္းတာထက္ တိုးတတ္လာပါမယ္။

ဘာသာေရးကိစၥ၊ အလႉအတန္းကိစၥ ရပ္ေတြ မိသားစုမွာ ေတြ႕ႀကဳံလာမယ္။ ႏိုင္ငံျခား အခြင့္အေရးေကာင္းေတြ ေတြ႕ႀကဳံၿပီး ကိုယ့္ရဲ႕ ေဆာင္႐ြက္မႈေတြအတြက္ ေ႐ႊျဖစ္ႏိုင္တဲ့ ကာလျဖစ္ပါတယ္။

ေငြဝင္ေကာင္းသလို အကုန္အက်မ်ားျပားေနမယ္။ ေငြေၾကးကိစၥအတြက္ မိသားစုျပႆနာ မ်ားေျဖရွင္းရမည္။ ကြန္ပ်ဴႏွင့္နည္းပညာပစၥည္းမ်ား ဝယ္ျဖစ္တာေၾကာင့္ေငြကုန္ရတတ္ပါတယ္။

က်န္းမာေရးကေတာ့ ဝမ္းခ်ဳပ္ႏွင့္ရင္ၾကပ္ ေခ်ာင္းဆိုးေရာဂါေတြကို သတိထားလိုက္ပါ။ မိတ္ကပ္အသစ္ မ်ား သတိထားလိမ္းပါ။ မ်က္ႏွာကိုအသား အေရကိုဒုကၡေပးတတ္တဲ့ကာလပါပဲ။

ခ်စ္သူနဲ႔ဆက္ဆံေရး တင္းမားေနတတ္ပါတယ္။ ညႇိႏႈိင္းမရေသာ ျပႆနာေလးေတြေပၚ လာ တတ္ပါတယ္။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕အေျပာသန္၊ အျငင္း သန္မႈေၾကာင့္ စိတ္ညစ္စိတ္ရႈပ္ေနရ တတ္ပါတယ္။

ပညာေရးမွာေတာ့ ပညာသင္ယူဖို႔ ျပင္ဆင္သင္တန္းအပ္ၿပီးမွ မတတ္ျဖစ္တာမ်ိဳးႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၅

အထူးေဟာ ကံျမင့္မားေနတတ္ပါတယ္။

ယၾတာ ေရွ႕ေဟာင္းဘုရားတစ္ဆူကိုသြားၿပီး ၂၄ပစၥည္းကိုသက္ေစ့႐ြတ္ပြားလိုက္ပါ။

 

အဂၤါ

ဒီကာလအတြင္းကံေကာင္းမႈေတြ နီးကပ္လာေပမယ့္ သင့္အတြက္ အခက္အခဲေတြ ျဖတ္ေက်ာ္ရဦးမွာပါ။ လူမႈေရး အညံ့အတြက္ စိတ္ေသာကႀကဳံမယ္။

လုပ္ေဖာ္ကိုင္ဖက္ေတြကို ယုံၾကည္မိလို႔ စီးပြားေရးမွာ ဆုံးရႈံးရတတ္ပါတယ္။ ဘာပဲ လုပ္လုပ္ အတိုက္အခံႀကဳံတတ္ေပမယ့္ ေအာင္ျမင္စြာ ေျဖရွင္းႏိုင္မွာပါ။

အႀကီးအကဲ မိဘေတြနဲ႔ စကားကေတာက္ကဆ မ်ားတတ္ၿပီး လုပ္ငန္းခြင္မွာ ရာထူးအတြက္၊ လုပ္ငန္းသစ္တိုးခ်ဲ႕မႈအတြက္ အဆင္မေျပျဖစ္ရတတ္ပါတယ္။

ဆရာမိဘေတြ ကူညီေစာင့္ေရွာက္မႈေၾကာင့္ပဲ စီးပြားေရးျပန္လည္တည့္မတ္လာပါလိမ့္မယ္။ ရဲရဲဝံ့ဝံ့ ရင္ဆိုင္ျခင္းအတြက္ ကံေကာင္းမႈေတြ ေပၚေပါက္လာႏိုင္ပါတယ္။

က်န္းမာေရးအထူးညံ့ဖ်င္းေနတာကိုေတာ့ မေတြ႕ရပါဘူး။ စားဝင္၊အိပ္ေပ်ာ္ေနေကာင္းပါလိမ့္မယ္။ ႏိုင္ငံျခားသြားဖို႔ ေစာင့္ဆိုင္းေနသူမ်ား သတင္းေကာင္းၾကား ရတတ္ပါတယ္။

စိတ္ကူး ထားသမွ်အႀကံေကာင္းေတြကို အရာရာ ထုတ္မေျပာသင့္ပါဘူး။ သူမ်ားကမိမိထက္ဦး ေအာင္လုပ္သြားတတ္ပါတယ္။

အခ်စ္ ေရးမွာေတာ့ခ်စ္သူသက္တမ္းနည္း ေသးသူမ်ား ျပႆနာေပါင္းစုံတတ္ပါလိမ့္ မယ္။ ခ်စ္သူသက္တမ္းၾကာေနသူမ်ား လက္ထပ္ရန္ အခြင့္အေရးေကာင္း မ်ားေပၚလာမည္။

အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္ေရာ၊ ကိုယ္ေရာ ေသြးေအးေနတတ္ပါ တယ္။ ပညာေရးမွာ တြက္စာ ပိုမိုပိုင္ႏိုင္လာလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၃/၆/၅

အထူးေဟာ စိတ္ခ်မ္းသာစရာမ်ားေနတတ္ပါတယ္။

ယၾတာ အိမ္ကဘုရားေဆာင္ကိုသန႔္ရွင္းေရးလုပ္ပါ။ဘုရားရွင္ကိုေရသပၸယ္ပါ။

 

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းထူးထူးျခားျခား မ်က္ႏွာပြင့္တတ္မယ္။ လူမႈေရးကိစၥေတြ အမ်ားအျပား ေဆာင္႐ြက္ၿပီး ေသာကႀကဳံရ တတ္ပါတယ္။ မိမိႀကံစည္မႈေတြမွာ အခက္အခဲနဲ႔ ယွဥ္တြဲၿပီး ေအာင္ျမင္မႈေတြ ရယူႏိုင္မွာပါ။

မိမိေဆာင္႐ြက္မႈေတြမွာ လူမႈေရး အားနာလိုက္ေလ်ာမႈေတြေၾကာင့္ ထင္သေလာက္အက်ိဳးမရွိတတ္ပါဘူး။ ေငြေၾကးကံေကာင္းေနတတ္ၿပီး စိတ္ပင္ပန္းမႈေတြနဲ႔ လုပ္ငန္းေတြ ေဆာင္႐ြက္ေနရပါမယ္။

ဆက္သြယ္ေရးပစၥည္းေတြေၾကာင့္ စိတ္အေႏွာက္အယွက္ ႀကဳံေတြ႕ရႏိုင္ပါတယ္။ ကံ အေကာင္း ႏွင့္ အဆိုး ဒြန္တြဲေနတတ္ပါတယ္။ေျမ၊ၿခံ၊အိမ္ေရာင္းခ်င္သူမ်ား ေဈးေကာင္းရဖို႔ခက္ခဲတဲ့ကာလပါပဲ။

ခရီးကိစၥ ေတြ အဆင္ေျပ လိမ့္မယ္။ ေဈးသည္မ်ား ဆိုင္မ်ား အျမတ္အစြန္းနည္းေနတတ္ပါတယ္။

အဆင္ေျပေပမဲ့ ေငြအရနည္းတဲ့ သေဘာ ပါ။ ကုန္သြယ္စီးပြားႏွင့္ခရီးသြားလုပ္ငန္းလုပ္ကိုင္ေနသူမ်ားအဆင္ေျပပါလိမ့္မယ္။

က်န္းမာ ေရးကေတာ့ ဖ်ားနာတာမျဖစ္ဘဲ ၊ေခ်ာ္လဲတာမ်ိဳး၊ ထိခိုက္မႈ၊ေသြးထြက္သံယိုအေသးစားေလးေတြအလြန္ပဲျဖစ္ရ တတ္ပါတယ္။

အခ်စ္ေရးကအဆင္ေျပပါ တယ္။ ဒါေပမဲ့ ေဆြမ်ိဳးေတြ အေႏွာက္အယွက္ေတာ့ ရွိေနတာမ်ိဳးေတြ႕ ရပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ေငြေၾကးနဲ႔ဆက္ႏြယ္ ၿပီး လင္မယားခ်င္းစကားမ်ားရတတ္ပါတယ္။

ပညာေရး မွာေတာ့ ႐ုတ္တရက္ ပညာေရးမွာအခက္အခဲေပၚမည္။ ပညာေရး ရပ္ဆိုင္းမႈေတြႀကဳံရမည္။

အက်ိဳးေပးဂဏန္း ၆/ဝ/ဂ

အထူးေဟာ ကံအင္အားနည္းေနတတ္ပါတယ္။

ယၾတာ ကိတ္မုန႔္နဲ႔ ေကာ္ဖီဘုရားကပ္လႉဆုေတာင္းလိုက္ပါ။

 

ၾကာသပေတး

ဒီကာလထဲျပင္းထန္တဲ့ထိုးႏွက္တိုက္ခိုက္မႈေတြသင့္ရဲ႕အနားမွာဝန္းရံေနမယ္။ ဘာပဲလုပ္လုပ္ အေႏွာက္အယွက္ ႀကဳံမယ္။ စိတ္ဖိစီးမႈေတြနဲ႔ အလိုမက်မႈေတြအတြက္ ေခါင္းမီးလွ်ံေတာက္ေလာင္ေနလိမ့္မည္။

မလိုအပ္တဲ့ ေငြကုန္မႈေတြ အတြက္ ထိန္း ခ်ဳပ္ႏိုင္ဖို႔ အားနည္းေနမယ္။ ခရီးရွည္ထြက္ဖို႔ အစီအစဥ္ေတြ အေႏွာက္အယွက္ရွိလာႏိုင္သည္။

လုပ္ငန္းအတြက္ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ရေပမယ့္ အတိုက္အခံအတြက္ စိတ္ရွည္ရွည္နဲ႔ ေျဖရွင္းဖို႔ လိုအပ္ပါလိမ့္မယ္။ အရာရာသည္းခံၿပီး သတိရွိသင့္တဲ့ကာလမို႔ ဘာသာေရး ေဆာင္႐ြက္ပါ။

မေမွ်ာ္လင့္ဘဲ မိမိတတ္ကြၽမ္းတဲ့ပညာေတြကိုသူမ်ားကိုသင္ေပး ခြင့္ႀကဳံပါတယ္။ ရတနာေရာင္းဝယ္ေရးလုပ္ သူမ်ား၊ေက်ာက္ အေရာင္း အဝယ္လုပ္သူမ်ားပိုမိုအဆင္ေျပ တိုးတတ္ပါလိမ့္မယ္။

ျပည္ပခရီးစဥ္မ်ားသြားေရာက္လို႔ အဆင္ေျပပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အေၾကာတတ္၊ေညာင္းကိုက္တာမ်ိဳးေတြျဖစ္ လြယ္ပါတယ္။

ေသြးတိုး သမားမ်ား ေသြးေပါင္အၿမဲခ်ိန္ၿပီး ေဆးေသာက္သင့္တဲ့ေန႔ရက္ေတြပါပဲ။ အခ်စ္ေရးအဆင္ေျပပါ လိမ့္မယ္။ အမ်ား တကာေတြအားက်ရတဲ့ထိ အခ်စ္ေရးအဆင္ ေျပပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ တက်က္ က်က္ျဖစ္ေနတတ္ေသာ္လည္း အိမ္ေထာင္ဘက္ရဲ႕စီးပြားေရး က်န္းမာေရးက အလြန္ေကာင္းေနတတ္ပါတယ္။

ပညာ ေရးကေတာ့ ပညာႏွစ္ခုကို ၿပိဳင္တူသင္ယူခြင့္ရပါတယ္။ ပညာသင္ ရင္းေပ်ာ္႐ႊင္မႈရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၇/၅

အထူးေဟာ အဆိုးအေကာင္းေရာေထြးေနမည္။

ယၾတာ ဆရာသမားတစ္ဦးဦးကိုတတ္ႏိုင္တဲ့ပစၥည္းတစ္ခုခုနဲ႔ကန္ေတာ့လိုက္ပါ

 

ေသာၾကာ

ဒီကာလကံေကာင္းမႈေတြ ျပန္လည္ေတြႀကဳံလာမယ္။ ေငြေၾကးအမ်ားအျပားရရွိမယ့္ အခြင့္အေရးေတြ ေပၚေပါက္ လာမယ္။ ထီေပါက္ႏိုင္တဲ့ ကာလမို႔ ထီကံစမ္းေပးပါ။

လုပ္ငန္းမွာ ထူးျခား၊ ထင္ေပၚ၊ ေက်ာ္ၾကားမႈေတြ ေပၚေပါက္လာမယ္။ ေ႐ႊလက္ဝတ္ရတနာႏွင့္ ပတ္သက္သည္ပစၥည္းေတြ ပိုင္ဆိုင္သုံးစြဲခြင့္ ရရွိမည္။

လုပ္ငန္းနဲ႔ ပတ္သက္ၿပီး တရားမဝင္ ေငြေၾကးအက်ိဳးအျမတ္ ထူးထူးျခားျခား ရရွိတတ္တဲ့ ကာလပါ။ ကံဇာတာတိုးတတ္ေနတဲ့ ကာလျဖစ္ေပမယ့္ က်န္းမာေရးပိုင္း အညံ့နဲ မေတာ္တဆ ထိခိုက္မႈကို ဂ႐ုစိုက္ပါ။

ပစၥည္းေတြအလြယ္မထား ပါနဲ႔။ေပ်ာက္ရွတတ္ပါတယ္။ taxi ေတြ၊စားေသာက္ ဆိုင္ေတြမွာ ထိုင္ရင္း ပစၥည္းေမ့က်န္ခဲ့ရာကေနေပ်ာက္ဆုံးတတ္ ပါတယ္။

ႏိုင္ငံရပ္ျခားေရာက္ေနသူမ်ား လစာတိုးျခင္းေတြ၊ ေနရာေပးခံရျခင္းေတြႀကဳံ ရတတ္ပါတယ္။လုပ္ငန္းရွင္မ်ား ေငြေၾကးလည္ပတ္မ ခက္ခဲေနတတ္ပါတယ္။

ေငြမျမဳပ္ေအာင္ သတိ ထားေဆာင္႐ြက္လိုက္ပါ။ စကားအေျပာအဆိုေကာင္းသူမ်ား ေငြေၾကး လာဘ္လာဘဝင္ပါလိမ့္မယ္။ ကိုယ္ခံအားနည္းေန တတ္ ပါ တယ္။

ဒါေၾကာင့္ပဲဥတုနဲ႔ ညီေအာင္ေနထိုင္စားေသာက္ပါ။ အခ်စ္ေရးမွာေတာ့ ေအးစက္ စက္ျဖစ္ေနတဲ့အခ်စ္ေရးေတြ ျပန္လည္ ေႏြးေထြးလာတတ္ပါတယ္။

အဆင္ေျပမဲ့အခ်စ္ေရးပါ။ အိမ္ေထာင္ေရးမွာ ေတာ့လိုတာထက္ပိုၿပီးေတာ့ဂ႐ုစိုက္တဲ့ အိမ္ေထာင္ဘက္ ေၾကာင့္ စိတ္ခ်မ္းေျမ့ရမည္။ပညာေရးအလြန္ေကာင္းမည္။

အက်ိဳးေပးဂဏန္း ၂/၁/၆

အထူးေဟာ အလုပ္ေတြေကာင္းလာတတ္သည္။

ယၾတာ အေၾကာ္စုံဘုရားကပ္လႉပါ။

 

စေန

ဒီကာလအတြင္း ခရီးသြားလာမႈ မၾကာခဏေတြ႕ႀကဳံႏိုင္တယ္။ စီးပြားေရးလုပ္ငန္းေတြမွာ အကူအညီအေထာက္အပံ့ ေကာင္းေတြ ရရွိၿပီး အက်ိဳးရွိႀကီးပြားႏိုင္တဲ့ ကာလျဖစ္ပါတယ္။

ႏိုင္ငံျခားလုပ္ငန္းကိစၥရပ္ေတြအတြက္ အက်ိဳးရွိအဆင္ ေျပမယ္။ ႏိုင္ငံျခားနဲ႔ ပတ္သက္တဲ့ ေငြေၾကးရရွိမႈ ကံေကာင္းေနပါတယ္။

လုပ္ငန္းမွား ရာထူးဘုန္းကံ တိုးတတ္ျမင့္မားမႈ ၊ ေျပာင္းလဲ ကံေကာင္း ေအာင္ျမင္မႈေတြ လက္ဝယ္ေရာက္ရွိလာပါလိမ့္မယ္။

အိမ္ၿခံေျမ၊ ယာဥ္ေရာင္းဝယ္ ပိုင္ဆိုင္ဖို႔ ႀကိဳးစား ေနသူေတြအတြက္ အဆင္ေျပႏိုင္တဲ့ ကာလတစ္ခုအျဖစ္ ေတြ႕ႀကဳံရႏိုင္ပါတယ္။မူလပင္မအလုပ္ထက္ ထပ္ခ်ဲ႕ထားတဲ့လုပ္ငန္း ေတြကပိုမိုေငြ ဝင္တတ္ပါတယ္။

ဒီကာလဟာ အခ်ိန္ပိုေလးေတြရလာတတ္တာ ေၾကာင့္ မိမိလုပ္ခ်င္တာေတြလုပ္ဖို႔အခ်ိန္ ရလာ တတ္ပါတယ္။

မိမိလက္စမသတ္ႏိုင္ေသးတဲ့ အလုပ္ေတြကိုေတာ့ ၿပီး ျပတ္ေအာင္လုပ္သြားႏိုင္ပါလိမ့္မယ္။ က်န္းမာေရး ကေတာ့ ေရခ်ိဳးမွား တတ္ပါတယ္။

ေခါင္းကိုလဲ အၾကာႀကီးအခ်ိန္ဆြဲ ၿပီးမေလွ်ာ္လိုက္ပါနဲ႔။ အခ်စ္ေရးမွာေတာ့ ခ်စ္သူထံက အကူအညီေတြရ လြယ္ပါတယ္။ မိမိထက္အသက္ႀကီးတဲ့ခ်စ္ သူကိုရထားသူမ်ား ပိုကံေကာင္းတဲ့ေန႔ပါ။

အိမ္ေထာင္ေရး သင့္ပါတယ္။ ပညာေရး ကေတာ့ မိမိကပဲအထူးႀကိဳးစားရ လိမ့္မယ္။ကံကမေပးဘူး။

အက်ိဳးေပးဂဏန္း ၂/၃/၉

အထူးေဟာ လူမႈေရးကိစၥေတြနဲ႔အခ်ိန္ကုန္ေနတတ္ပါတယ္။

ယၾတာ ေကာ္ဖီမစ္ထုပ္ေလးေတြမိတ္ေဆြေတြကိုေဝေပးလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 09775555695 09 44 5555 695

Cathering Services (၃၁)ခုကို သိရွိလိုပါက ႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under