ချစ်သူနဲ့ စတင်တွေ့မည့်နေ့ ကောင်လေးတွေရဲ့ အပြုအမူများ

ချစ်သူနဲ့ စတင်တွေ့မည့်နေ့ ကောင်လေးတွေရဲ့ အပြုအမူများ google.com

စတွေ့ပြီး ချစ်သူဘ၀ရောက်ချိန် နှစ်ဦးသားချိန်းတွေ့တဲ့အခါမှာ အလှဆုံးဖြစ်နေစေဖို့၊

မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေဖို့အတွက် မိန်းကလေးတိုင်းကတော့ အလှအပ၊ အဝတ်အစားအပြင်အဆင် စတာတွေကို အချိန်ယူပြင်ဆင်တတ်ကြပါတယ်။

 

ဒါကိုလည်း ကောင်လေးတွေတော်တော်များများ သိကြပါလိမ့်မယ်။ တချို့ကကောင်လေးတွေကလည်း မိန်းကလေးတွေလိုပဲ လိုက်လုပ်တတ်ကြတဲ့ လူရှိတဲ့ အကြောင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

အသစ်ဝတ်ဆင်ခြင်း

 

ချစ်သူနဲ့ တွေ့ဆုံဖို့အတွက် လုပ်တော့မယ်ဆိုရင် ကောင်လေးတွေက အ၀တ်အစားအသစ်ကို ၀တ်ကြတာများကြောင်း သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ အနံ့ဆိုးများထွက်မှာ စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ အသစ်ကိုသာဝတ်ဆင်ကြတယ်လို့ သိရပါတယ်။

 

လေ့ကျင်ခန်းလုပ်ခြင်း

 

ကိုယ့်ရဲ့ချစ်သူကောင်မလေးရှေ့မှာ အားကိုးချင်စရာကောင်းလောက်တဲ့ လူစွမ်းကောင်းကြီးတွေ ဖြစ်ချင်ကြပါတယ်။

 

တချို့က ချစ်သူနဲ့မချိန်းခင်မှာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းနေစေဖို့အတွက် Gym သွားပြီး ကစားတတ်ကြပါ သေးတယ်။

 

ရှင်းလင်းထားခြင်း

 

ချစ်သူနဲ့ တွေ့တဲ့အချိန် သူ့ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေ၊ မက်ဆေ့တွေ၊ ချစ်သူနဲ့ ပြဿနာတက်စေနိုင်မယ့် ဓာတ်ပုံ၊ အကောင့် စတာတွေကို အပြတ်ရှင်းလင်းထားတတ်ကြပါတယ်။

 

ကြိုတင်စဉ်းစားခြင်း

 

ချစ်သူနဲ့တွေ့တဲ့အခါမှာ ပျော်ရွှင်အောင်၊ ချစ်သူကို ဆွဲဆောင်နိုင်အောင် ဘယ်လိုစကားလုံးတွေနဲ့ ပြောဆိုရမယ်၊ ဘယ်လိုအကြောင်းအရာတွေကို ပြောဆိုရမလဲဆိုတာကို ကြိုတင်ပြီး သူငယ်ချင်းအကူအညီများကိုယူ၍ စဉ်းစား တတ်ကြပါသေးတယ်။

Read times Last modified on Wednesday, 19 September 2018 14:45
Rate this item
(3 votes)