ချစ်သူတွေဖြစ်ခဲ့ကြပြီးမှလမ်းခွဲပြတ်စဲလိုက်ကြတဲ့စုံတွဲ 13တွဲ

ချစ်သူတွေဖြစ်ခဲ့ကြပြီးမှလမ်းခွဲပြတ်စဲလိုက်ကြတဲ့စုံတွဲ 13တွဲ Google

ချစ်ခြင်းမေတ္တာကိုရှာဖွေခြင်းသည်အမြဲတမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။

 

ဒါပေမဲ့နာမည်ကျော်ဆယ်လီတွေအတွက်တော့သူတို့ရဲ့ဆက်ဆံရေးကိုလူသိရှင်ကြားဖော်ထုတ်ဖို့အတွက်ကတော့မလွယ်ကူလှပါဘူး။ဒါပေမဲ့လူသိထင်ရှားဖော်ထုတ်ပြောကြားခြင်းခံခဲ့ရပြီးနောက်မှာတော့စုံတွဲတွေကြားမှာအခက်အခဲတွေဖြစ်လာကြပါတယ်။အဲ့လိုအခက်အခဲတွေကြောင့်လို့ထင်ရပြီးအခြေအနေများရှင်းရှင်းလင်းလင်းမသိရပေမယ့်လမ်းခွဲပြတ်စဲခဲ့ကြတဲ့စုံတွဲတစ်ချို့ကိုဖော်ပြပေးလိုက်ရပါတယ်။

 

1.Lee Sung Kyung & Nam Joo Hyuk

Nam Joo-hyuk + Lee Sung-kyung = Couple?

ဇတ်လမ်းထဲတွင်မြင်နေကြ K-Drama စိုတွဲသည် တကယ့်ဘဝ၌ တရားဝင်ဖြစ်လာသောအခါ စိတ်လှုပ်ရှားစရာကောင်းလှပါသည်။ ”Weightlifting Fairy Kim Bok Joo” ရဲ့ လိုက်ဖက်လှတဲ့ ဇာတ်ဆောင်နှစ်ဦးဟာ လက်တွေ့ ဘဝမှာ တစ်ကယ့်ကိုလိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်လာပါတယ်။ ကံမကောင်းစွာပဲ သူတို့နှစ်ဦးဟာ 2017ခုနှစ် သြဂုတ်လမှာ ဆက်ဆံရေး အဆုံးသတ်သွားပြီဖြစ်ကြောင်း " YG Entertainment " က တရားဝင်ကြေငြာခဲ့ပါတယ်။

 

2.IU & Jang Ki Ha

IU & Jang Kiha BREAKUP | HOT TOPIC! - YouTube


IUနှင့်Jang Ki Haတို့သည်2013ခုနှစ်တွင်တွေ့ဆုံခဲ့ပြီးမကြာခင်မှာပဲချိန်းတွေ့ခဲ့ကြပါတယ်။နောက်နှစ်နှစ်အကြာတွင်သူတို့နှစ်ဦး၏ဆက်ဆံရေးကိုလူသိရှင်ကြားထုတ်ပြန်ခဲ့ပြီးထိုစုံတွဲအတွက်ပိရိသတ်တော်တော်များများဝမ်းသာခဲ့ကြပါတယ်။ဒါပေမဲ့4နှစ်ကြာပြီးတဲ့နောက်မှာတော့IUနှင့်Jang Ki Haတို့နှစ်ဦးဟာလမ်းခွဲကြပြီးသူငယ်ချင်းများအဖြစ်ဆက်လက်နေထိုင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

 

3.UEE & Lee Sang Yoon

After School's Uee In A Relationship With Actor Lee Sang Yoon | Soompi


နာမည်ကြီးတစ်ယောက်ရဲ့အချစ်ရေးဟာမလွယ်ကူလှပါဘူး။နာမည်ကျော်UEEနှင့်Lee Sang Yoonတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ2017ခုနှစ်မှာ”Pledis Entertainment”မှသူတို့နှစ်ဦးဟာအလုပ်တွေအရမ်းများပြီးတစ်ဦးကိုတစ်ဦးအချိန်မပေးနိုင်တာကြောင့်လမ်းခွဲလိုက်ပါပြီ”ဟုကြေငြာပြီးအဆုံးသတ်ခဲ့ရပါတယ်။ထို့အပြင်UEEနှင့်Lee Sang Yoonတို့သည်ကောင်းမွန်သောလုပ်ဖော်ကိုင်ဖက်များအဖြစ်ဆက်လက်ရှိနေပြီးတစ်ယောက်ကိုတစ်ယောက်ပံ့ပိုးပေးနေဦးမည်ဖြစ်သည်ဟုလည်းဆက်လက်ပြောကြားခဲ့ပါတယ်။ဒီစုံတွဲရဲ့ပြတ်ဆဲတဲ့သတင်းဟာလူတိုင်းကိုအကြီးအကျယ်ထိတ်လန့်စေခဲ့ပါတယ်။

 

4.Sulli & Dynamic Duo ရဲ့ Choiza

Breaking: Sulli And Choiza Have Broken Up | Soompi

 

Sulliနှင့်Choizaနှစ်ဦးဟာအသက်၁၄နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ကံမကောင်းစွာပဲလမ်းခွဲပြတ်စဲလိုက်ပြီဟုကြေငြာခဲ့ပါတယ်။Sulliသေဆုံးပြီးနောက်Choizeဟာအင်တာနက်အသုံးပြုသူများထံမှhate commentsအများအပြားကိုရရှိခဲ့ပြီသူမ၏သေဆုံးမှုအတွက်သူ့ကိုအပြစ်တင်ခဲ့ကြပါတယ်။

 

5.Kim Go Eun & Shin Ha Kyun

Netizen Buzz: Kim Go Eun and Shin Ha Kyun break up after 8 months

 

Kim Go Eunနှင့်Shin Ha Kyunတို့နှစ်ဦးဟာတစ်နှစ်နီးပါးချိန်းတွေ့ခဲ့ပြီးနောက်မှာတော့ပြတ်ဆဲကြဖို့နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာအလုပ်တွေအရမ်းများပြီးတစ်ဦးကိုတစ်ဦးအချိန်မပေးနိုင်တာကြောင့်လမ်းခွဲလိုက်ခြင်းဖြစ်ပေမဲ့နှစ်ဦးနှစ်ဖက်အပြန်အလှန်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ဟာမိတ်ဆွေကောင်းဖြစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

 

6.G.Soul & former Miss A’s Min

Miss A's Min & G.Soul are in a relationship | SBS PopAsia


ကိုရီးယားနှင့်အမေရိကတွေမှာအတူတကွအလုပ်တွေအတူတူလုပ်ကိုင်ရင်းသူငယ်ချင်းဖြစ်လာခဲ့တာနှစ်တွေအကြာကြီးရှိပြီဖြစ်တဲ့သူတို့နှစ်ဦးအတွက်”JYP Entertainment”ကတွဲနေကြပြီဖြစ်ကြောင်းကြေငြာချက်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့6လကြာပြီးနောက်မှာတော့သတင်းဆိုးတစ်ခုထုတ်ပြန်ခဲ့ပါတယ်။အချို့သောပရိသတ်များကG.Soulသည်စစ်မှုထမ်းရန်မဖြစ်မနေသွားနေခြင်းကြောင့်ထိုဆက်ဆံရေးသည်အဆုံးသတ်သွားသည်ဟုခန့်မှန်းကြပါတယ်။

 

7. EXO ရဲ့ Kai & f(x)’s Krystal

Kai, Krystal go public about their relationship

ကိုယ်ပိုင်နာမည်”Kaistal”ပင်ရှိသောK-Popရဲ့နာမည်ကြီးစုံတွဲသည်တစ်နှစ်အကြာတွင်လမ်းခွဲရန်ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ရဲ့အလုပ်များတဲ့အချိန်ဇယားကသူတို့ကိုတစ်ယောက်နဲ့တစ်ယောက်မကြာခဏမတွေ့ရစေတာကြောင့်သူတို့နှစ်ဦးစလုံးအလုပ်မှာပဲအာရုံစိုက်ချင်လို့လမ်းခွဲလိုက်ကြတယ်လို့ဆိုပါတယ်။

 

8.On Joo Wan & Jo Bo Ah

Surplus Princess' stars On Joo Wan and Jo Bo Ah confirm they've been dating  for a month! | K-Pop Amino


နှစ်နှစ်နီးပါးကြာပြီးနောက်On Joo Wanနှင့်Jo Bo Ahတို့နှစ်ဦးဟာလမ်းခွဲကဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သရုပ်ဆောင်နှစ်ဦး သည်ဒရာမာ2014ဒရာမာSurplus Princess တွင်တွေ့ဆုံခဲ့ကြပြီး2015ခုနှစ်အစောပိုင်းတွင်ချိန်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့အေဂျင်စီများသည်သူတို့ပြိုကွဲရသည့်အကြောင်းရင်းကိုအတိအကျမသိသော်လည်းသူတို့နှစ်ဦးပြတ်စဲကြောင်းအတည်ပြုပေးခဲ့ပါတယ်။

 

9.Eddy Kim & Girl’s Day’s Sojin

Girl's Day's Sojin And Eddy Kim Break Up


Sojinနှင့်Eddy Kimတို့သည်2017ခုနှစ်ဇွန်လတွင်သူတို့၏ဆက်ဆံရေးကိုအတည်ပြုခဲ့ကြပါတယ်။ထို့နောက်ဒီဇင်ဘာလကုန်ပိုင်းတွင်Eddyနှင့်Sojinကုမ္ပဏီများသည်နှစ်ဦးပြတ်ဆဲသွားကြောင်းထုတ်ပြန်ခဲ့ပါတယ်။

 

10.Lee Joon Gi & Jeon Hye Bin

Lee Joon Gi And Jeon Hye Bin Break Up | Soompi

Lee Joon Kiနှင့်Jeon Hye Binတို့သည်လည်းK-dramaလောကရဲ့အောင်မြင်တဲ့ စုံတွဲတွေဖြစ်ကြပါတယ်။သူတို့နှစ်ဦးဟာဒရာမာ2014ဒရာမာJoseon Gunmanမှတဆင့်တွေ့ဆုံခဲ့ကြပြီးနောက်ဆုံးတွင်သူတို့၏ခင်မင်ရင်းနှီးမှုသည်ပိုမိုများပြားလာခဲ့ပါတယ်။ဧပြီလတွင်ပရိသတ်များကိုသူတို့၏အချစ်ဇာတ်လမ်းကိုဝန်မခံခင်အထိနှစ်နှစ်ကြာလျှို့ဝှက်စွာချိန်းတွေ့ခဲ့ကြပါတယ်။

 

11. Lee Dong Gun & T-ARA’s Jiyeon

Lee Dong Gun says negative comments won't change relationship with Jiyeon,  people mad – Asian Junkie


2017ခုနှစ်၏အံ့အားသင့်ဖွယ်အကောင်းဆုံးအဖြစ်အပျက်တစ်ခုကတော့အသက်13နှစ်ကွာဟတဲ့Lee Dong Gunနှင့်Jiyeonတို့ရဲ့နှစ်နှစ်ကြာဆက်ဆံရေးကိုအဆုံးသတ်လိုက်ပြီဆိုတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ထာဝရတည်မြဲတဲ့ဆက်ဆံရေးဖြစ်လိမ့်မယ်လို့လူတိုင်းကယုံကြည်ကြပေမယ့်သူတို့နှစ်ဦးဟာ2017ဖေဖော်ဝါရီလမှာပြတ်ဆဲသွားခဲ့ပါတယ်။အဲဒီနှစ်နှောင်းပိုင်းမှာပဲ Lee Dong Gun ဟာမင်းသမီး Jo Yoon Heeနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 

12. EXO’s Kai & BLACKPINK’s Jennie

EXO's Kai and BLACKPINK's Jennie have reportedly broken up | PUSH.COM.PH:  Your ultimate showbiz hub!

2019ခုနှစ်ရဲ့လူစိတ်ဝင်အစားအခံရဆုံးစုံတွဲ့ဖြစ်တဲ့Kaiနဲ့Jennieကတော့လေးလတာချိန်းတွေ့ခြင်းပြီးတဲ့နောက်ပြတ်ဆဲသွားခဲ့ကြပါတယ်။

 

13.Suzy & Lee Dong Wook

Another K-celeb couple is born: Suzy dating Goblin's Lee Dong Wook,  Entertainment News - AsiaOne


Suzyနှင့်Lee Dong Wookတို့သည်4လကြာပြီးနောက်သူတို့၏ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပါတယ်။သူတို့ကိုCheongdam-dongတွင်ချိန်းတွေ့နေခြင်းကိုရက်များစွာအတူတကွတွေ့ခဲ့ရပြီးသူတို့နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကသူတို့နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကသူတို့နှစ်ဦးစလုံးရဲ့ဆက်ဆံရေးကိုအလျင်အမြန်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။သို့သော်ရုပ်ရှင်များနှင့်အလုပ်များနေသောအချိန်ဇယားများကြောင့်သူတို့သည်တစ်ဦးနှင့်တစ်ဦးအချိန်မပေးနိုင်ပဲပြတ်ဆဲသွားကြတာဖြစ်ပါတယ်။

 

 

Ref: Yooma

Read times
Rate this item
(0 votes)