မြင်မြင်ချင်းချစ်မိတယ်ဆိုတာ တကယ်ဖြစ်နိုင်သလား?

မြင်မြင်ချင်းချစ်မိတယ်ဆိုတာ တကယ်ဖြစ်နိုင်သလား? google.com

ဒီမေးခွန်းက သိပ်ကိုတွေးစရာပါပဲ။ ကျွန်တော်ကတော့ အဲ့လိုဖီးလ်မျိုးတခါလောက်တော့ကြုံခဲ့ဖူးတယ်။ ဒါပေမယ့်လို့တချို့သောလူတွေအတွက်ကတော့မြင်မြင်ချင်းချစ်မိသွားဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တချို့ကျတော့ဒါဟာသူတို့ရဲ့စိတ်ကူးယဉ်အိပ်မက်ကလေးဖြစ်သလို ၊ တကယ်ဖြစ်နိုင်တဲ့ကိစ္စရပ်တခုပါပဲ။

 

မြင်မြင်ချင်းချစ်မိသွားတာကိုဘယ်လိုသိနိုင်မလဲ?

 

အကယ်လို့မသိစိတ်ထဲကလှုံ့ဆော်မှုတခုကြောင့်မြင်မြင်ချင်းချစ်မိတာကိုသင့်အနေနဲ့ယုံကြည်တဲ့သူတစ်ယောက်ဆိုရင်တော့သင့်အနေနဲ့သင့်ရဲ့ခံစားချက်တွေကများသင့်ကိုလှည့်စားနေသလားဆိုတာကို သိဖို့အရေးကြီးပါတယ်။ ဒီအချက်လေးတွေကသင့်ရဲ့အခြားတဖက်ကလေးကိုတွ့ဖို့ကူညီပေးနိုင်မှာပါ။

 

၁။ မြင်လိုက်မိတာနဲ့ ရင်ဘက်ထဲမှာ ကလိကလိဖြစ်လာခြင်း

 

၂။ သူ့ရဲ့ဂရုပြုမိမှုကိုသာသင့်အနေနှင့်လိုချင်တောင်းတမိနေခြင်း

 

၃။ သင့်ရဲ့ချစ်သူထားတဲ့စံနှုန်းတွေအကုန်လုံးသူနဲ့လဲတွေ့ကောအကုန်ပျောက်ကွယ်သွားပြီးသူဘယ်လိုလူဖြစ်ဖြစ်အဆင်ပြေသည်ဟုမြင်မိခြင်း

 

၎။ သင်သူ့ရဲ့အကြောင်းကိုမတွေးပဲမနေနိုင်ခြင်း

 

၅။ သူနဲ့သာဆိုရင်ဘယ်သူ့မှဂရုမစိုက်ပဲနေနိုင်ခြင်း

 

၆။ သူနဲ့အတူရှိနေရခြင်းဟာမဟာစွန့်စားခန်းကြီးဖွင့်နေရသလိုခံစားရခြင်း

 

၇။ သင်နဲ့သူဟာအားကျစရာအကောင်းဆုံးသောအတွဲဖြစ်လာမည်ဆိုတာကိုအလိုလိုသိနေခြင်း

 

၈။ သူနဲ့အတူအနာဂတ်ဘ၀ကိုပုံဖော်ကြည့်မိနေခြင်း

 

၉။ သူ့ရဲ့ဆွဲဆောင်မှုဟာပြင်းထန်ပြီးသင့်အတွက်စစ်မှန်နေခြင်း

 

၁၀။ သူ့အကြောင်းခရေစေ့တွင်းကျအကုန်လုံးကိုသိချင်နေခြင်း

 

ဒီလိုလေးတွေခံစားနေရရင်တော့ သေချာပါပြီ … သင့်အနေနဲ့ မြင်မြင်ချင်းချစ်မိသွားသည်ဟူသောခံစားချက်ကိုရင်ဆိုင်နေရပါပြီ။

 

သင်သူ့ကိုတကယ်ချစ်မှာလား … မချစ်ဘူးလား…?

 

ပထမဆုံးအနေနဲ့သင်ဟာမြင်မြင်ချင်းချစ်မိနေပြီလို့ထင်ရင်သင့်ရဲ့ခံစားချက်တွေကိုအရင်ဆုံးမချိုးနှိမ်လိုက်ပါနဲ့။ အရင်ဆုံးအဲ့ဒီ့တစ်ယောက်ဟာသင့်ကိုအခြားတယောက်ယောက်ကိုသတိရစေသလားကို စဉ်းစားလိုက်ပါ။ ဥပမာ ex ဒါမှမဟုတ် သူငယ်ချင်းတယောက်ယောက်ပေါ့လေ။ အကယ်လို့သင့်ရဲ့မသိစိတ်ဟာအဲ့လိုမျိုးကြောင့်သူ့အပေါ်ကိုခံစားချက်ဖြစ်နေတာမဟုတ်ဘူးဆိုရင်တော့ချစ်သင့်ပါတယ်။

ဒုတိယအနေနဲ့သူနဲ့တွဲဖြစ်ခဲ့ရင်တောင်လမ်းခွဲရမှာမကြောက်ပါနဲ့။ မြင်မြင်ချင်းချစ်မိရာမှသင့်ရဲ့အခြားတဖက်ကိုတွေ့ခဲ့ရင်တောင် ဒီ RS ဟာရှေ့ဆက်လို့မဖြစ်နိုင်ဘူးထင်ရင်သင့်ကိုသင်မလိမ်ပါနဲ့။ ဒါဟာသင်သူ့ကိုတကယ်မချစ်ခဲ့ဖူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

တတိယအနေနဲ့ လူတယောက်ကိုလိုအပ်တာနဲ့ချစ်မိတာဆိုတဲ့ ၂ခုကို မရောထွေးလိုက်ပါနဲ့။ လူအများစုဟာမြင်မြင်ချင်းချစ်မိတယ်လို့ဆိုလိုက်တဲ့အခါတကယ်တမ်းမှာတော့သူတို့တွေသည်အနားမှာ ဂရုတစိုက်ရှိပေးမယ့်လူတယောက်ကိုလိုအပ်လို့သာထိုကဲ့သို့ခံစားရသည်ဟုထင်မိလိုက်ခြင်းဖြစ်သည်။ မရောထွေးလိုက်ပါနဲ့။

စတုတ္ထအနေနဲ့ အသည်းကွဲရမှာမကြောက်ပါနဲ့။ အနာဂတ်မှာဘာတွေဖြစ်လာမလဲကိုတွေးပူမနေပါနဲ့။ အကယ်လို့သူနဲ့ဘ၀တခုလုံးအဆင်ပြေမယ်ထင်ရင်ချစ်သူဘ၀ကိုဖန်တီးလိုက်ပါ။ အကယ်လို့နေနဲ့လ ရွှေနဲ့မြဆိုရင်တော့ အချိန်တွေကြာလာလေအချစ်တွေပိုလာလေပေါ့ဗျာ။ အကယ်လို့မဟုတ်ခဲ့ရင်လည်းသင်ခန်းစာအဖြစ်ခံယူလိုက်ပါ။ ဘ၀ဆိုတာဟာ အချစ်စစ်ဝင်ရောက်လာရင်ရှုပ်ရှက်ခက်သွားရစမြဲပါပဲ။

နောက်ဆုံးအနေနဲ့ကတော့သင့်ရဲ့စိတ်ထဲရှိတဲ့အတိုင်းသာမတွေဝေပဲဆုံးဖြတ်လိုက်ပါ။ အကယ်လို့သင့်နှလုံးသားဟာ Yes လို့ပြောနေရင်သေချာပါပြီ.. သူကသင့်ဘ၀ကိုဖြည့်ဆည်းပေးမယ့်သူပါပဲ။ တွေဝေမနေပါနဲ့။

အချစ်ဆိုတာအပြင်မှာတကယ်ရှိပါတယ်။ ဖမ်းဆုတ်ကိုင်တွယ်လို့လဲရပါတယ်။ အကယ်လို့ မြင်မြင်ချင်းချစ်မိသွားတယ်ဆိုရင်လဲထုတ်သာပြောလိုက်ပါ။ ဘယ်သူသိမှာလဲ? သင့်အတွက် အချစ်ရဆုံးသူတယောက်ဖြစ်လာနိုင်တယ်လေ။

 

Myanmar Wedding Guide

 

Credit;လူငယ်မီဒီယာ

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(1 Vote)