အိမ်ထောင်ရှင်တွေ ချစ်ခရီးလမ်း အဆုံးသတ်မှု အများဆုံးဖြစ်တဲ့လဟာ ဇန်နဝါရီလပါနော်

အိမ်ထောင်ရှင်တွေ ချစ်ခရီးလမ်း အဆုံးသတ်မှု အများဆုံးဖြစ်တဲ့လဟာ ဇန်နဝါရီလပါနော် google

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းလို့ ဇန်နဝါရီလထဲကို ရောက်ရှိလို့ လာပါပြီ။ ဇန်နဝါရီလဟာ အိမ်ထောင်ရှိတဲ့သူတွေအတွက်တော့ ချစ်ခရီးလမ်း အဆုံးသတ်မှု အများဆုံးလုပ်တဲ့လလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။

 

 

ဘာကြောင့်လဲဆိုတော့ သူတို့အတွက်တော့ အဲ့ဒီလဟာ ကွာရှင်းမှုတွေ အလုပ်များကြလို့ ဖြစ်ပါတယ်။

 

တရားရုံးတွေမှာတော့ နှစ်သစ်ကူးပြီးတဲ့ ဇန်နဝါရီလဟာ ကွာရှင်းမှုနဲ့ ပတ်သက်ပြီး အလုပ်အရှုပ်ဆုံး လဖြစ်ပါတာလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက တညီတညွတ်တည်း ဖြေကြားတာကို တွေ့ရှိရပါတယ်။အဲဒီလို ဖြစ်ရတာနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူတွေကို မေးမြန်းတီးခေါက်ကြည့်လိုက်တဲ့အခါမှာလည်း လူတွေဟာ အားလပ်ရက်ရရှိတဲ့အချိန်မျိုးမှာ စိတ်ညစ်စရာတွေကို ဖြေရှင်းဖို့ ဆန္ဒသိပ်မရှိကြသလို ကွာရှင်းဖို့အတွက်လည်း ဆန္ဒသိပ်မရှိတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတာ ကလေးရှိတဲ့ စုံတွဲတွေအနေနဲ့ဆို အားလပ်ရက်ရာသီမှာပဲ မိသားစုကို ကောင်းကောင်း အချိန်ပေးနိုင်တဲ့အတွက် မိဘဝတ္တရားကျေပွန်အောင် ကလေးတွေနဲု့ ကောင်းကောင်းအချိန်ပေးကုန်ဆုံးပြီးမှ ကွာရှင်းပြတ်စဲဖို့ကိစ္စကို ဖြေရှင်းကြတဲ့အတွက် ဇန်နဝါရီလမှာ အများဆုံးကွာရှင်းပြတ်စဲကြခြင်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဇန်နဝါရီလဟာ လူတိုင်းအနေနဲ့ အစီအစဉ်အသစ်တွေ၊ Goals အသစ်တွေနဲ့ Milestone အသစ်တွေ ချဖို့ ကြိုးစားတတ်ကြတာဖြစ်လို့ အဆင်မပြေတော့တဲ့ အိမ်ထောင်ရေးကို တည်မြဲအောင် ကြိုးစားထားရတဲ့သူတွေအနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်ကာ အသစ်သစ်တွေနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားကြခြင်း ဖြစ်ပါတယ်။

 

ဘဝဟာ တိုတောင်းတဲ့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ အိမ်ထောင်ရေးကို တည်မြဲအောင် စိတ်ညစ်ခံပြီး ကြိုးစားရမယ့်အစား နှစ်သစ်မှာ ရှင်းထုတ်လိုက်ပြီး ကိုယ်လုပ်ချင်တာတွေကို ရဲရဲဝံ့ဝံ့လုပ်လိုက်တာက နောင်တကင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အခွင့်အလမ်းကို ဖွင့်လိုက်တာနဲ့ တူပါတယ်။ ဒီလိုရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေကို နှစ်သစ်မှာ စိတ်ရှင်းရှင်းနဲ့ ချနိုင်တာဖြစ်လို့ ဒီလမှာ အများအပြား ကွာရှင်းကြခြင်းဖြစ်ပါတယ်။ နောက်ဆုံးအကြောင်းအရင်းတစ်ခုကတော့ နှစ်သစ်မှာဆို ငွေကြေးအရှုပ်အရှင်း မရှိနိုင်သေးတာကြောင့်လည်း အများဆုံးကွာရှင်းမှုတွေ လုပ်ဖြစ်သွားရခြင်း ဖြစ်ပါတယ်။

 

အိမ်ထောင်ရေးတစ်ခုထူထောင်ရတာ မလွယ်ကူသလို အဆုံးသတ်ရတာကလည်း ထင်သလောက် မလွယ်ကူပါဘူး။ ဒါကြောင့်မို့ ကွာရှင်းမှုတွေ ဆောင်ရွက်တဲ့အခါ အရှည်အရှည်တွေ မဖြစ်ဘဲ ရှုပ်ထွေးမှုအနည်းဆုံးနဲ့ ကတ္တီပါလမ်းခွဲဖြစ်အောင် ကြိုးစားတာကတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ အခုလောက်ဆို ဇန်နဝါရီလမှာ ဘာကြောင့်အများဆုံး ကွာရှင်းရလဲဆိုတာကို ကောင်းကောင်းသိသွားလောက်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ကြဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

 

Credit;Akhayar

Read times Last modified on Thursday, 03 January 2019 14:02
Rate this item
(1 Vote)