Song & Song Couple ကွာရှင်းရသော အကြောင်းအရင်းထဲ က တစ်ခု

Song & Song Couple ကွာရှင်းရသော အကြောင်းအရင်းထဲ က တစ်ခု

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးအနုပညာရှင်စုံတွဲတွေထဲမှာပါဝင်ခဲ့ဖူးတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ စုံတွဲဟာဆိုရင် လက်ရှိအချိန်မှာ တရားဝင်ကွာရှင်းပြတ်စဲပြီးတာ

တစ်နှစ်ကျော်ကြာသွားပြီဆိုပေမယ့် သူတို့စုံတွဲနဲ့ပတ်သတ်တဲ့ အကြောင်းအရာတချို့ကတော့ ပရိသတ်တွေအတွက် ဒီနေ့အချိန်ထိ စိတ်ဝင်စားစရာကောင်းနေဆဲဖြစ်ပါတယ်။

First kiss to Tokyo date: A timeline of Song Joong Ki & Song Hye Kyo's love  story | Her World Singapore

 

ဒီလိုမျိုးအကြောင်းအရာတွေထဲကမှ လတ်တလောပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုပြန်လည်မြင့်တက်နေတဲ့အရာတစ်ခုကတော့ Song Hye Kyo ဟာ သူမ နောက်ဆုံးရိုက်ကူးထားတဲ့ “Encounter” ဇာတ်လမ်းတွဲအပြီးမှာ Song Joong Ki အတွက်ကိုယ်ဝန်ကိုဆောင်ပေးဖို့ ပြင်ဆင်ခဲ့တယ်ဆိုတာပါပဲ။

 

Official wedding photos of Song couple released , Entertainment News & Top  Stories - The Straits Times

 

ဒီအကြောင်းကို သူမရဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်က ဖွင့်ဟပြောပြခဲ့တာဖြစ်ပြီး မူလအစီအစဉ်အရဆိုရင် Song Hye Kyo က သူမအနေနဲ့ “Encounter” ဇာတ်လမ်းတွဲရိုက်ကူးလို့အပြီးမှာ ကိုယ်ဝန်ဆောင်ပြီး အနုပညာအလုပ်တွေကို တင်္ဒဂရပ်နားဖို့အတွက် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

Song Hye Kyo In Talks To Star In New Film | Soompi

 

ဒါပေမယ့်လည်း တကယ်တမ်း “Encounter” တရားဝင်ရိုက်ကူးလို့အပြီးမှာတော့ မူလစီစဉ်ထားတဲ့အတိုင်းမဟုတ်ခဲ့ပဲ နောက်ထပ်ဇာတ်ကားတစ်ကားကို ရိုက်ကူးဖို့ပြင်ဆင်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မယ့်အစီအစဉ်က ပျက်သွားခဲ့ပြီး ဒီအကြောင်းဟာဆိုရင် သူတို့စုံတွဲကို ကွာရှင်းပြတ်စဲဖို့အတွက် တွန်းအားတစ်ခုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

 

Picture of Song Joong ki, Song Hye Kyo showing off director John Woo's  wedding gift breaks internet

 

ဒီလိုမျိုးထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေနဲ့ပတ်သတ်လို့ Song Hye Kyo ရဲ့ အေဂျင်စီဘက်ကနေ တစ်စုံတစ်ရာအတည်ပြုပေးထားခြင်းမရှိပေမယ့် ပရိသတ်တွေအများစုကတော့ ဒါဟာ တကယ်ပဲ သူတို့နှစ်ဦးကို ကွာရှင်းဖို့ဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုလို့ ဆိုထားခဲ့ကြဖူးတာကို တွေ့ရပါတယ်။

Read times Last modified on Saturday, 07 November 2020 13:36
Rate this item
(0 votes)