ကိုယ်ချစ်ရသူနဲ့ တယုတယပွေ့ဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ဘာတွေပြောင်းလဲသွားသလဲ

ကိုယ်ချစ်ရသူနဲ့ တယုတယပွေ့ဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ဘာတွေပြောင်းလဲသွားသလဲ google.com

တစ်ချို့နိုင်ငံတွေမှာဆိုရင် တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နှုတ်ဆက်တာက သာမာန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူနဲ့ တယုတယပွေ့ဖက်လိုက်တဲ့အခါမှာ သင့်ခန္ဓာကိုယ်က ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါတယ်။

ပွေ့ဖက်တာက မိန်းကလေးတွေအနေနဲ့တော့ လုံခြုံစိတ်ချမှုကို ခံစားရပြီးတော့ ကောင်လေးတွေအတွက်တော့ ချုပ်တွယ်ခြင်းခံရသလို ခံစားရစေလို့ ယောက်ျားလေးအများစုက ပွေ့ဖက်ရတာကို သိပ်သဘောမကျကြပါဘူးတဲ့။ ဒါကတော့ စိတ်ပညာရှင်များက လေ့လာထားတာဖြစ်ပြီး တယုတယပွေ့ဖက်တဲ့အခါ လူ့ခန္ဓာကိုယ်တွင်း ဘာတွေဖြစ်ပေါ်လာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

 

() စိတ်ကြည်နူးမှုကိုရရှိစေပါတယ်

 

ပွေ့ဖက်လိုက်တဲ့အချိန်မှာ Oxytocin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထွက်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ ယေဘူယျအားဖြင့်တော့ Oxytocin ကို အချစ်ဟော်မုန်းလို့လည်း သတ်မှတ်ကြပြီး အထူးသဖြင့် မိခင်နို့တိုက်ချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ ပိုမိုထွက်ပေါ်လာတတ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ တယုတယပွေ့ဖက်တာကလည်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု၊ သစ္စာရှိမှုနဲ့ ချစ်ခြင်းတွေကို ပိုမိုဖြစ်ပေါ်စေတဲ့ အရာလို့လည်း ဆိုပါတယ်။ Oxytocin က စိတ်တက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး စိတ်ခံစားမှုတွေမှာ အရေးပါတဲ့ အရာအဖြစ် ပါဝင်နေပါတယ်။ Oxytocin ဟော်မုန်းများလေ စိတ်ကြည်နူး၊ ပျော်ရွှင်မှုကို ခံစားရလေပါပဲ။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်း ချစ်ရသူနဲ့ ပွေ့ဖက်ပေးပါ။

 

 

() သောကများကင်းဝေးစေပါတယ်

 

စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ စိတ်ဖိစီးမှုတွေလျော့ကျစေဖို့အတွက် ပွေ့ဖက်ခြင်းက အကောင်းဆုံး စိတ်သက်သာရာရစေတဲ့ နည်းလမ်းကောင်းပါပဲ။ ချစ်ရသူက တယုတယပွေ့ဖက်ပြီး နှစ်သိမ့်အားပေးလိုက်တဲ့အခါ သောကများကို ပြေလျော့စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုက စိတ်ပိုင်းဆိုင်ရာ သောကဝေဒနာများကို လျော့နည်းစေကြောင်း စိတ်ပညာရှင်များက ဆိုထားပါတယ်။

 

 

() သွေးဖိအားလျော့ကျစေပါတယ်

 

သွေးတိုးရှိတဲ့သူတွေအနေနဲ့ သွေးဖိအားလျော့ကျစေဖို့ ပွေ့ဖို့တာကလည်း နောက်ထပ်ကုသမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ။ ပွေ့ဖက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းက Oxytocin ဟော်မုန်းတိုးလာတာနဲ့အမျှ သွေးဖိအားလျော့ကျလာလေပါပဲ။ ဒါ့ကြောင့် သွေးတိုးရှိတဲ့သူတွေအနေနဲ့ ချစ်ရသူနဲ့ ပွေ့ဖက်လိုက်ပြီး သွေးပေါင်ချိန်တိုင်းကြည့်တဲ့အခါမှာ သွေးဖိအားကျသွားတာကို တွေ့ရပါတယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။

 

 

() နာကျင်မှုကိုလျော့ပါးစေတယ်

 

စိတ်ပိုင်းဆိုင်ရာနာကျင်မှုအပြင် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာကို ခံစားနေရသူများကို ပွေ့ဖက်ပေးမယ်ဆိုရင် နာကျင်မှုကို လျော့ပါးသက်သာစေတယ်လို့ ဆိုပါတယ်။ ငယ်စဉ်အခါက ချောလဲ၊ ခလုတ်တိုက်တဲ့အခါမျိုးမှာ မိဘတွေက ကလေးငယ်ကို ပွေ့ဖက်ပြီး မနာကျင်အောင် ချော့လိုက်ရင် နာကျင်မှုဝေဒနာကို ယူပစ်သလို ပျောက်ကင်းသွားတယ်လို့ ခံစားရစေပါတယ်။

 

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(0 votes)