ဘယ်လို ယောကျာ်းလေးမျိုးဆို အသည်းနှလုံးကို အပ်နှင်းသင့်သလဲ

ဘယ်လို ယောကျာ်းလေးမျိုးဆို အသည်းနှလုံးကို အပ်နှင်းသင့်သလဲ google


 

 


 


 


 


 

dfg1

 


 


 


 


 


 


 


 


 


 

ex1

 


 


 


 


 


 


 





Unicode

 

 

ဒီနေ့မှာတော့ ဘယ်လို ယောကျာ်းလေးမျိုးဆို ချစ်တို့ရဲ့အသည်းနှလုံးကို အပ်နှင်းသင့်သလဲ ဆိုတဲ့အချက်လေးကို မင်မင်ကပြောပြပေးချင်ပါတယ်နော်။

 

ဘုရားရှိခိုးတိုင်း ကိုယ့်ကို ရည်စူးပြီး မေတ္တာပို့ပေးတဲ့ ယောကျာ်းလေးမျိုး

 

ချစ်တို့ရဲ့ ဆံနွယ်တွေကို တယုတယ ကိုင်တွယ် ဆော့ကစားတတ်တဲ့သူ။

 

ချစ်တို့အတွက် စာလေးတွေ ရေးထားလေ့ရှိတဲ့သူ။

 

ချစ်တို့စကားပြောတဲ့ အခါတိုင်း ချစ်တို့မျက်လုံးတွေထဲ စူးစိုက် ငေးနေတတ်သူ။

 

သူ့ရဲ့ အင်္ကျီကို ချစ်တို့အတွက် ငှားပေးတတ်တဲ့သူ။

 

ကလေးလေးတွေကို ချစ်တတ်သူ၊ ကလေးလေးတွေရဲ့ အချစ်ခံရသူ။

 

ချစ်တို့ဆံကေသာမှာ ပန်းလေးတွေ ပန်ပေးတတ်သူ။

 

ချစ်တို့်နဲ့ အတူ လမ်းကြာကြာ လျှောက်ချင်သူ။

 

ဘယ်လို အကြောင်းအရာတွေက ချစ်တို့်ကို ပြုံးသွားစေသလဲ ဆိုတာ သေချာသိနေတဲ့သူ။

 

ချစ်တို့အတွက် ကာကွယ်ပေးချင်တဲ့ သူ။

 

ချစ်တို့ စကားအကြာကြီး ပြောနေလည်း မညဉ်းမညူ နားထောင်ပေးတတ်သူ။

 

ချစ်တို့်ကို လှတယ်လို့ မြင်သူ။

 

ချစ်တို့အပေါ် ရိုးသားသူ။

 

ချစ်တို့ကို စောင့်နေရရင် အချိန်ဘယ်လောက်ကြာကြာ မငြိုငြင်သူ။

 

ချစ်တို့်ရဲ့ အပြုံးတွေကို ငေးမောနေတတ်သူ။

 

ချစ်တို့်အတွက် ရည်ညွှန်းတဲ့ သီချင်းတွေ ဆိုပေးတတ်သူ။

 

ချစ်တို့်အနား ရောက်လာတဲ့ အခါတိုင်း ပြုံးနေတတ်သူ။

 

ဘဝကို တန်ဖိုးထားတဲ့သူ။

 

ချစ်တို့်နဲ့ ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ ချမှတ်ထားတဲ့သူ။

 

ကဲ ချစ်တို့ရေ ဒီလိုအချက်တွေ၊အရည်အချင်းတွေ ရှိတဲ့လူမျိုးကချစ်ခွင့်ပန်ထားရင်တော့ မြန်မြန်သာ ပြန်ချစ်လိုက်ပါတော့နော်။

 

Myanmar Wedding Guide

 

3

Read times Last modified on Tuesday, 08 October 2019 14:50
Rate this item
(0 votes)
Tagged under