လက်ရှိချစ်သူနဲ့ လက်တွဲဖို့ဆုံးဖြတ်ထားတဲ့ အချက်များ

လက်ရှိချစ်သူနဲ့ လက်တွဲဖို့ဆုံးဖြတ်ထားတဲ့ အချက်များ google.com

ချစ်သူနှစ်ဦး တစ်ခါတစ်လေ စိတ်အခန့်မသင့်ရင်တော့ နှစ်ကိုယ်ကြား ရန်ပွဲဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။

 

ကိုယ်တွဲနေတဲ့ ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

 

မစော်ကားပါနဲ့

 

တစ်ဦးနှင့်တစ်ဦး အခန့်မသင့်လို့ ရန်ပွဲဖြစ်တယ်ဆိုရင်လည်း ကိုယ်အနိုင်ရယူဖို့အတွက် သူတစ်ပါးကို မစော်ကားမိစေပါနဲ့။ ၎င်းအပြင် စိတ်ခံစားမှုတွေကို အရမ်းချည်း ရှေ့တန်းမတင်ပါလို့ ပြောချင်ပါတယ်။

 

လေးစားမှုရှိခြင်း

 

တစ်ဦးနှင့်တစ်ဦးကြား လေးစားမှုဆိုတာသာရှိနေရင် အတ္တတွေရှိတော့မှာမဟုတ်ဘူး။ အထင်အမြင်လွဲမှားတာ တွေ မရှိရင် ရန်ပွဲတွေဆိုတာလည်း နည်းသွားပါလိမ့်မယ်။

 

တစ်ဦးနှင့်တစ်ဦးအကြား အပြန်အလှန် လေးစားမှုဆိုတာသာရှိခဲ့ရင် နှစ်ဦးစလုံးရဲ့ အချစ်ခရီးလမ်းကြောင်းက ဖြောင့်ဖြူးနေမှာ အမှန်ပဲဖြစ်ပါတယ်။

 

နားလည်မှုရှိခြင်း

 

အချစ်တစ်ခုမှာ နားလည်မှုက အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ နားလည်မှုတွေက ရန်ပွဲတွေကို ကျော်လွှားစေပြီး ပဋိပက္ခတွေကိုလည်း အပြီးသတ်စေပါတယ်။ နှစ်ဦးကြား နားလည်မှုတွေရှိနေသရွေ့တော့ တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းသွားမှာမဟုတ်ပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 15:15
Rate this item
(2 votes)