ချစ်သူတွေကြားမှာ အချိန်မပေးဘူးဆိုရင်တော့

ချစ်သူတွေကြားမှာ အချိန်မပေးဘူးဆိုရင်တော့ google.com

ချစ်သူတွေ ကြားမှာ ရှိတဲ့အဆင်မပြေမှုတွေကို တော်ရုံ မဖြစ်ပေါ်စေနိုင်ဖို့အတွက်ကတော့ အချိန်ပေးတတ်ဖို့နဲ့ ဦးစားပေးတတ်ဖို့ အရေးကြီးပါတယ်။

 

ချစ်တယ်ဆိုရင် အချိန်ပေးနော်

ချစ်သူတွေဆိုတာကတော့ သွေးသားမတော်စပ်ပေမယ့် တစ်ယောက်ကို တစ်ယောက် သိပ်ချစ်လို့ စတင်လိုက်တဲ့ ချစ်ခြင်းတွေကနေ ဖြစ်ပေါ်လာတဲ့သံယောဇဉ်ပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့သူတွေ အချင်းအချင်းကြားမှာ အချိန်တိုင်း ပျော်ရွှင်နေရမယ်ဆိုတာကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် နှစ်ဦးသားကြားမှာ ရှိတဲ့အဆင်မပြေမှုတွေကို တော်ရုံ မဖြစ်ပေါ်စေနိုင်ဖို့အတွက်ကတော့ ချစ်သူတွေကြားမှာ အချိန်ပေးတတ်ဖို့ပဲ ဖြစ်ပါတယ်။ ချစ်သူလေးကို ဦးစားပေးအနေနဲ့ ထားဖို့ အရေးကြီးကြောင်းကိုလည်း သိထားပေးပါ။

 

အချိန်ပေးတယ်ဆိုတာကတော့

လူတိုင်းကတော့ သူလည်း သူ့အလုပ်နဲ့သူ၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ် အချိန်မလောက်ကြပါဘူး။ အရာတိုင်းမှာ ဘယ်နေရာကို အချိန်ပေးမလဲဆိုတာကတော့ ရွေးချယ်မှုအနေနဲ့ အမြဲ ရှိနေပါတယ်။ ဒါပေမယ့် ဦးစားပေးအရာတွေအပေါ်လိုက်ပြီး အချိန်ပေးမယ်၊ မပေးဘူး ဆိုတာက ကွာသွားရတာပဲ ရှိတာပါ။ တကယ်လို့ ချစ်သူလေးကို တကယ်ချစ်တယ် ဆိုရင်အချိန်ပေးပါနော်။ မဟုတ်ရင်တော့ ချစ်သူလေးက သူ့ကို အချိန်မပေးရကောင်းလား ဆိုပြီး စလာမယ်ဆိုရင် ကြည်နူးစရာကောင်းနေရမယ့် အချိန်လေးတွေအစား စိတ်ဆိုးတာတွေ၊ စိတ်ကောက်တာတွေက နေရာ ဝင်ယူလာမှာ စိုးလို့ပါ။

 

မချစ်တော့လို့ များလား

မိန်းကလေးတွေ ဆိုတာကတော့ သံသယ များတဲ့လူသားတွေပဲ ဖြစ်ပါတယ်။ သေးသေးလေးက အစ အရာတိုင်းကို သံသယများနေတတ်ပါတယ်။ တစ်ခုခု ဆိုရင် ကိုကို မချစ်တော့လို့ ဆိုပြီး စိတ်မကောင်း ဖြစ်သွားတတ်ပါတယ်။ ကိုကိုတို့က အလုပ်များလို့ အချိန်မပေးနိုင်တာမျိုးဆိုရင်တောင် သေချာ ပြောပြပေးပါ။ ဘာကြောင့် အလုပ်များနေတယ်။ အချိန်မပေးနိုင်လို့။ ဘယ်တော့လောက်တော့ အချိန်ပြန်ပေးမယ်ဆိုတာကိုသချာကြိုပြော ပြထားပါနော်။ ကြိုပြောပြထားတာမျိုးတို့၊ ကြိုပြောလို့ မရတာမျိုးဆိုရင်တောင် သေချာ ပြန်ပြောပြတာမျိုးတို့ကို ပြုလုပ်ပေးပါ။ မဟုတ်ရင်တော့ မိန်းကလေးတွေ စိတ်ထဲမှာ မချစ်တော့လို့ အချိန်မပေးတော့တာလို့ တွေးသွားတတ်ပါတယ်။

ဒါကြောင့်ကိုယ်သိပ်ချစ်ရတဲ့ချစ်သူလေးကို အချိန်ပေးနိုင်အောင် ပြုလုပ်ထားသင့်ပါတယ်။

 

Myanmar Wedding Guide

 

Credit;Marry

 

MMRD မှ Myanmar Wedding Guide အပြင်အခြားစာအုပ်များလည်းထွက်ရှိလာပါပီနော်....

 

Directory Book 1

Read times Last modified on Wednesday, 19 September 2018 10:24
Rate this item
(1 Vote)