လှည့်စားတဲ့ချစ်သူကို ဘယ်လိုလုပ်မလဲ

လှည့်စားတဲ့ချစ်သူကို ဘယ်လိုလုပ်မလဲ google.com

ကိုယ့်ကို လိမ်ညာလှည့်ဖြားနေတဲ့ ချစ်သူဆိုရင်တော့ သူ့အတွက်နဲ့အသည်းမကွဲခံဘဲ

ကိုယ်ကအရင်ဆုံးဦးအောင် ကျောခိုင်းလိုက်ပါ။

 

သူက ကိုယ်မရှိလည်း သူ့မှာ နောက်ထပ်ကိုယ်လိုလူတွေအများကြီးရှိတယ်ဆိုပြီး သူထင်နေပါလိမ့်မယ်။ ကိုယ့်အပေါ်ကို လှည့်စားနေတဲ့ ချစ်သူကိုတော့ ကိုယ်ကစပြီး လမ်းခွဲသင့်ပါတယ်။

 

သို့မဟုတ်ပါက သူလှည့်စားတာခံရပြီး ရင်ကွဲပက်လက်ဖြစ်နေပါလိမ့်မယ်။

 

နှစ်ဦးနှစ်ဖက်စလုံး လမ်းခွဲချိန်တန်ပြီဆိုရင် လိမ်ညာမှုတွေကို ရှောင်သင့်ပါတယ်။ အားလုံးက ဆန့်ကျင်ဘက်တွေဖြစ်နေပြီဆိုရင်တော့ စကားကိုရှည်ရှည်ဝေးဝေးမပြောသင့်ပါဘူး။

 

သူနောက်ထပ်ပြောတဲ့စကားတွေကိုလည်း နားမထောင်ဘဲ စကားကိုပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်။

 

ကိုယ့်အပေါ်မှာ သူက ဘာမှဂရုမစိုက်မှတော့ ကိုယ်ကလည်း သူ့ကို ဂရုစိုက်စရာမလိုတော့။ ဖြည်းဖြည်းချင်း နှစ်ဦးနှစ်ဘက်ညှိ အချိန်ယူပြီး ဖြတ်သင့်ပါတယ်။

 

အွန်လိုင်းပေါ်ကနေ စကားပြောရင်လည်း ပြန်ပြီး မပြောမိစေနဲ့။ ဖုန်းခေါ်လည်း မကိုင်ပါနဲ့။ လူချင်းလမ်းမှာတွေ့ရင်လည်း အခေါ်မအပြော မလုပ်ခြင်းဖြင့် သူ့ဘက် နောက်ဆုံး ကိုယ့်ကို စိတ်ကုန်သွားပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 17:42
Rate this item
(2 votes)