အလိုက်သိတဲ့ ခင်ပွန်းကောင်းဆိုတာ

အလိုက်သိတဲ့ ခင်ပွန်းကောင်းဆိုတာ google

ချစ်သူစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက်နားလည်မှု၊ ချစ်ခင်ကြင်နာမှုတွေကို နှစ်ရှည်လများတည်ဆောက်ပြီးတဲ့အခါ ဖူးစာဖက်မှန်ရင် ရွှေလက်ခိုင်ခိုင်တွဲသွားကြလေ့ရှိပါတယ်။

နှစ်ယောက်တစ်ဘဝထူထောင်တဲ့အခါ ချစ်နေရုံနဲ့မပြီးသေးပါဘူး။ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ဘဝကိုအတူတူဖြတ်သန်းကြရတာပါပဲ။

 

ဒီလိုနှစ်ယောက်တစ်ဘဝ တည်ဆောက်တဲ့အခါ မိန်းကလေးကလည်း ဇနီးဝတ္တရားကျေပွန်အောင် ကြိုးစားရမှာဖြစ်သလို ယောကျာ်းလေးတို့ကလည်း ကိုယ့်ရဲ့ ခင်ပွန်းဝတ္တရားကျေပွန်အောင် ထမ်းဆောင်ကြမှာပဲဖြစ်ပါတယ်။ အသေးအဖွဲလေးတွေကိုလည်း လျစ်လျူမရှုထားဘဲ ဂရုစိုက်ပေးရပါမယ်။

အခုဖော်ပြပေးမယ့်အချက်လေးတွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် သူမအပေါ်ထားတဲ့သင့်ရဲ့အချစ်တွေကို ဖော်ပြရင်း သင်ကခင်ပွန်းကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်ပါ။

 

သူမ ကြိုက်နှစ်သက်တဲ့အရာတွေကိုလေ့လာမှတ်သားထားပါ

သူမ စိတ်ညစ်နေတဲ့အချိန်မှာ တစ်ယောက်တည်းနေရတာကို ကြိုက်နှစ်သက်တာလား၊ သူမက ကော်ဖီကြိုက်တဲ့သူလား၊ ဒါမှမဟုတ် လက်ဖက်ရည်ကြိုက်တဲ့သူလား စတဲ့အသေးအဖွဲလေးတွေကအစ မှတ်ထားပေးခြင်းက သင် သူ့အပေါ်ဘယ်လောက်ဂရုစိုက်သလဲဆိုတာကို ပြသရာရောက်ပြီး သင်တို့နှစ်ဦးကြားဆက်ဆံရေးကိုကောင်းမွန်စေပါတယ်။

 

သူမ မနက်စောစောမထနိုင်တဲ့နေ့မျိုးမှာကလေးတွေ ကျောင်းသွားဖို့ကိုသင်ပဲပြင်ဆင်ပေးလိုက်ပါ

သူမလည်း လူသားတစ်ယောက်ပေမို့ ပင်ပန်းနွမ်းနယ်တဲ့အချိန်တွေရှိမှာပါပဲ။ တစ်ခါတလေ နေမကောင်းဖြစ်လို့ မနက်မထနိုင်တဲ့အခါ သူမကိုအိပ်ရေးဝဝဆက်အိပ်စေပြီး သင်ကိုယ်တိုင်ပဲကလေးတွေကိုဂရုစိုက်ပေးလိုက်ပါ။

 

သူမရဲ့မျက်လုံးကို ကြည့်ပြီး စကားပြောပါ

မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ပြောလို့ရှိပါတယ်။ သူမရဲ့ မျက်လုံးတွေကို ဂရုတစိုက်ကြည့်ရင်းသူမရဲ့စိတ်ကို ဖတ်ပါ။ ၂၄ နာရီ ၇ ရက်ပတ်လုံး မျက်လုံးကိုစိုက်ကြည့်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လေးနက်တဲ့ကိစ္စတွေ တိုင်ပင်ဆွေးနွေးတဲ့အခါမျိုးမှာ မျက်လုံးချင်းဆုံပေးရပါမယ်။ ပြီးတော့ မနက်ဖြန်ကျ ဘာချက်စားကြမလဲ ဆိုပြီး ပေါ့ပေါ့ပါးပါးတိုင်ပင်တဲ့အခါမျိုးမှာလည်း မျက်လုံးအကြည့်ချင်းစကားပြောပေးဖို့လိုပါမယ်။

 

သင့်ရဲ့ အလှည့်ကို စောင့်ပါ

သူမတစ်နေ့တာကြုံတွေ့ဖြတ်သန်းခဲ့ရသမျှတွေကို သင့်ကို ပြောပြတဲ့အခါ ကြားဖြတ်မပြောဘဲစိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ။ သင်တို့ နှစ်ယောက် အခြေအတင် ငြင်းခုန်တဲ့အခါမျိုးမှာလည်း သူမရဲ့ထင်မြင်ချက်ကို ဆုံးအောင်နားထောင်ပေးပါ။ ပြီးမှ သင့်ရဲ့အမြင်ကိုပြန်ပြောပြသင့်ပါတယ်။ သူမလည်း ထိုနည်းတူ ပြုလုပ်သင့်ပါတယ်။

 

တစ်ယောက်ကိုတစ်ယောက် ကိုယ်ပိုင်အချိန်ပေးပါ

သင်တို့ရဲ့အချိန်ကို ၂၄ နာရီလုံးလုံး ရာနှုန်းပြည့်အတူတူကုန်ဆုံးစရာမလိုပါဘူး။ ကိုယ် ဝါသနာပါတဲ့အရာတွေကိုအချိန်ပေးမယ်၊ ကိုယ့်မိဘ ညီအစ်ကိုမောင်နှမတွေဆီအလည်သွားမယ်၊ သူငယ်ချင်းတွေနဲ့လည်း အပြင်ထွက်လည်မယ် စသည်ဖြင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက်လည်းအချိန်ပေးပါ။ တစ်ယောက်ကိုတစ်ယောက် ကိုယ်ပိုင်အချိန်ပေးခြင်းအားဖြင့် သင်တို့ရဲ့ဆက်ဆံရေးကိုပိုမိုခိုင်မြဲအောင်ကူညီပေးနိုင်ပါတယ်။

 

Source : Nextluxury

Myanmar Wedding Guide

Read times Last modified on Tuesday, 19 February 2019 16:22
Rate this item
(1 Vote)