တစ်ပတ်စာ (၇)ရက်သားသမီး ဟောစာတမ်း
တစ်ပတ်စာ (၇)ရက်သားသမီး ဟောစာတမ်း google
တနင်္ဂနွေ သားသမီးများအတွက်
ဝင်ငွေကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ လုပ်ငန်းသစ် အတွက် သတင်းကောင်း ကြားရမည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အောင်မြင်မည်။
ရာထူးတိုး စာမေးပွဲဖြေရမည်။ စက်ရုံဝန်ထမ်း၊ စက်ရုံအလုပ်သမား ဖြစ်ပါက သပိတ်မှောက်ပွဲမှာ ဦးဆောင် ရမည်။ နေအိမ်သို့ ရွှေဖရုံသီးတစ်လုံး ရောက်ပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရ ထီထိုးပါ။
မော်တော်ဆိုင်ကယ်အတွက် သောကရောက်မည်။ ပညာရေးမှာ အားရစရာကောင်းသော အခြေအနေမျိုးဖြစ်ပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။
လက်ထပ် မင်္ဂလာပွဲဆင်နွှဲရမည်။ အိမ်ထောင်ရေးလည်းသာယာပါသည်။ ကံကောင်းသော ဂဏန်းများမှာ ၄၊ ၅၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သပြေညိုရောင် ဖြစ်ပါသည်။
ယတြာမှာ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းရွက် ၁၉ ရွက်ကပ်လှူပါ။
တနင်္လာသားသမီးများ
ထွက်ငွေများမည်။ ကုန်ကျစရိတ်များမည်။ အိမ်ပြင်၊ အိမ်ဆောက်ကိန်းရှိသည်။ စောင့်မျှော်နေသော သတင်းကောင်းဝင်မည်။ အနုပညာရှင်ဖြစ်ပါက ဝေဖန် တိုက်ခိုက်မှုများကို ခံရလိမ့်မည်။လယ်မြေအရောင်းအဝယ်ဖြစ်မည်။
နေအိမ်နားမှာ နာရေးပေါ်မည်။ မသွားရ။ ရွှေထွက်မည်။ သို့မဟုတ် ရွှေပျောက်မည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ အခက်အခဲပေါ်မည်။ နေအိမ်သို့ ဦးထုပ် တစ်လုံးရောက်လာပါက ‘၁’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။
ပညာရေးနှင့် ပတ်သက်ပြီး အောင်မြင်မှုရရှိမည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။အချစ်ရေးမှာ ချစ်သူ၏ ကတိမတည်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေ မှာလည်း အိမ်ထောင်ဘက်၏ ပူပူဆူဆူလုပ်မှုကြောင့် စိတ်ညစ်ရမည်။
ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ငါးရှဉ့်သွေးရောင် ဖြစ်ပါသည် ။
ယတြာမှာ တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး ၂ လက်လှူပါ။
အင်္ဂါ သားသမီးများအတွက်
အိမ်အရောင်းအဝယ်ဖြစ်မည်။ သို့မဟုတ်မြေအရောင်းအဝယ်ဖြစ်မည်။ ဆွေမျိုး တစ်ဦး၏ မင်္ဂလာဆောင်ကိစ္စကို ကူညီရမည်။
နေအိမ်သို့ ဘုရားဆင်းတုတော် ဘုရားပုံတော် ၊ မြင့်မြတ်သော ပုံတော်များ နေအိမ်သို့ ကြွမြန်းလာပါက နိမိတ် ကောင်း၏။ ကြွေးကိစ္စအတွက် စိတ်ညစ်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။
နေအိမ်သို့ ဗူးသစ်တစ်လုံးရောက်လာပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးကောင်း၏။ ဘွဲ့နှင်းသဘင်မှာဘွဲ့ ယူရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် လေထိုးလေအောင့်ဖြစ်မည်။
အချစ်ရေးမှာ သာယာမှုမရှိပါ။ ချစ်သူနှင့် စကား များရမည်။ အိမ်ထောင်ရေးမှာလည်း အခြေအနေမကောင်းပါ။ ကံကောင်း သောဂဏန်းများမှာ ၇၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နက်ပြာရောင် ဖြစ်ပါသည်။
ယတြာမှာ အင်္ဂါနေ့ အင်္ဂါထောင့်မှာ နှင်းဆီနီ ၅ ပွင့် ကပ်လှူပါ
ဗုဒ္ဓဟူးသားသမီးများအတွက်
အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ ကြွေးဟောင်းပြန်ရမည်။ အရောင်းအဝယ် အသစ်၊ စီးပွားရေးလုပ်ငန်းသစ်ပေါ်မည်။ အိမ်အနီးအနားမှာ နာရေးပေါ်ပါက ဖိနပ်ဟောင်းတစ်ရံကို စွန့်ပစ်ပါ။
ရေလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဝန်ထမ်း ဖြစ်ပါက အထက်လူကြီးအပြောင်းအရွှေ့ကြောင့် အနည်းငယ်စိတ်ညစ်ရမည်။ နေအိမ်အနီးအနားမှာ နာရေးပေါ်မည်။မသွားရ။
နေအိမ်သို့ နာရီတစ်လုံး ရောက်လာပါက ‘၃’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ရွှေနှင့်ပတ်သက်ပြီး သောကရောက်မည်။ ပညာရေးကောင်း၏။ စာမေးပွဲဖြေပါက ထူးချွန်စွာ အောင်မြင်မည်။
ကျန်းမာရေးအနေဖြင့် အိပ်မပျော်သောရောဂါရမည်။ အချစ်ရေးမှာအခြေအနေမကောင်းပါ။ အိမ်ထောင်ရေးမှာလည်းအဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည် ။ ကံကောင်းသော အရောင်မှာ နံ့သာရောင် ဖြစ်ပါသည်။
ယတြာမှာ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရေသက်စေ့ကပ်လှူပါ။
ကြာသပတေး သားသမီးများအတွက်
အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ တယ်လီဖုန်း ပျောက်မည် ။ သူခိုးခိုးခံရမည် ။ ရတနာပစ္စည်း အရောင်းအဝယ် လုပ်ပါက အရောင်းအဝယ်ကောင်းမည်။
စာနယ်ဇင်းလုပ်ငန်း၊ မီဒီယာလုပ်ငန်း များမှာ ပြဿနာ ဖြေရှင်းရမည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ မိသားစုအတွင်းမှာ ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရမည်။
အလှူဒါန ပြုလုပ်ရမည်။ နေအိမ်သို့ အလှူဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ်စာများ ရောက်လာပါက ‘၅’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့် အယှက်ပေါ်မည်။
ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေး သာယာပါသည်။ လက်ထပ်မင်္ဂလာပြုရကိန်းလည်း ရှိပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။
ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။ ထွန်းညှိပူဇော်ပါ
ယတြာမှာ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဖယောင်းတိုင် ၉ တိုင်
သောကြာသားသမီးများအတွက်
တောင်ကုန်း တောင်တန်း ဘက်သို့ ခရီးထွက်ရလိမ့်မည်။ ဆန်၊ စပါးနှင့် ၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ကောင်းမည်။ ဘဏ် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခုမှ ချေးငွေရမည်။
အမိ၊ အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ အနုပညာ လုပ်ငန်းများမှာ အပြိုင်အဆိုင်များကြောင့် စိတ်ညစ်ရမည်။ မော်တော်ဆိုင်ကယ်အဝယ်မှားမည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုးရောက်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။
ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့် အတူ အလှူဒါန ပြုလုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။
ယတြာမှာ သောကြာနေ့ သောကြာထောင့်မှာ သပြေညွန့် ၂၁ ညွန့်ကပ်လှူပါ။
စနေ သားသမီးများအတွက်
ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ရလိမ့်မည်။ ပျင်းရိငြီးငွေ့မှုက လွှမ်းမိုးနေလိမ့်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။
ဝင်ငွေကောင်းမည် ။ ဆွေမျိုးအကြီးအကဲတစ်ဦးထံမှ ငွေရမည် ။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ နေအိမ်သို့ ငှက်ပျောသီးများ ရောက်လာပါက ‘၃’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။
ပညာရေးမှာ တိုးတက်မှု ရှိပါသည်။ ဘွဲ့ရမည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေး ညံ့သည်။ ချစ်သူ၏ စိမ်းကားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ အတ္တကြီးမှုကြောင့် စိတ်ညစ်ရမည်။
ကံကောင်းသောဂဏန်းများမှာ ၃၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြီးစိမ်းရောင် ဖြစ်ပါသည်။
ယတြာမှာ စနေနေ့ စနေထောင့်မှာ ထီးဖြူ၊ ၅ လက် ကပ်လှူပါ။
ဆရာမင်းသိင်္ခ
Zawgyi ဖြင့်ဖတ်ရန်...
တနင်္လာသားသမီးများ