သောကြာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..
သောကြာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google
သောကြာသားသမီးများ ယခုလ(၇)ရက်ကစပြီးအကြံအစည် ရည်ရွယ်ချက်များကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဆောင်ရွက်သင့်သောကာလဖြစ်သည်။
ပြည်ပအလုပ်အကိုင်များနဲ့ လူအများပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင်ကြီးကြီးကျယ်ကျယ်အောင်မြင်မည်။
ဥစ္စာပစ္စည်း ရွှေငွေရတနာစုဆောင်နိုင်လိမ့်မည်။ ပျော်ရွင်စရာများနှင့် ပိတိမင်္ဂလာ အလှူတန်းဘာသာရေးနှင့်လှုမှုရေးကိစ္စ ရပ်ရေး၊ ရွာရေးကောင်းကျိုးများပြုလုပ်ရမည်။
အိမ်ပြောင်း၊ဆိုင်သစ်ဖွင့်၊ဆေးခန်းဖွင့်၊နာမည်မှည့်၊အစုရှယ်ယာဝင်ခြင်း၊စာအုပ်၊စာပေဖြန့်ချီခြင်းတို့ကောင်း၏။
ပညာရေးတွင် နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း၊ အကောင်းပြောချီးမွမ်းခံရမည်။
ပညာရေးကောင်း၍ကျန်းမာရေးကြောင့် မိမိတတ်ပညာရပ်နှင့်ပြည်ပခရီးစဉ်များရပ်ဆိုင်းသွားရတတ်သည်။
စီးပွားရေး - အထူးသဖြင့် ပရိဘောဂလုပ်ငန်း၊ သစ်စက်၊သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာဖြတ်ခြင်း၊ သွေးခြင်းလုပ်ငန်း၊ သစ်၊ သံ၊ သွပ်၊ သတ္တု၊ အဆောက်အအုံလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းတို့ အကျိူ းပေးကောင်း၏။
တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ကြာသပတေး နှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။
အထူး တနင်္ဂနွေသားသမီးများ အကျိုးပေးကောင်း၏။အကူညီလည်းရရှိမည်။လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။လုပ်ဖြစ်အောင်လုပ်ပါ အကျိုးပေးပါလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - အချစ်ရေးကံကောင်း၍ မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးအလုပ်တွေကိုအချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။
အရွယ်လွန်နေတဲ့ အပျိုကြီး၊လူပျိုကြီးတွေတောင်အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရပြီးလက်ထပ်ရဖို့အကြောင်း တိုက်ဆိုင်လာတတ်ပါတယ်။
အပျို၊ လူပျိုများ အိမ်ထောင်ရေးအတွက် စဉ်းစားရမည်။စေ့စပ်၊ လက်ထက်မင်္ဂလာကိစ္စများပေါ်ပေါက်လာတတ်သည်။
အိမ်ထောင်ရှင်များသားသမီးရတနာသန္ဓေတည်ခြင်း၊အိမ်ထောင်ရေခိုင်မြဲပြီးသားသမီးရတနာကံကြောင့်အခြေအနေပြောင်းလဲမှုနှင့် သားသမီးရတနာမြေးချီရခြင်း၊ ခရီးယာယီ ပြည်တွင်းပြည်ခရီး၊ မိသားစုဘုရားဖူးသွားရမယ်။
မိသားစုအတွင်းစိတ်ချမ်းမြေ့စရာကိစ္စများ ၊ပျော်ရွှင်ကြည်နူးစရာကိစ္စများပေါ်ပေါက်လာတတ်ပါသည်။
လဝက်ကျော်ပြီး (၂၁)နောင်ပိုင်း အညံ့ရှိပါတယ်။ အလုပ်မှာအေးအေး မနေရဘဲ အပြိုင်အဆိုင် ပေါလာမယ်။
ပညာရေးဆိုင်ရာနှင့် အစိုးရဝန်ထမ်းများ၊ အလုပ်ထွက်စာတင်ရခြင်း၊ အပြောင်းအရွှေ့ပေါ်ခြင်းနှင့် အလုပ်ထွက်ခံရခြင်းတို့ဖြစ်လာနိုင်သည်။
အထူး ရွေ၊လူ၊ပုလဲ၊ ရတနာကျောက်မျက် အထွက်ခက်မည်။ "ယရလဝ" နေနံနာမည်တွေသတိထားပါ။
အနောက်အရပ် ခရီးသွားရှောင်သင့်၏။သောကြာသားသမီးများ မည်သို့ အခက်အခဲ အကြပ်အတည်းများကို မဆို ဖြတ်ကျော်နိုင်စွမ်းရှိပြီးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်။
သင်စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။
အထူးအားဖြင့် ၄၊၁၃၊၂၂၊၃၁နှင့် အထူးအားဖြင့် အသက်၁၅၊ ၂၂၊ ၂၄၊ ၃၁နှစ် ငွေကြေးလည်း ရလိုက်ကုန်လိုက်နဲ့ဖြစ်နေမယ်။
လူလိမ်လူကောက်လည်း သတိထားရမယ့်အချိန်ကာလပါ။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်းကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။
အလုပ်ထဲမှာ အလွန်စိတ်ညစ်ရမယ့်ကိစ္စတွေကြုံလာရတတ်ပါတယ်။ လူမှုရေးရှုပ်ထွေးမှုတွေတော့ ရှိနေတတ်ပါတယ်။
ပျိုရွယ်သူများအနေဖြင့် နှလုံးသား၊မေတ္တာရေးမှာ အတိုက်အခံနဲ့ အငြင်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။
အထူး - ၆၊၁၅၊၂၄ ရက်မွေးဖွားသူများ"Happy Valentine Day"ချစ်သူနှင့် ပျော်ရွင်စရာများနှင့် ကြည်နှုစရာများ ရာခိုင်းနှုန်းအပြည်အဝရရှိမှာ ဖြစ်သည်။
အဖိုးတန်လက်ဆောင်ရမည်။ မေ့မရသောနေ့တစ်နေ့ အမှတ်တရကျန်ခဲ့မည်။
မှတ်ချက် - "စေတနာ" မိမိအပျိုစင်ဘဝကို မပုံအပ်သင့်၍သတိနှင့်စောင့်ထိန်းပါ။
လူငယ်၊လူရွယ်များ တစ်ပါးသူ၏အသိုင်းအဝိုင်းအရှက်သိက္ခာကို စောင့်ထိန်းပြီး ဖြူစင်သောရက်တစ်ရက်ဖြင့် ဖြတ်သန်းကျော်လွှားပါ။
ကျန်းမာရေးတွင် ကျီးပေါင်း၊ဒူးနာ၊ခါးနာ ခံစားရတတ်သည်။ဆေးကုသရမည်။ ငွေကုန်ပြီးသက်သာမည်။
အကြီးအကဲမိဘတွေ ကျန်းမာရေးချို့တဲ့မှုတွေကြုံရမယ်။ရှောင်ထွက်မသွားဘဲ စိတ်ရင်းနဲ့ သေချာပြုစုလိုက်ပါ။
မိမိကံဇာတာ ပြောင်းလဲလာပြီ ကံကောင်းလာလိမ့်မည်။ယုံကြည်ရာဘာသာတရားအတိုင်း ဒါနကုသိုလ်၊သီလကုသိုလ်ဘာဝနာကုသိုလ်ပြုလုပ်ပါ။
ယခုလအပတ်(၂၁)ရက်နေ့ သောကြာနေ့ အစုရှယ်ယာဝင်ခြင်း၊ ထီထိုးခြင်း၊ အလုပ်သစ်လျှောက်ခြင်း၊ ခရီးသွားခြင်းတို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် နေအိမ်မှမထွက်မှီ
အဝင်အထွက်(၃)ပြုလုပ်ပြီးသွား၊ အဖြူရောင်၊ လိမ္မော်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့....
(၇) ရက်နေ့ နံနက် ၁၂း၂၃နောက်ပိုင်း နှင့် (၂၁)ရက်နေ့နံနက် ၁၁း၂၂ နောက်ပိုင်း၊ (၂၈) ရက်နေ့ တစ်နေ့လုံး
ခရီးသွားကောင်း၏။(၁၄)ရက်နေ့ နေ့ ၁း၅၂ နောက်ပိုင်း ခရီးသွားမကောင်းပါ။
အကျိုးပေးဂဏန်း - (၂.၈.၅)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - တန်ခိုးကြီးဘုရားမှာ မိမိနေနံဂြိဟ်ဘုရားထောင့်တွင် အနောက်အရပ်မျက်နှာမှုကာ သီးညွန့်၊ သက်ကယ်
ညွန့်(၂၁)ညွန့်ကပ်လှူ ရေသက်စေ့လှူပြီး ဘုရားဆင်းတုတော်၊ခြေထောက်၊ဒူး၊ခါး ရွှေဆိုင်းကပ်ပေးပြီးဆုတောင်းပါ။
ဆရာ မင်းသူရ
Cosmetics အလှကုန်ပစ္စည်းဆိုင် ၂၅၃၀ ခုကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
စီးပွားရေး - အထူးသဖြင့် ပရိဘောဂလုပ်ငန်း၊ သစ်စက်၊သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာဖြတ်ခြင်း၊ သွေးခြင်းလုပ်ငန်း၊ သစ်၊ သံ၊ သွပ်၊ သတ္တု၊ အဆောက်အအုံလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်းတို့ အကျိုးပေးကောင်း၏။
အကျိုးပေးဂဏန်း - (၂.၈.၅)
အကျိုးပေးအရပ် - အရှေ့
ဆရာ မင်းသူရ
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under