ဘီသွေးပိုင်ရှင်လေးတွေရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်မလဲ

ဘီသွေးပိုင်ရှင်လေးတွေရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်မလဲ google.com

ဘီ-အေ(၂၀%)

ဘီသွေးယောင်္ကျားလေးတွေဟာ ကိုယ်တိုင်သွက်လက်ဖျတ်လတ်တတ်ကြပြီး

ရှက်တတ်တဲ့မိန်းကလေးတွေကိုသဘောကျတတ်ကြပါတယ်တဲ့။ ဘီသွေးယောင်္ကျားလေးတွေရဲ့သွက်လက်မှုနဲ့ အေသွေးမိန်းကလေးတွေရဲ့နူးညံ့မှုကိုပေါင်းစပ်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့စုံတွဲတွေဖြစ်ပြီပေါ့။ သူတို့တွေဟာ နှစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာ ပိုပြီးရင်းနှီးနိုင်ပါတယ်တဲ့။ ဒါပေမယ့် သူတို့ရဲ့လိုက်ဖက်မှုကတော့ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။

 

ဘီ-ဘီ(၆၅%)

ဘီသွေးယောင်္ကျားလေးနဲ့ဘီသွေးမိန်းကလေးကတော့ တကယ်ကိုနားလည်မှုရှိရှိနဲ့လိုက်ဖက်ညီတဲ့စုံတွဲပါတဲ့။ တစ်ဦးနဲ့တစ်ဦးပွင့်ပွင့်လင်းလင်းရှိပြီး အကောင်းဆုံးသူငယ်ချင်းအဖြစ်သော်လည်းကောင်း၊ ချစ်သူစုံတွဲသော်လည်းကောင်းဖြစ်နိုင်ပါတယ်တဲ့။ လွတ်လပ်မှုကိုနှစ်သက်တဲ့ ဘီသွေးပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့အတွက် ရန်ဖြစ်၊ စကားများတာတွေကတော့ မကြာခဏဖြစ်နိုင်ပါတယ်တဲ့။ သူတို့ရဲ့လိုက်ဖက်မှုကတော့ ၆၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

 

ဘီ-အို(၈၀%)

ဘီသွေးယောင်္ကျားလေးတွေဟာ သွက်လက်တတ်ကြပြီး အိုသွေးမိန်းကလေးတွေကတော့ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်ကြတဲ့အတွက် လိုက်ဖက်ညီတဲ့စုံတွဲတစ်တွဲဖြစ်လာမှာအသေအချာပါပဲ။ သူတို့စုံတွဲကတော့ ပြဿနာအကြီးအကျယ်ဖြစ်လေ့ရှိကြသလို ဖြစ်ပြီဆိုရင်လည်း အချိန်တစ်ခုတိုင်အောင် တစ်ယောက်နဲ့တစ်ယောက်အခေါ်အပြောမလုပ်တော့ပါဘူးတဲ့။ တူညီတဲ့အချက်ကတော့ ပွဲလမ်းသဘင်သွားမယ်ဆိုရင် ၂ ခါမတိုင်ပင်ရတဲ့စုံတွဲပါတဲ့။ ပျော်ပျော်နေတတ်တဲ့စုံတွဲဖြစ်တာနဲ့အညီ နှစ်ယောက်သားတွေ့ကြပြီဆိုတာနဲ့ စိတ်ညစ်စရာတွေမေ့ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အခြေအနေကိုဖန်တီးနိုင်ကြသလို တစ်ယောက်ရဲ့အကြံကိုနောက်တစ်ယောက်က မဆိုင်းမတွလက်ခံတတ်ကြတဲ့သူတွေလည်းဖြစ်ပါတယ်တဲ့။ သူတို့ရဲ့လိုက်ဖက်မှုကတော့ ၈၀ ရာခိုင်နှုန်းအထိရှိပါတယ်တဲ့။

 

ဘီ-အေဘီ(၉၀%)

လုံးဝမတူညီတဲ့အစွန်းနှစ်ဖက်က အခြေအနေဖြစ်လို့အများက အဆင်မပြေလောက်ဘူးလို့ထင်ထားပေမယ့် အံ့သြစရာကောင်းလောက်အောင် အချင်းချင်းနားလည်မှုပေးနိုင်ကြပြီး အဆင်ပြေပြေဆက်ဆံနေထိုင်လို့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ပေါင်းစပ်လုပ်ကိုင်နိုင်မှုစွမ်းရည်ဟာ တကယ်ကိုမြင့်မားပြီး အများအမြင်ကပ်လောက်အောင် ချစ်တတ်ကြတဲ့အတွဲလည်းဖြစ်ပါတယ်တဲ့။ ဘီသွေးပိုင်ရှင်ယောင်္ကျားလေးတွေရဲ့အပျော်ရွှင်ရဆုံးအချိန်ဟာ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေနဲ့အတူရှိနေချိန်ပါပဲတဲ့။ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေကတော့ ကိုယ်တိုင်သာမရပ်မနားစကားပြောတတ်ကြပေမယ့် စကားများတဲ့ယောင်္ကျားလေးတွေနဲ့ စကားအပြောအဆိုချွဲပြစ်လွန်းတဲ့ယောင်္ကျားလေးတွေကိုမကြိုက်တတ်ကြပါဘူးတဲ့။ ဒါပေမယ့် သူတို့အတွဲရဲ့လိုက်ဖက်မှုကတော့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် အလိုက်ဖက်ဆုံးစုံတွဲလို့ပြောလို့ရပါတယ်။

 

Read More: ကြာသပတေးသားသမီးတွေကိုရထားတဲ့သူတွေအတွက်
hair style street fashion beautiful girl 1139 844

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 10:52
Rate this item
(0 votes)