တနင်္လာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း...
တနင်္လာသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း... google
တနလာၤသားသမီးများ
တနင်္လာသားသမီးများ အခုလတွင် အလုပ်ကိစ္စမှာလည်းကောင်းလာပါမယ်။ အရာတိုင်း ဖြည်းဖြည်းချင်း အကောင်းဘက်ကို ဦးတည် ပြောင်းလဲလာပြီး လုပ်ငန်းဆိုင်ရာအဆက်အသွယ်တွေလည်း ပြန်ရမယ်။
ရပ်နားထားရတဲ့အလုပ်တွေ ပြန်စရပါမယ်။ပညာရှိ၊ သူတော်ကောင်း ပုဂ္ဂိုလ်များကို အမြဲစည်းကပ်
သင်ယူ အကြံဉာဏ်များ ရယူပါ။အထူး ခေါင်းအေးအေးထား လုပ်နိုင်လေ အလွန်ပိုကောင်း
လေပါပဲဗျာ။ဘာသာရေး၊လူမှုရေးကိစ္စများဆောင်ရွက်ခြင်းကောင်း၏။ရပ်ဝေးခရီး ဘုရားဖူးသွားရတတ်သည်။
ပညာရေး - အလွန်ကောင်းပါသည်။ ပြည်ရပ်ခြား အလုပ်အကိုင်များအတွက် ခရီးစဉ်သွားရခြင်း ကောင်းသတင်း
သယ်ဆောင်လာလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - အချစ်ရေးကံစန်းထမယ့်ကာလဖြစ်တဲ့အတွက် ချစ်သူမရှိသေးသူများ ချစ်သူရနိုင်ပြီးလက်ရှိချစ်သူတွေလည်အဆင်ပြေပါလိမ့်မည်။
လက်ထပ်ဖို့ကြန့်ကြာနေသူများ သေချာပေါက်လက်ထပ်ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။အိမ်ထောင်သည်တွေကတော့ စန်းပွင့်လွန်းအားကြီးတာ
ကြောင့် အငယ်အနှောင်းကိစ္စတွေ ဖြစ်ပေါ်လာတတ်၍ သတိထားလိုက်ပါ။အိမ်ထောင်ရေးမှာလည်း သူများကြောင့်အထင်လွဲမှားမှုတွေကြုံရတတ်ပါတယ်။
စီးပွားရေး - ဈေးသစ်၊ပလာဇာသစ်များစတင်ဖွင့်လှစ်ခြင်း၊အလှပြင်ဆိုင်သစ်ဖွင့်ခြင်း ကောင်း၏။
အိမ်ခြံမြေ၊ရောင်းဝယ်နှင့်ကျောက်မျက်ရတနာရောင်းဝယ်၊စိုက်ပျိုးရေးလုပ်ငန်း၊ကျောက်မျက်ရတနာရောင်းဝယ်၊အဝတ်အထည်ရက်လုပ်ငန်း၊ ကုန်ဝယ်လုပ်ငန်းတို့မှာအကျိုးအမြတ်စွန်းရရှိမည်။
အထူးသတိထားရမည့်ရက်တွေကတော့၂၊၁၁၊၂၀၊၃၊၁၂၊၂၁နှင့်၉၊၁၈၊၂၇ရက်မွေးဖွားသူများ...အညံ့ထဲမှာရှိနေပါတယ်။
ပညာ ရေးကံမကောင်းပါ။ သင်တန်းများ တိုးလို့တန်းလန်းဖြစ်နေတတ်သည်။ သင့်အလုပ်မှာလည်း မပျော်ရွှင်သလိုဖြစ်နေရတတ်ပါသည်။
မိမိမိတ်ဆွေများလည်း ရန်သူဖြစ်သွားတတ်သလို မိမိ သူတစ်ပါး ဘယ်သူအပေါ်ဖြစ်ဖြစ်ဘယ်လောက်ကောင်းအောင်လုပ်ပေးလုပ်ပေးအကောင်းအမြင်မခံရတတ်သည့်အချိန်ကာလဖြစ်သည်။
မိမိရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး စိတ်လေလွင်မှုကိုထိန်းသိမ်းလုပ်ကိုင်မည်ဆိုလျှင် ပြဿ နာအလိုအလျှောက်ပြေလည်နိုင်ပြီး မိမိအလုပ်အကိုင်များ အဆင်ပြေလာပါလိမ့်မည်။
အချစ်ရေးမှာ ဖျက်လိုဖျက်စီးသူ မိမိအနီးနားလူ ရှိနေတတ်ပြီး အထူး ကျားသတ္တဝါတစ်ဦး မိမိဘဝကို ကြံရွယ်နေခြင်းအထူးသတိပြုပါ။
မိမိ၊မိမိပတ်ဝန်းကျင်နှင့်မိမိမိဘအသိုင်းအဝိုင်းဂုဏ်သိက္ခာကျဆင်းအောင်ပြု လုပ်များ ကြုံတွေ့ရတတ်မည်။
အထူးသဖြင့် တနင်္လာနံ"ကခဂင"နာမည်ပါသူများ၏အတိုက်အခိုက် ဖျက်လိုဖျက်စီးသူ ဂုဏ်သိက္ခာကျဆင်း
အောင်ပြုလုပ်များ ကြုံတွေ့ရတတ်မည်။အချိန်မတော် အသွားအလာနှင့် သူများကျွေးမွေးသော အစား
အသောက်များ စာသုံးခြင်း ရှောင်ခြင်းဖြင့်အသိသတိပြုပါ။ကျန်ရက်မွေးဖွားသူများ ထွေထွေထူးထူး မရှိ အသင့်တင့်ကံကောင်းနေပါလိမ့်မည်။
ကျန်းမားရေးအထူးဂရုစိုက်သင့်တုပ်ကွေးရောဂါဖြစ်ပွားတတ်ပြီးမိသားစုလုံးကူးတာမျိုးဂရုပြုပါ။ကိုယ်ခန္ဓာညာဘက်ခြမ်းဝေဒနာခံစားရတတ်သည်။
ဤလသတိထားရမှာတွေကတော့...
ကူးသန်းရောင်းဝယ်ရေးတနင်္လာနံ လုပ်ငန်များနှင့် စနေနံလုပ်ငန်းများအထူးသတိပြုသင့်။
ငွေကြေးလုပ်ငန်းနှင့် ငွေချေးအပ်နှံခြင်း၊ငွေချေးငှားခြင်းနှင့်ကျောက်အရောင်းအဝယ်များ သတိပြု၍ လုပ်ကိုင်ဆောင်ပါ။
သူတပါးကိုလည်း အာမခံလုံးဝမပေးပါနှင့်။ ပြဿနာတစ်ခုမနည်းဖြေရှင်းရကိန်းရှိ တတ်ပါသည်။
လူကုန်သည်လုပ်ငန်ရှင်များ အဖိုးတန်ပစ္စည်းများသယ်ဆောင်ရာအထူးသိထားသင့်သလိုမေ့ပျောက်ကျန်ခဲ့တာမျိုးသတိပြုပါ။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အိတ်ထဲအနောက်ဘက်ကခဲတစ်လုံးထည့်ဆောင်၊ ကြည်ပြာရောင်၊ အစိမ်းရောင် အဝတ်
အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့...
(၃) ရက်နေ့ ညနေ့ ၆း၃၇ နောက်ပိုင်း ထိုရက်တွေခရီးသွားရှောင်သင့်၏။
(၁၇) ရက်နေ့ နံနက် ၁၀း၂၇ မတိုင်မီ ခရီးသွားကောင်း၏။
အကျိုးပေးဂဏန်း - (၂.၈.၉)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မိမိ၏အိမ်ဘုရားစင်တွင် ကံကော်၊ရဲယိုညွန့်(၁၅)ညွန့်စီ နှင့် ဖီးကြမ်းငှက်ပျောသီး(၂)လုံးကိုအခွံခွာပြီး နွားနို့ထည့်၊ သကြားဖြူးကာကပ်လှူ ဆုတောင်းပါ။
Crd: ဆရာမင်းသူရ
Body Spa ဆိုင်(၁၄၆)ဆိုင်ကိုသိရှိနိုင်ရန် နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
တနလာင်္သားသမီးများ
သယ်ဆောင်လာလိမ့်မည်။
အကျိုးပေးဂဏန်း - (၂.၈.၉)
အကျိုးပေးအရပ် - အနောက်
Crd: ဆရာမင်းသူရ
Myanmar Wedding Guide
jjjj
Read times
Rate this item
(1 Vote)
Tagged under