ဘဝတလျှောက်လုံးအချစ်ရေးအဆင်ပြေချင်တယ်ဆိုရင်ချစ်သူကိုဒီအရာတွေလျှို့ဝှက်မထားပါနဲ့

ဘဝတလျှောက်လုံးအချစ်ရေးအဆင်ပြေချင်တယ်ဆိုရင်ချစ်သူကိုဒီအရာတွေလျှို့ဝှက်မထားပါနဲ့ google.com

အချစ်ရေးအဆင်ပြေဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့၊ အပေးအယူမျှဖို့ လိုသလို ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိဖို့လည်း လိုအပ်ပါတယ်။

 

သင့်အနေနဲ့ ခဏတာမဟုတ်ဘဲ၊ တစ်သက်တာအဆင်ပြေမယ့် အချစ်ရေးတစ်ခုတည်ဆောက်နိုင်ဖို့အတွက် ချစ်သူကိုလျှို့ဝှက်မထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ လူတိုင်းမှာလျှို့ဝှက်ချက်ဆိုတာရှိပေမယ့် ဒီအရာတွေကိုတော့ သင့်ချစ်သူကိုလျှို့ဝှက်မထားသင့်ပါဘူးနော်။

 

 

() သူနဲ့ပတ်သက်တဲ့မကောင်းတဲ့ခံစားချက်တွေ

 

ချစ်သူနှစ်ယောက်ကြားမှာ အခုဖြစ်တဲ့ပြဿနာကိုအခုချက်ချင်းရှင်းလိုက်တာက အကောင်းဆုံးနည်းလမ်းပါ။ ကိုယ့်စိတ်ထဲမှာ ထိခိုက်ရရင် ထိခိုက်တဲ့အကြောင်းကို ချက်ချင်းပြောပြီးပေါက်ကွဲလိုက်ပါ။ ခံစားချက်တွေကိုမြိုသိပ်ပြီးမှတ်ထားမယ်ဆိုရင်တော့ ဝန်ပိုတွေတင်လာတဲ့ကုလားအုတ် နောက်ဆုံးကောက်ရိုးတစ်မျှင်လေးတင်လိုက်လို့ ခါးကျိုးသွားသလိုပဲ ခံနိုင်ရည်တွေကုန်သွားတဲ့အခါ ပြဿနာအကြီးကြီးတွေဖြစ်ပြီး ကိုယ်ကချစ်ရသူ၊ကိုယ့်ကိုချစ်တဲ့သူကိုဆုံးရှုံးသွားနိုင်ပါတယ်။

 

 

() ငွေကြေးပြဿနာတွေ

 

တစ်လ တစ်လ ငွေတွေအများကြီးဝင်ပြီး ပိုလျှံနေအောင်သုံးဖြုန်းနိုင်တဲ့သူဆိုတာ အနည်းစုပါ။ သင်ကိုယ်တိုင်လည်း ငွေကြေးကြွယ်ဝချမ်းသာတဲ့သူတစ်ယောက် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် သင့်ရဲ့ငွေရေးကြေးရေးအခြေအနေကို ချစ်သူကိုအမှန်အတိုင်းပေးသိသင့်ပါတယ်။ အဆင်မပြေတာကို အဆင်ပြေသလိုဟန်ဆောင်နေတာက ရေရှည်အတွက်မကောင်းသလို၊ သင့်အခက်အခဲတွေကိုချစ်သူသိတဲ့အခါ သူ့ဆီက ဖြေရှင်းဖို့အကြံဉာဏ်တွေရနိုင်ပါတယ်။

 

 

() သစ္စာဖောက်မိခဲ့တာတွေ

 

သင်ဟာ ချစ်သူအပေါ်အမြဲတမ်းသစ္စာစောင့်သိခဲ့သူဆိုရင်တော့ ဘာမှပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် ချစ်သူအပေါ်သစ္စာဖောက်ခဲ့ဖူးတယ်ဆိုရင်တော့ အဲ့ဒါတွေကို သူမသိအောင် တစ်သက်လုံးလျှို့ဝှက်ထားလို့ရမယ်ထင်ပါသလား။ ဒီလိုတွေးရင်တော့မှားသွားပါလိမ့်မယ်နော်။ တစ်နည်းမဟုတ်တစ်နည်းသူပြန်သိနိုင်ပြီး သူသိနေတဲ့အကြောင်းကိုလည်းသင့်ကိုပြောချင်မှပြောမှာပါ။ ချစ်သူကိုတကယ်ချစ်တယ်၊ သူနဲ့အမြဲလက်တွဲသွားချင်တယ်ဆိုရင် သစ္စာဖောက်ခဲ့ဖူးတယ်ဆိုရင်တောင် ဖုံးကွယ်မထားပါနဲ့။ ဖွင့်ပြောပြီးတောင်းပန်လိုက်ပါ။ ဒီအတွက်သူ့ဘက်ကလမ်းခွဲဖို့ဆုံးဖြတ်ရင်တောင် သင့်အနေနဲ့လိပ်ပြာလုံစွာရှင်သန်နိုင်ပါတယ်။ တစ်ဖက်သားမသိအောင်ဖောက်ပြန်ပြီး ဒါကိုလျှို့ဝှက်ထားနိုင်တယ်ဆိုတာ ဂုဏ်ယူရမယ့်ကိစ္စမဟုတ်ပါဘူးနော်။

 

 

() သူ့ကိုချစ်လို့သင့်ဘက်ကရင်ဆိုင်ရတဲ့အခက်အခဲတွေ

 

အချစ်နဲ့ပတ်သက်လို့ ကိုယ့်ဘက်ကပေးဆပ်အနစ်နာခံခဲ့ရတာမျိုးရှိရင် အဲ့ဒါတွေကို သူသိအောင်ပြောပြပါ။ ကိုယ်က ဘယ်လောက်ပဲ အခက်အခဲတွေကိုရင်ဆိုင်ခဲ့ပေမယ့်၊ အနစ်နာခံခဲ့ပေမယ့် သူမသိရင် ဒါတွေကိုသူတန်ဖိုးထားတတ်မှာမဟုတ်ပါဘူး။ အဲ့ဒီအခါ သင့်ဘက်မှာလည်း ငါကတော့ ပေးဆပ်အနစ်နာခံလိုက်ရတာ၊ သူကတော့ ဒါတွေကိုတန်ဖိုးမထားရက်လေခြင်း ဆိုတဲ့အတွေးမျိုး၊ခံစားချက်မျိုးတွေဖြစ်လာတော့မှာပါ။ ဒါကြောင့် တစ်ယောက်တည်းအခက်အခဲတွေကိုကြိတ်ဖြေရှင်းတာမျိုးကိုတတ်နိုင်သလောက်ရှောင်ပါ။

 

 

() သင့်ကျန်းမာရေးအခြေအနေ

 

ကျန်းမာရေးနဲ့ပတ်သက်တာတွေကိုလည်း ချစ်သူကိုလုံးဝလျှို့ဝှက်မထားသင့်ပါဘူးနော်။ သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ တစ်ခုခုရှိတယ်ဆိုရင်လည်း အမှန်အတိုင်းပြောပြပါ။

 

 

() သင်ကျူးလွန်ခဲ့ဖူးတဲ့ပြစ်မှုတွေအကြောင်း

 

သင်ဟာ ပြစ်မှုတစ်ခုခုကျူးလွန်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒါဟာ ဘယ်လောက်ပဲသေးသေး၊ ဘယ်လောက်ပဲကြီးကြီး ချစ်သူကို ဖွင့်ပြောပြထားသင့်ပါတယ်။ ဖုံးကွယ်မထားသင့်ပါဘူး။ မမေးလို့ မပြောတာပါဆိုတာမျိုးလည်း မလုပ်နဲ့နော်။ ဘယ်သူကတော့ ကိုယ့်ချစ်သူကိုပြစ်မှုတစ်ခုခုကျူးလွန်ဖူးတယ်လို့ တွေးပါ့မလဲ။ ဒါကြောင့် မမေးလို့မပြောဘူးဆိုရင်လည်း ဒါဟာ ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားတာပဲလို့ ပြောရမှာပါ။

 

 

() မိသားစု၊ အိမ်တွင်းရေးပြဿနာတွေ

 

တစ်သက်လုံးလက်တွဲဖို့ဆုံးဖြတ်ထားတဲ့ချစ်သူဆိုရင် ကိုယ့်အိမ်တွင်းရေး၊ ပြဿနာတွေကို သူသိအောင်ပြောပြထားရမှာပါ။ စိတ်ညစ်စရာအကြောင်းအရာတွေကိုဖုံးကွယ်ထားပြီး အပေါ်ယံကောင်းတဲ့အချက်လေးတွေကိုပဲ ပေးသိမယ်ဆိုရင်နောက်ပိုင်း နှစ်ယောက်လုံးစိတ်ဆင်းရဲရပါလိမ့်မယ်။ ပြဿနာတွေကိုသိသွားရင် သူကိုယ့်ကိုထားသွားမှာပဲလို့မတွေးပါနဲ့။ တကယ်ချစ်တဲ့သူက သင့်ကိုဖေးမပါလိမ့်မယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 30 October 2018 09:50
Rate this item
(1 Vote)