ချစ်သူကောင်မလေးဘက်ကသင့်ကိုစိတ်နာသွားစေနိုင်တဲ့အပြုအမူ(၆)မျိုး

ချစ်သူကောင်မလေးဘက်ကသင့်ကိုစိတ်နာသွားစေနိုင်တဲ့အပြုအမူ(၆)မျိုး google.com

ချစ်သူတွေပြတ်စဲ ကြတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ချစ်သူကို စိတ်နာအောင်လုပ်မိလို့ ပြတ်တာမျိုးလည်း ရှိကြတာပါပဲ။ သင့်ချစ်သူကို စိတ်နာအောင်လုပ်မိလို့ ချစ်သူနဲ့ပြတ်သွားတယ်မဖြစ်ရအောင် ဒါလေးတွေကိုသိထားဖို့လိုတယ်နော်။

 

 

() မလိမ်သင့်

 

ကိစ္စကြီးကြီးသေးသေး လိမ်ပြောတာက ဆိုးကျိုးကိုသာ ဖြစ်စေနိုင်တာပါ။ သင်ချစ်တဲ့သူကိုတောင်မှ လိမ်ပြောနေမယ်ဆိုရင် ဘယ်သူ့အပေါ်မှာ ရိုးသားမှာလဲ။ သူ့ကိုခဏခဏ လိမ်ပြောနေမယ်ဆိုရင် သူစိတ်နာသွားပါလိမ့်မယ်။

 

 

() အခက်အခဲဖြစ်နေချိန်မှာ ရှောင်မနေသင့်

 

ချစ်သူတွေမှမဟုတ်ပါဘူး။ သူငယ်ချင်းတွေဆိုရင်တောင် အခက်အခဲကြုံနေရတဲ့အချိန်မျိုးမှာ ဘေးနားမှာရှိနေပေးရမှာပါ။ သူအခက်အခဲဖြစ်နေချိန်မှာ သင်ကအနားမှာမရှိဘဲရှောင်နေမယ်ဆိုရင် တစ်ခါနှစ်ခါလောက်တော့သူခွင့်လွှတ်နိုင်ပေမယ့် အဲ့လိုဆက်တိုက်ဖြစ်လာပြီဆိုရင် သင့်အပေါ် ယုံကြည်မှုလည်းရှိတော့မှာမဟုတ်ပါဘူး။

 

 

() အသံတိတ် ဆန္ဒမပြသင့်

 

ဘာပြဿနာပဲဖြစ်ဖြစ် မျက်နှာချင်းဆိုင်ရင်ဆိုင် ဖြေရှင်းကြရမှာပါ။ ပြဿနာကိုရှောင်နေပြီး အသံတိတ်ဆန္ဒပြနေတာက ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ဘာပြဿနာကိုမှလည်း ပြေလည်စေမှာမဟုတ်ပါဘူး။

 

 

() အကြာကြီး အဆက်အသွယ် မဖြတ်သင့်

 

နှစ်ယောက်သားက အကြောင်းအမျိုးမျိုးကြောင့်စိတ်ဆိုးကြတဲ့အခါ သင်က သူ့ကိုအချိန်တွေအကြာကြီးအဆက်အသွယ်ဖြတ်ထားလိုက်မယ်ဆိုရင် သူ့ဘက်က သင်ဟာ သူမရှိလည်းနေနိုင်တယ်လို့ ယူဆသွားပါလိမ့်မယ်။

 

 

() တစ်ယောက်တည်း ခွဲထွက်မနေသင့်

 

ချစ်သူနှစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ အကောင်းအဆိုး၊အကြောင်းအကျိုးတွေကို အတူတူ ရင်ဆိုင်ဖြေရှင်းကြတာပါပဲ။ ဒီတော့ သင်ကဘယ်လောက်ပဲလွတ်လပ်မှုကိုကြိုက်တဲ့သူဖြစ်ပါစေ ၊ ကိစ္စတော်တော်များများကိုတစ်ယောက်တည်းဖြေရှင်းပြီး တစ်ယောက်တည်းခွဲထွက်နေတာမျိုးတော့ မလုပ်သင့်ပါဘူး။

 

 

() အလွန်အကျွံ သ၀န်မကြောင်သင့်

 

ကိုယ်ချစ်တဲ့သူကို သ၀န်တိုတာကတော့ဖြစ်သင့်တယ်ဆိုပေမယ့် နေရာတကာသ၀န်ကြောင်နေတာ၊ အလွန်အကျူးတွေချုပ်ချယ်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ ဒီလိုတွေလုပ်တာက သူ့ကိုချစ်လို့လို့မမြင်ဘဲ သင့်ကိုအတ္တကြီးတဲ့သူလို့မြင်သွားနိုင်လို့ပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(1 Vote)