၂၀၁၉ ဒီဇင်ဘာလအတွက် ၇ရက်သားသမီး တစ်လစာအထူးဟောစာတမ်း

၂၀၁၉ ဒီဇင်ဘာလအတွက် ၇ရက်သားသမီး တစ်လစာအထူးဟောစာတမ်း google

တနင်္ဂနွေသားသမီးများအတွက်

ဤလအတွင်း အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ငွေဝင်လာလျှင် မြေဝယ်ထားပါ။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။

သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဉာဏ်ကို ဉာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။

သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။

အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။

သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ ဤကာလအတွင်း ထီမထိုးသင်ပါ။

ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ဝင်လိမ့်မည်။

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

ငှက် (၅) ကောင် လွှတ်လိုက်ပါ။ မရှိဆင်းရဲသူများအား ဆေးဝါး ဓါတ်စာ လှူဒါန်းပါ။

 

တနင်္လာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။

သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ဝင်မည်။ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။

ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။

ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

ယခုကာလတွင် အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။

ကလေးများကို ချောကလက် လက်ဆောင်ပေးလိုက်ပါ။ ဘုရားဆင်းတုတော် ရင်ဘတ်တော်အား ရွှေချပါ။

 

အင်္ဂါသားသမီးများအတွက်

မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ စီးပွားသိသိသာသာ တက်မည်။

သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ အကြီးအကဲ ကောင်းရနိုင်၏။လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။

စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။

အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။

နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား စံပယ်ပန်း (၈) ကုံး လှူဒါန်း၍ လိုရာ ဆုတောင်းပါ။

ဆရာသမားကဲ့သို့ သော သူအား ပေါက်စီ ဒါနပြုပါ။

 

ဗုဒ္ဓဟူးသားသမီးများအတွက်

ဤကာလအတွင်း ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။

အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည်။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ဝင်မခံရပါ။ မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။

အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။

ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ဇာတာရှင်သည် ယောကျ်ားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။

လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ စေတီတော် တစ်ဆူဆူသို့ သွားရောက်၍ တနင်္ဂနွေထောင့်တွင် မီးသက်စေ့ ပူဇော်ပါလေ။ မုန့်လုံးရေပေါ် သက်စေ့ လှူပါ။

 

ကြာသပတေး သားသမီးများအတွက်

ဤကာလမျိူးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။

လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။

အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုးအဘွားများအရေး ဖြစ်တတ်သည်။လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။

သို့မဟုတ်ပါက ဆုံးတတ်သည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ဝင်မည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည် အပျက် အဟောင်း မဝယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။

ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

စေတီတော် တစ်ဆူဆူသို့ သွားရောက်၍ ထီးဖြူ အကြီးတစ်လက်နှင့် ထီးဖြူ အသေး သက်စေ့ တနင်္လာထောင့်တွင် လှူပါ။

 

သောကြာသားသမီးများအတွက်

လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။

အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။

ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။

မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။

အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။

အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ မုန့်ဖက်ထုပ် (၇) ထုပ် ဘုရားလှူဒါန်းပါ။ ဒန်ပေါက်ကို သံဃာတော် များအား ကပ်လှူဒါန်းပါလေ။

 

စနေ သားသမီးများအတွက်

ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။

မရည်ရွယ်ဘဲ မြေဝင်တတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။

စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။

မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။

အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

စနေနေ့တိုင်း ငါးသက်စေ့ လွှတ်ပါ။ ငှက်(၇) ကောင် လွှတ်ပါ။ အုန်းသီးပါသော မုန့် လှူပါ။ (ဆရာအေင်ချစ်မင်း)

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြသားသမီးမ်ားအတြက္

ဤလအတြင္း အိမ္ႀကီးႀကီးက်ယ္က်ယ္ မေဆာက္ပါႏွင့္ ေငြဝင္လာလွ်င္ ေျမဝယ္ထားပါ။ အမႈ မေျဖရွင္းရပါ။ တတ္ႏိုင္သေလာက္ အခ်ိန္ဆြဲပါ။ မျဖစ္မေန ျပႆနာမႈေတြ ရွင္းရမယ္ဆိုလွ်င္ အရႈံးေပးလိုက္ပါ။

သူ႔သေဘာ သူေဆာင္ ရလာေသာေငြႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနပါ။ ဘာမွလုပ္စရာ မရွိပါက ထိုင္ေနပါ။ ဉာဏ္ကို ဉာဏ္သုံးလုပ္မွ ဒုကၡေတြ႕တတ္သည္။ ဒီကာလမွာ ကိုယ္ဝန္ေဆာင္ မိန္းမေတြ အထူးသတိျပဳပါ။ ေမြးလွ်င္ အခက္အခဲေတြ႕ႏိုင္သည္။

သားသမီးရွိက အိမ္မွ ထြက္သြားလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္း မ်ားႏွင့္ မေမွ်ာ္လင့္ဘဲ လမ္းခြဲရတတ္သည္။

အထူးသတိျပဳရန္ ေငြလူလိမ္ခံရမည္။ ခင္မင္သူ ခ်စ္သူေၾကာင့္ ဒုကၡေတြ႕တတ္သည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ား ေပၚလာလိမ့္မည္။ လုပ္လွ်င္ ေအာင္ျမင္မည္။ ေ႐ႊထြက္မည္။ ေျခ၊ လက္၊ မ်က္ျခင္း၊ ခါးနားျခင္းမ်ား ျဖစ္တတ္သည္။

သားသမီးမ်ား က်န္းမာေရး ညံ့တတ္သည္။ အထက္လူႀကီး ေဆြမ်ိဳးအႀကီးအကဲတို႔က မိမိအေပၚ အထင္လြဲတတ္သည္။ မသြားခ်င္ေသာ ခရီးမ်ား စိတ္ညစ္စရာခရီးမ်ား သြားရတတ္သည္။ ဤကာလအတြင္း ထီမထိုးသင္ပါ။

ထီေပါက္လွ်င္ မိသားစုအတြင္း က်န္းမာေရး ဆိုးဆိုးဝါးဝါး ညံ့သြားတတ္သည္။ သို႔ေသာ္ ဤကာလအတြင္း ပစၥည္မ်ားကို ထုခြဲေရာင္းခ်၍ လုပ္ငန္းအသစ္ ႀကီးႀကီးမားမား စရန္ မေကာင္းေသးပါ။

လုပ္ငန္းသစ္လုပ္ရန္ အႀကံအစည္ေကာင္းမ်ား အဆက္ အဆက္သြက္ေကာင္းမ်ား ေပၚလာလိမ့္မည္။ စိန္ထည္ပစၥည္းမ်ား စက္ပစၥည္းမ်ား ဝင္လိမ့္မည္။

ဤကာအတြင္း ေကာင္းက်ိဳးခ်မ္းသားမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပ ေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။ အိမ္ကဘုရားတြင္ ေကာဖီ (၁)ခြက္ႏွင့္ ကိတ္မုန႔္(၁) ခ်ပ္ ကပ္လႉလိုက္ပါ။

ငွက္ (၅) ေကာင္ လႊတ္လိုက္ပါ။ မရွိဆင္းရဲသူမ်ားအား ေဆးဝါး ဓါတ္စာ လႉဒါန္းပါ။

 

တနလၤာသားသမီးမ်ားအတြက္

ဤလအတြင္း၌ သင္သည္ ေျမကိစၥ အေမြႏွစ္ကိစၥမ်ားႀကဳံရတတ္သည္။ ေငြရွာရ လြယ္ကူေပမယ့္ စုေဆာင္း၍ မရ၊။ ေငြဝင္လွ်င္ ကိုင္မထားရ၊ ေ႐ႊဝယ္ထားပါ။ ဘုရားဆင္းတုေတာ္၊ ပုံေတာ္မ်ား ႂကြလာမည္။

သင့္အတြက္ အလြန္ေကာင္းေသာနိမိတ္ ျဖစ္ပါသည္ နာေရးကိစၥကို အေၾကာင္းျပ၍ ခရီးသြားရတတ္သည္။ ဆရာသမားကဲသို႔ေသာ ပုဂၢိဳလ္မ်ားႏွင့္ အဆင္မေျပ ျဖစ္မည္။ လုပ္ေဖာ္ကိုင္လက္မ်ား မိတ္ေဆြမ်ားႏွင့္ အဆင္မေျပ လမ္းခြဲ ရတတ္သည္။

အထူးသတိျပဳရန္ အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ဘက္ႏွင့္ အဆင္မေျပ ႀကီးစြာျဖစ္တတ္သည္။ သြပ္၊ သံ၊ သစ္တစ္ပတ္ရစ္ ပစၥည္းလက္မခံပါႏွင့္၊ ေအာက္လက္ငယ္သား ဒုကၡေပးတတ္သည္။

အလႉအတန္းျပဳရျခင္း၊ မဂၤလာပြဲမ်ား စီစဥ္ေပးရျခင္းမ်ား ျပဳလုပ္ရတတ္သည္။ အလုပ္ေနရာ အိမ္ေနရာ ေျပာင္းေ႐ႊ႕ရတတ္သည္။ ေ႐ႊဝင္မည္။ ရတနာပစၥည္းမ်ား ဝင္မည္။ အဘက္ဘက္မွာ စိတ္ခ်မ္းသာစရာမ်ား ႀကဳံေတြ႕လာရလိမ့္မည္။

ယခုကာလတြင္ အိမ္ေထာင္ျပဳပါက တည္ၿမဲေသာ အိမ္ေထာင္မျဖစ္ႏိုင္၊ အိမ္ေထာင္ျပဳလွ်င္ သားသမီး ပါလာတတ္သည္။ လုပ္ငန္းသစ္မ်ား စတင္ရတတ္သည္။ ထိုလုပ္ငန္းမ်ားသည္လည္း လြန္စြာက်ိဳးေပး ေအာင္ျမင္မည္။

ဤကာလတြင္ ကိုယ္စိတ္ႏႈတ္သုံးပါးကို မေဖာက္မျပန္ တည္တည္ ၾကည္ၾကည္ ထိန္းသိမ္းႏိုင္သူေတြ တန္ဖိုးႀကီးမားေသာ ဘဝသို႔ ေရာက္ႏိုင္သည္။ မထိန္းသိမ္းႏိုင္သူ အဖို႔ ေရႏွင့္ထိေသာ ႐ႊံ႕ႏြံဘ၀ ေရာက္ႏိုင္သည္။

ဤကာလအတြင္း၌ စီးပြားအလြန္ေကာင္းသကဲ့သို႔ ကိုယ္က်င့္တရား အထူးအေရးႀကီးေသာ အခ်ိန္ျဖစ္ပါသည္။ အမႈအခင္ျဖစ္ေနသူကို ေငြမေခ်းပါႏွင့္၊ အာမခံ မလိုက္ပါႏွင့္၊ သတိျပဳ၍ ေရွာင္ၾကဥ္ပါ။ ပတၱျမား ျမ ထြက္တတ္သည္။

ယခုကာလတြင္ အစားမွား ေဆးမွားျဖစ္ျခင္း သြားဒုကၡေပး ျခင္းမ်ား ႀကဳံရမည္။ ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား၊ သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါယၾတာ မ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ ။

ကေလးမ်ားကို ေခ်ာကလက္ လက္ေဆာင္ေပးလိုက္ပါ။ ဘုရားဆင္းတုေတာ္ ရင္ဘတ္ေတာ္အား ေ႐ႊခ်ပါ။

 

အဂၤါသားသမီးမ်ားအတြက္

ေျမကိစၥ၊ အေမြကိစၥမ်ား အဆင္ေျပမည္။ ေငြရွာရလြယ္ျခင္း ေငြအဝင္အထြက္ ၾကမ္းျခင္းမ်ား ႀကဳံလိမ့္မည္။ မိတ္ေဆြေကာင္း ဆရာေကာင္မ်ား ေတြ႕မည္။ အဖိုးတန္စက္ပစၥည္မ်ားဝင္မည္။ စီးပြားသိသိသာသာ တက္မည္။

သိၾကားမ လိုက္သကဲ့သို႔ လက္ရွိအေျခအေနထက္ မ်ားစြာျမင့္တက္သြားလိမ့္မည္။ယခုလသည္ မိဘကို ေကာင္းစြာျပဳစုေစာင့္ေရွာက္ႏိုင္မည့္အခ်ိန္ ျဖစ္သည္။ လုပ္ငန္းမ်ား သိသိသာသာ ေအာင္ျမင္မူရမည္။

ဘုရားဖူးခရီးမ်ား စိတ္ခ်မ္းသာစရာခရီးမ်ား ျပည္တြင္းျပည္ပခရီးမ်ား သြားတတ္သည္။ အႀကီးအကဲ ေကာင္းရႏိုင္၏။လုပ္ငန္သစ္မ်ား စတင္ျပဳ လုပ္ႏိုင္ေသာ ကာလ၊ လုပ္ငန္းေဟာင္းမ်ား ျပန္ေပၚတတ္သည္။

အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ဖက္ စိတ္ညစ္ရတတ္သည္။ ဝန္ထမ္းျဖစ္လွ်င္ ရာထူးတက္ျခင္း အေျခအေန အဆင့္အတန္း ျမင့္တက္ျခင္းမ်ားႀကဳံမည္။ သင္တန္းတစ္ခု တက္ရျခင္း ပညာေကာင္း ရျခင္းမ်ား ႀကဳံမည္။

စပ္တူရွယ္ယာလုပ္ငန္းမ်ား ေပၚလိမ့္မည္။ လုပ္လွ်င္ေအာင္ျမင္မည္။ကိုယ္ပိုင္လုပ္ငန္းျဖစ္ေစ၊ ဝန္ထမ္းျဖစ္ေစ ႀကီးပြားတိုးတက္ေအာင္ျမင္မည့္ကလာ ျဖစ္ပါသည္။

ရပ္ေဝးမွစာမ်ား အဆက္အသြယ္မ်ား ရလာမည္။ရန္မ်ားျခင္း စကားမ်ားေျဖရွင္းရျခင္း ရင္ႏွီးသူမ်ား လုပ္ေဖာ္ကိုင္ဘက္မ်ားႏွင့္ အဆင္မေျပလမ္းခြဲရျခင္းမ်ား ႀကဳံမည္။ အထူးသတိျပဳရန္ အလုပ္တြင္ အတိုက္အခံ အနည္းငယ္ႀကဳံရတတ္သည္။

အမႈအခင္း ႐ုံျပင္ကႏၷားႏွင့္ ပတ္သက္ရတတ္သည္။ စိုးရိမ္စရာ မရွိပါ။ ေဆြမ်ိဳးသားခ်င္းမ်ား က်န္းမာေရး အသည္းအသန္ ျဖစ္တတ္သည္။ လာမည့္ ေမြးလ ေမြးရက္အထိ အသုဘပို႔ျခင္း မျပဳပါႏွင့္ အထူးသတိျပဳပါ။

ႏွလုံးႏွင့္ ပတ္သက္၍ က်န္းမာေရးညံ့ျခင္း။ ေလႏွင့္ ပတ္သက္၍ က်န္းမာေရးညံ့ျခင္း ဒူး နား ဒုကၡေပးျခင္းမ်ား ႀကဳံရတတ္သည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါ ယၾတာမ်ား ကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္အား စံပယ္ပန္း (၈) ကုံး လႉဒါန္း၍ လိုရာ ဆုေတာင္းပါ။

ဆရာသမားကဲ့သို႔ ေသာ သူအား ေပါက္စီ ဒါနျပဳပါ။

 

ဗုဒၶဟူးသားသမီးမ်ားအတြက္

ဤကာလအတြင္း ထီေပါက္သကဲ့သို႔ ေငြမ်ားဝင္တတ္သည္။ မိသားစု အႀကီးအကဲ လုပ္ငန္းအႀကီးအကဲ တို႔ေၾကာင့္ စိတ္ညစ္ရတတ္သည္။ အထူးသျဖင့္ ဖခင္ က်န္းမာေရး ညံ့တတ္သည္။

အလုပ္တြင္ အတိုက္အခံ အၿပိဳင္အဆိုင္ ႀကီးစြာႀကဳံမည္။ အတိုက္အခံမွန္သမွ် အႏိုင္ရမည္။ လက္ဝတ္ရတနာမ်ား ေက်ာက္ျပဳတ္ထြက္ျခင္း ေပ်ာက္ျခင္း၊ ျဖစ္တတ္သည္။ ဘုရာဆင္းတုေတာ္ စြယ္ေတာ္ ရဟႏၲာပုံေတာ္မ်ား ႂကြလာတတ္သည္။

ေ႐ႊႏွင့္ အဖိုးတန္ ရတနာပစၥည္းမ်ား ဝင္လာမည္။ ပညာေရးႏွင့္ ပတ္သက္ေသာပစၥည္း လႉဒါန္းပါ။ ေျမကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။ ေျမအ ဝင္မခံရပါ။ ေျမဝင္လွ်င္ ၾကာသပေတးနံ ထုတ္ပစ္ပါ။

အထူးသတိျပဳရန္ မိတ္ေဆြရင္း လုပ္ေဖာ္ကိုင္ဘက္တို႔က ဒုကၡေပးတတ္သည္။ အိမ္သို႔ အေတာင္ပါေသာ သတၱဝါမ်ား ဝင္လာတတ္သည္။ ဝင္လွ်င္ နိမိတ္ေကာင္းသည္။ သြပ္ သံ သစ္ စေသာ ေသာၾကာနံပစၥည္းမ်ား ဝင္လာတတ္သည္။ ကြဲကြာေနေသာ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ျပန္ဆုံမည္။

ရပ္ေဝးမွ ေဆြမ်ိဳးသားခ်င္းမ်ား ေရာက္လာတတ္သည္။ ခရီးအက်ိဳးေပးေသာ ကာလျဖစ္ပါသည္။ ဘုရားဖူးခရီး သြားရတတ္သည္။ သူခိုး၊ မ်က္ေစ့ အက်ခံရတတ္ေသာ ကာလျဖစ္၍ သူခိုး အခိုးခံရတတ္ေၾကာင္း သတိျပဳပါေလ။

ဇာတာရွင္သည္ ေယာက်္ားျဖစ္ပါက အိမ္ေထာက္က်လွ်င္ ေကာင္းပါသည္။ မဂၤလာေဆာင္လွ်င္ စည္ကားေသာ မဂၤလာေဆာင္ျဖစ္မည္။ အိမ္ေထာင္ပရိေဘာဂ အိမ္သုံးပစၥည္း ဝင္တတ္သည္။

လုပ္ငန္းႏွင့္ ပတ္သက္၍ နာမည္ေကာင္းရျခင္း ေနရာေကာင္းရျခင္း၊ လုပ္ငန္းတိုးခ်ဲ႕ရျခင္းမ်ား လုပ္ရတတ္သည္။ အိမ္ေထာင္မရွိသူမ်ား အိမ္ေထာင္က်တတ္ေသာ ကာလျဖစ္သည္။

အလုပ္ေနရာ၊ အိမ္ေနရာ ျပင္ဆင္မြမ္းမံရျခင္း ေျပာင္းေ႐ႊ႕ရျခင္း လုပ္ရတတ္သည္။ အိမ္သစ္ေဆာက္လွ်င္ ေကာင္းအခ်ိန္ ျဖစ္သည္။ လုပ္ငန္းအသစ္ေပၚျခင္း (သို႔မဟုတ္) လက္ရွိအလုပ္ႏွင့္ ပတ္သက္၍ အဆက္အသြယ္သစ္မ်ား ေပၚလာလိမ့္မည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။ ေစတီေတာ္ တစ္ဆူဆူသို႔ သြားေရာက္၍ တနဂၤေႏြေထာင့္တြင္ မီးသက္ေစ့ ပူေဇာ္ပါေလ။ မုန႔္လုံးေရေပၚ သက္ေစ့ လႉပါ။

 

ၾကာသပေတး သားသမီးမ်ားအတြက္

ဤကာလမ်ိဴးး၌ သာမန္အေျခအေနမ်ိဳးမွေန၍ စီးပြားအရွိန္အဟုန္ ႏွင့္တက္ကာ လက္ရွိအေျခအေနထက္ အဆေပါင္းမ်ား စီးပြားတက္လိမ့္မည္။ ေဆြမ်ိဳးသားခ်င္းမ်ားကို ေကာင္းစြာ အကူအညီ ေပးႏိုင္လိမ့္ မည္။

လက္ရွိအလုပ္အကိုင္ကို စိတ္မဝင္စားျခင္း၊ အလုပ္ေျပာင္းလိုစိတ္မ်ား ႀကဳံလာတတ္သည္။ အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္ေရးအတြက္ ေသာကေရာက္ရေသာ ကာလျဖစ္သည္။ အထက္လူႀကီး၊ မိသားစု ႀကီးကဲသူမ်ားေၾကာင့္ စိတ္ညစ္ရမည္။

အတူေနမိသားစုထဲမွ အႀကီးအကဲ အဘိုးအဘြားမ်ားအေရး ျဖစ္တတ္သည္။လူမ်ိဳးျခား၊ ႏိုင္ငံျခားႏွင့္ ပတ္သက္ေသာ ကိစၥမ်ား အက်ိဳးေပး ေအာင္ျမင္မည္။ ခရီးမ်ားမၾကာခဏ ထြက္ရတတ္သည္။ ထိုခရီးမ်ားသည္လည္း အက်ိဳးေပး ေအာင္ျမင္လိမ့္မည္။

ဝန္ထမ္းဆိုလွ်င္ ရာထူးတက္ျခင္းအေျခအေန ျမင္တတ္ျခင္း ႀကဳံရလိမ့္မည္။ ခိုင္မာေသာ စီးပြားေရးလုပ္ငန္းမ်ား တည္ေဆာက္ထားပါ။ ရရွိေသာ အေႂကြးမ်ားကို ယခုကာလတြင္ ႀကိဳတင္စုေဆာင္းထားပါ။

သို႔မဟုတ္ပါက ဆုံးတတ္သည္။ ပညာေရးကိစၥမ်ား သင္တန္းကိစၥမ်ားကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။ စာ႐ြက္စာတမ္း စာခ်ဳပ္ကိစၥ မ်ားအတြက္စိတ္ညစ္ရျခင္း၊ ပစ္စာ တိုင္စာ ေရာက္ျခင္းမ်ား ႀကဳံရတတ္သည္။

အလႉအတန္းကိစၥမ်ား မုခ်လုပ္ရမည္။ ေငြအစုလိုက္ အပုံလိုက္ ဝင္လာလိမ့္မည္။ မိမိ၏ အလုပ္မွလည္းေကာင္း၊ ထီေပါက္၍လည္းေကာင္း ဝင္လာတတ္သည္။

အိမ္ဝယ္ႏိုင္ေသာ္ လည္း အိမ္အနားအဆာ မလြတ္၊ အိမ္ဧည့္သည္မျပတ္၊ အိမ္ေဆာက္လွ်င္ တန္းလန္းျဖစ္တတ္သည္။ မိမိလုပ္ငန္းမ်ားကို အင္ႏွင့္ အားႏွင့္ တိုးခ်ဲ႕လုပ္ကိုင္သင့္ေသာ္လည္း ျဖတ္လမ္းမလိုက္ရန္ သတိေပးလိုပါသည္။

မိမိအား ျပႆနာလုပ္ေနသူမ်ား ရွိလွ်င္ အဆင္ေျပသြားမည္။ မသင့္ျမတ္သူမ်ားႏွင့္ ျပန္လည္သင့္ျမတ္သြားမည္။ အဖိုးတန္ေက်ာက္ မ်က္ရတနာမ်ား ဝင္မည္။ ေ႐ႊထြက္ျခင္း၊ ေ႐ႊအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကဳံရတတ္သည္။

အဂၤါနံ စိန္၊ စက္ပစၥည္း ထြက္တတ္သည္။ေ႐ႊထည္ဝယ္လွ်င္ အသစ္မ်ားသာ ဝယ္သင့္သည္ အပ်က္ အေဟာင္း မဝယ္သင့္ပါ။ အထူးသတိျပဳရန္ ေအာက္လက္ငယ္သား သားသမီး ထြက္သြားျခင္း၊၎တို႔အတြက္ ေသာကေရာက္ရျခင္းမ်ား ႀကဳံ ရတတ္သည္။

ဆီးေရာဂါ၊ မ်က္စိေရာဂါမ်ား ဒုကၡေပးျခင္း၊ အစားမွားျခင္း၊ ေဆးမွားျခင္းမ်ား ႀကဳံရတတ္သည္။ ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။

ေစတီေတာ္ တစ္ဆူဆူသို႔ သြားေရာက္၍ ထီးျဖဴ အႀကီးတစ္လက္ႏွင့္ ထီးျဖဴ အေသး သက္ေစ့ တနလၤာေထာင့္တြင္ လႉပါ။

 

ေသာၾကာသားသမီးမ်ားအတြက္

လူမ်ိဳးျခားက ကူညီျခင္း၊ ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္ေသာကိစၥမ်ား ေအာင္ျမင္ျခင္းမ်ားႀကံဳမည္။ နာမည္ဂုဏ္သတင္း တိုးတက္ျခင္း ဘုန္တန္ခိုး တိုးတက္ျခင္းမ်ား ႀကံဳရမည္။ မနာလိုသူလည္း ေပၚလိမ့္မည္။

ဤကာလအတြင္း မည္သည့္အခက္အခဲႏွင့္ ႀကံဳသည္ ျဖစ္ေစ အားကိုး မရွာႏွင့္။ ဒုကၡေပးမည့္သူမ်ားသာ ေပၚလာတတ္သည္။ ဘုရားဆင္တုေတာ္၊ ပံုေတာ္၊ ရဟႏၱာပံုေတာ္မ်ား ၾကြလာတတ္သည္။ ေက်ာဒုကၡေျပးျခင္း၊ ေက်ာ၌ေရာဂါရျခင္း ျဖစ္မည္။

အိမ္ျပင္၊ အိမ္ ေဆာင္၊ အိမ္ေျပာင္း မျပဳပါႏွင့္။ မထင္မွတ္ေသာ ခရီးမ်ား မရည္ရြက္ေသာ ခရီးမ်ားသြားရတတ္သည္။ သူတစ္ပါးကိစၥအတြက္ ခရီးသြားရတတ္သည္။ အလွဴပြဲ မဂၤလာပြဲ အစီစဥ္မ်ား အထစ္အေငါ့ႀကံဳျခင္း ရက္ေရႊ႕ျခင္းမ်ား ႀကံဳရတတ္သည္။

အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ေရးအဆင္မေျပ ျဖစ္ေနမည္။ ဤလအတြင္း အမႈအခင္း မျဖစ္ေစရန္ အထူးဂရုစိုက္ပါ။ ျဖစ္လွ်င္ မၿပီးႏိုင္ဘဲ ျဖစ္ေနတတ္ သည္။ ေငြႏွင့္လိုက္လွ်င္ ႐ႈံးသြားတတ္ပါသည္။ အိမ္ေထာင္ဘက္ က်န္းမာေရး ညံ့လိမ့္မည္။

ခါး ေအာက္ပိုင္း ဒုကၡေပးတတ္သည္။ ေဆး႐ုံ၊ ေဆးခန္းသို႔သြားရတတ္သည္။

မိမိထက္ျမင့္သူနိမ့္သူ ႏွစ္ဦးလံုးက ဒုကၡေပးလာတတ္ ေသာအခ်ိန္ ျဖစ္ပါသည္။ လုပ္ေဖာ္ကိုင္ဘက္မ်ား ေအာင္ျမင္ေတာ့မလိုလိုႏွင့္ အခက္ အခဲႀကီးစြာ ႀကံဳတတ္သည္။

အလုပ္တြင္ အပ်က္စီးအဆံုး႐ႈံး အေလအလြင့္မ်ားေနလိမ့္မည္။ေငြေပ်ာက္ျခင္း ေၾကြးတင္ျခင္း ေငြအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကံဳရတတ္သည္။ႀကီးကဲသူ အထက္လူႀကီးမ်ားေၾကာင့္ စိတ္ညစ္ရတတ္သည္။

အာမခံမလုပ္ပါႏွင့္။ စပ္တူအေရာင္း၀ယ္ အႀကီးအက်ယ္ မလုပ္ပါႏွင့္။ လက္ရွိအလုပ္အကိုင္ ေျပာင္းခ်င္စိတ္ေပၚလာမည္။ ေျပာင္းလွ်င္ ပိုဆိုးသြားတတ္သည္။ အထူးသတိျပဳရန္ ။ အစာအဆိပ္ျဖစ္ျခင္း၊ ေျခေထာက္ ခါး၊ သြား ဒုကၡေပးျခင္းမ်ား ႀကံဳရတတ္သည္။

ပစၥည္း မဌားရမ္းပါႏွင့္ ဆံုးလိမ့္မည္။ ေအာက္လက္ငယ္သား ထြက္သြားျခင္း၊ က်န္းမာေရးညံ့ျခင္း ႀကံဳရ တတ္သည္။ ထီကံေကာင္းေသာ ကာလျဖစ္ပါသည္။ ပညာအသစ္တစ္ခု ရတတ္သည္။

ဤကာလအတြင္းေကာင္းက်ိဳးခ်မ္း သာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အည့ံအခိုက္မ်ား သက္သာေျပ ေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂရုစိုက္ျပဳလုပ္ေလ။ မုန္႔ဖက္ထုပ္ (၇) ထုပ္ ဘုရားလွဴဒါန္းပါ။ ဒန္ေပါက္ကို သံဃာေတာ္ မ်ားအား ကပ္လွဴဒါန္းပါေလ။

 

စေန သားသမီးမ်ားအတြက္

ဌာနဆိုင္ရာ အႀကီးအကဲ၊ ေဆြမ်ိဳးအႀကီးအကဲတို႔က အကူအညီအေကာင္း ေပးလာလိမ့္မည္။ မထင္မွတ္ေသာ ေဆြမ်ိဳးသားခ်င္းက အကူအညီေကာင္း ေပးလိမ့္မည္။ လုပ္ငန္းအသစ္၊ အစီအစဥ္သစ္မ်ား ေပၚေပါက္လာတတ္သည္။

ခရီးတိုး ခရီးရွည္မ်ား သြားေနရလိမ့္မည္။ ထိုခရီးသည္မ်ားသည္လည္း သင့္အတြက္ က်ိဳးထူးေစပါလိမ့္မည္။ မထင္မွတ္ဘဲ ပညာတစ္ခုသင္ၾကားရျခင္း သင္တန္းတစ္ခု တက္ရျခင္းမ်ား ျပဳလုပ္ရတတ္ပါသည္။

မရည္႐ြယ္ဘဲ ေျမဝင္တတ္သည္။ ေလာကဓံတရား၏ မတရားညႇဥ္းပမ္းမႈကို ခံရၿပီး မေမွ်ာ္လင့္ဘဲ သံေဝဂတရား ရလိမ့္မည္။ လူမ်ိဳးျခား ဒုကၡေပးတတ္သည္။ သားသမီး လက္ေအာက္ငယ္သားအတြက္ စိတ္ညစ္စရာႀကဳံမည္။

စက္ပစၥည္း ဒုကၡေပးတတ္ သည္။ ေ႐ႊႏွင့္ ရတနာပစၥည္းမ်ား ထြက္ျခင္း၊ ေပါင္ႏွံရျခင္းမ်ား ႀကဳံရတတ္သည္။ အလုပ္အကိုင္၌ ထိုခိုက္တတ္သည္။ ျပႆနာႀကီးစြာ ေျဖရွင္းရတတ္သည္။ ႐ုံးျပင္ကႏၷာ၊ အမႈအခင္းမ်ားႏွင့္ ပတ္သက္ရတတ္သည္။

ဤလအတြင္း အစစအရာရာသတိႀကီးစြာထား ရန္ လိုပါသည္။ မိမိအေပၚ မေကာင္းႀကံျခင္း မေကာင္းေျပာျခင္းမ်ား ခံရတတ္သည္။ မိမိႏွင့္တကြ မိသားစုပါက်န္းမာေရး ညံ့တတ္သည္။ ေဆး႐ုံ၊ ေဆးခန္းအထိ ေရာက္ရတတ္သည္။

မီး၊ လွ်ပ္စစ္ ဒုကၡေပးတတ္သည္။ အထူးသတိျပဳပါ။ ေငြဒလေဟာထြက္ျခင္း၊ ေငြအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကဳံရတတ္သည္။ ေျခေထာက္ တြင္အႏၲရာယ္ျဖစ္တတ္သည္။ ေ႐ႊ၊ေငြ၊ရတနာမ်ား ယခုႏွစ္ထဲတြင္ ကုန္ဆုံးသြားတတ္သည္။

အစစ္အေဆး အေမးအျမန္း ခံရတတ္သည္။ ကိုယ္ခႏၵာ အစိတ္အပိုင္း တစ္ခုခု ထိခိုက္တတ္သည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။

စေနေန႔တိုင္း ငါးသက္ေစ့ လႊတ္ပါ။ ငွက္(၇) ေကာင္ လႊတ္ပါ။ အုန္းသီးပါေသာ မုန႔္ လႉပါ။ (ဆရာေအင္ခ်စ္မင္း)

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 14 February 2020 16:46
Rate this item
(0 votes)
Tagged under