သွေးအမျိုးအစားအလိုက်အချစ်ရေးအခြေအနေ

သွေးအမျိုးအစားအလိုက်အချစ်ရေးအခြေအနေ google

ဒီနေ့မှာတော့ သွေးအမျိုးအစားတွေလိုက်ပြီး ကိုယ်ရဲ့ချစ်သူရွေးချယ်တတ်ပုံကိုဖော်ပြပေးလိုက်ပါတယ်နော်…

 

O သွေး

 

ဒီသွေးပိုင်ရှင်တွေကတော့ အရမ်းကိုလူမှုဆက်ဆံရေးကောင်းသူတွေဖြစ်ပါတယ်။

 

ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုအရမ်းကိုပြင်းထန်ပြီး ခံစားချက်ပြင်းထန်လွန်းတဲ့သူတွေဖြစ်ပါတယ်။

 

ဒါကြောင့်လည်းသူတို့ရဲ့ခံစားချက်ကိုလွယ်လွယ်ကူကူထုတ်မပြောတတ်ကြသူမို့ နားလည်ရခက်တဲ့သူလို့ ထင်ခံရပါတယ်။

 

သူတို့တွေက နွေးထွေးကြင်နာသူ၊ စိတ်ရှည်တတ်သူ၊ သူုတို့အပေါ်အလေးအနက်ထားဂရုစိုက်တတ်သူကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။

 

AB သွေး

 

ဒီသွေးပိုင်ရှင်တွေကအရမ်းကိုကြင်နာတတ်ဆုံး၊ အရိုးသားဆုံးနဲ့ ရိုမန်တစ်အဆန်ဆုံးသွေးပိုင်ရှင်ပဲဖြစ်ပါတယ်။

 

နားလည်ခွင့်လွှတ်ပေးတတ်ပြီးစာနာသနားတတ်ကြသူများဖြစ်ပြီး သူတို့စိတ်နဲ့ထပ်တူနီးပါးတူညီသူတွေကိုသာပိုပြီးသဘောကျတတ်ပါတယ်။

 

A သွေး

 

ဒီသွေးပိုင်ရှင်တွေကတော့ ရင်းနှီးပွင့်လင်းပြီးချစ်စရာကောင်းတဲ့ပုံစံမျိုးကိုသဘောကျတတ်ပါတယ်။

 

အချိန်တိကျသူများကို သဘောကျပြီး မျှော်လင့်ချက်ကြီးမားသလိုအရာရာတိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်တတ်သူများဖြစ်ပါတယ်။

 

သူတို့စိတ်တွေက ယိမ်းယိုင်ထိရှလွယ်တာမို့အသဲကွဲမှာအရမ်းကိုကြောက်ကြပါတယ်။

 

ဒါကြောင့်လူတစ်ယောက်ကိုလွယ်လွယ်ကူကူမယုံကြည်တတ်သလို ချစ်သူထားဖို့ကိုလည်းအချိန်ယူပြီး စဉ်းစားတတ်ကြပါတယ်။

 

B သွေး

 

ဒီသွေးပိုင်ရှင်တွေက အချစ်ရေးနဲ့ပတ်သက်ရင်အရမ်းကိုဆရာကျသူတွေဖြစ်ပါတယ်။

 

သူတို့ရဲ့ဥာဏ်ကောင်းမှုတွေ၊ ဟာသဥာဏ်ရွှင်မှုတွေကတစ်ဖက်သားကို တအားဆွဲဆောင်နိုင်သူတွေပါ။

 

သူတို့ကမှီခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးတတ်သူတွေပါ။

 

ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တ တ်သူကိုသဘောကျပြီး ချစ်မိသွားပြီဆိုရင် ချစ်သူရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံတတ်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်။

 

Source:forhermyanmar

 

Myanmar Wedding Guide

 

3

Read times
Rate this item
(2 votes)
Tagged under