ချစ်သူစုံတွဲတွေကြားမှာအဖြစ်များတတ်တဲ့ ပြဿနာများ…
ချစ်သူစုံတွဲတွေကြားမှာအဖြစ်များတတ်တဲ့ ပြဿနာများ… google
အားလုံးပဲမင်္ဂလာပါရှင်။Relationships တစ်ခုတည်ဆောက်တယ်ဆိုတာဟာ လူနှစ်ဦးညှိနှိုင်းရင်းနေကြရတာဖြစ်လို့ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ ငြင်းခုန်မှုတွေရှိတယ်ဆိုတာမဆန်းပါဘူး။
အမြဲတမ်းပြဿနာဖြစ်နေကြတာမျိုးထက်ပြဿနာမဖြစ်ခင် ဝေးဝေးကနေရှောင်တတ်ဖို့လည်းလိုအပ်ပါတယ်နော်။
ဒါကြောင့်ဒီနေ့မှာ ချစ်သူစုံတွဲတွေကြားမှာအဖြစ်များတတ်တဲ့ ပြဿနာလေးတွေကို သတိထားလို့ရအောင်ဖော်ပြပေးချင်ပါတယ်။
ပြဿနာဖြစ်ပြီဆိုရင် ဖြေရှင်းဖို့မကြိုးစားဘဲ လျစ်လျူရှုတယ်ဆိုတာဟာပြဿနာသေးသေးလေးကို အကြီးကြီးဖြစ်သွားအောင် လုပ်လိုက်တာနဲ့အတူတူပါပဲ။
ပြဿနာဆိုတာဖြစ်လာတာနဲ့ တချိန်တည်းမှာပဲ တစ်ဖက်သားလက်ခံယုံကြည်လာအောင် ဖြေရှင်းပေးတတ်ဖို့က Relationships တစ်ခုမှာ အရေးကြီးတဲ့အခန်း ကဏ္ဍကပါဝင်နေပါတယ်နော်။
ဒုတိယတစ်ချက်အနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးဘူးဆိုရင်တော့ Relationships တစ်ခုဟာ တည်မြဲဖို့အလားအလာနည်းသထက်နည်းလာမှာဖြစ်ပါတယ်။
အနည်းဆုံးအတူလမ်းလျှောက်ပါ၊ ဒိုင်ယာရီအတူရေးပါ၊ ဟာသရယ်စရာစကားလေးတွေအတူပြောပြီး နှစ်ယောက်အတူအချိန်ကုန်ခြင်းကလည်း ရင်းနှီးမှုပိုမိုရရှိစေပါတယ်။
ကိုယ်နဲ့အတူနေထိုင်တဲ့လူဟာ ဘယ်လိုစိတ်ထားရှိလဲဆိုတာကို အမြဲလေ့လာပါ။ စကားပြောမယ်။တစ်ဖက်ကပြောတာကို သေချာဂရုစိုက်နားထောင်ပေးမယ်။
သူ့အတွက် အချိန်ပေးမယ် စတဲ့နှစ်သက်ဖွယ်အလေ့အထတွေကိုနှစ်ဦးနှစ်ဖက်နားလည်ထားမှသာလျှင် Relationships တစ်ခုဟာအဆင်ပြေမှာပဲဖြစ်ပါတယ်။
Tailors စက်ချုပ်ဆိုင်ပေါင်း ၄၄၁၈ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
1we
Read times Last modified on Friday, 28 February 2020 17:14
Rate this item
(0 votes)
Tagged under