ခင်ပွန်းပျော်ရွှင်ဖို့အတွက် အချက်များ

ခင်ပွန်းပျော်ရွှင်ဖို့အတွက် အချက်များ google.com

အလုပ်ကိစ္စတွေနဲ့ များနေတဲ့ ကိုယ့်ခင်ပွန်းကို ပျော်ရွှင်အောင်ထားဖို့က

သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။

 

အချို့စုံတွဲတွေက လက်ထပ်ပြီး တစ်လ၊ နှစ်လလောက်သာ ပူးကပ်နေတတ်ကြပြီး နောက်ပိုင်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကျဲသွားတတ်ကြပါတယ်။

 

အဲဒီလိုမဖြစ်ရအောင် ခင်ပွန်းကို အံ့သြဖွယ်ရာဖြစ်ပြီး ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ခံစားရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

နေ့လည်စာအတူစားခြင်း

 

ကိုယ့်ခင်ပွန်းကြိုက်နှစ်သက်တဲ့ စားသောက်ဖွယ်ရာများကို သေသေချာချာ ချက်ပြုတ်ပြီး သူအလုပ်လုပ်နေတဲ့ရုံးကို ထမင်းစားချိန်အရောက် သွားပါ။

 

သင်လာမယ်ဆိုတာကို သူ့ကိုကြိုတင်မပြောထားဘဲ သင်ရောက်လာတဲ့အခါ သူအံ့သြ၀မ်းသာသွားပါလိမ့်မယ်။ အဲဒီတော့မှ သင်အိမ်ကစီမံချက်ပြုတ်လာတဲ့ ထမင်း၊ ဟင်းတွေကို သူနဲ့အတူ စားခြင်းဖြင့် အံ့သြဖွယ်ဖြစ်စေပါလိမ့်မယ်။

 

ပျားရည်ဆမ်းခရီးအတူထွက်ခြင်း

 

အိမ်ထောင်ကျပြီး ကလေးရလာတဲ့အချိန်ကျရင်လည်း အချစ်ခိုင်မြဲစေဖို့အတွက် ဒုတိယအကြိမ် ဟန်းနီးမွန်းခရီးထွက်သင့်ပါတယ်။

 

ဖြစ်နိုင်ရင်တော့ အကြိမ်ရေများတဲ့အထိကို ဟန်းနီးမွန်းခရီးထွက်သင့်ပါတယ်။ ဒါမှလည်း တစ်ယောက်နှင့်တစ်ယောက် အချစ်တွေပိုမိုခိုင်မြဲစေမှာဖြစ်ပါတယ်။

 

လက်ဆောင်ပေးခြင်း

 

အမျိုးသမီးတွေက များသောအားဖြင့် လက်ဆောင်ကို လက်ခံကြသူတွေ ဖြစ်ပါတယ်။ အမျိုးသားတွေကလည်း အမျိုးသမီးသမီးတွေဆီကနေ တစ်ခုခု ပြန်ရစကောင်းရယ်လို့ လက်ဆောင်ပေးတာမျိုးမရှိကြပါဘူး။

 

အဲဒီတော့ကာ အမျိုးသမီးတွေက ကိုယ့်အမျိုးသားကို လက်ဆောင်ပေးခြင်းနဲ့ ပတ်သက်ရင် ကိုယ်နဲ့သိပ်မဆိုင်သလို အထင်ရောက်တတ်ပါတယ်။

 

သင့် ခင်ပွန်းကို လက်ဆောင်ပေးတဲ့အခါ ဘယ်လောက် အံ့သြပြီး ပျော်ရွှင်မလဲဆိုတာကို သိစေနိုင်မှာပါ။

Read times Last modified on Wednesday, 19 September 2018 16:24
Rate this item
(7 votes)