သွေးအမျိုးအစားအလိုက် အချစ်ရေးနဲ့ပတ်သက်တဲ့ ဟောကိန်းများ...

သွေးအမျိုးအစားအလိုက် အချစ်ရေးနဲ့ပတ်သက်တဲ့ ဟောကိန်းများ... google

ကိုယ့်ရဲ့သွေးအမျိုးအစားအလိုက် တွက်ချက်ပြီးတော့ ခန့်မှန်းထားတဲ့ ဟောကိန်းလေးတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းတို့တွေလည်း သွေးအမျိုးအစားအလိုက် နည်းနည်းပါးပါးတော့ သိကြလိမ့်မယ်လို့ထင်ပါတယ်။

ဒါပေမယ့် ဒီတစ်ခါ ပြောချင်တာကတော့ အချစ်ရေးမှာ ကံခေလွန်းတဲ့ သွေးအမျိုးအစားလေးတွေ အကြောင်းပါပဲ။ ထိုသွေးအမျိုးအစားတွေကတော့

 

၁။ A သွေးပိုင်ရှင်လေးများ

သူတို့ဟာ တကယ်တော့ အချစ်ရေးနဲ့ပတ်သက်လာရင် ရေခဲတုံးတစ်တုံးလို ခပ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့သူလေးတွေပါပဲ။

A သွေးလေးတွေရဲ့ မူလပင်ကိုယ်စရိုက်ကိုယ်က ခပ်အေးအေးလေး နေတတ်ကြတဲ့အတွက် သူတို့တွေဟာ အချစ်ရေးမှာရော၊ တခြားကိစ္စတွေမှာပါ တည်ငြိမ်သူလေးတွေ ၊ ထုံပေပေလေးတွေလို့ အပြောခံရတတ်ပါတယ်။

သူတို့တွေဟာ ပြဿနာကို ရှောင်ရှားနိုင်ကြတာ ၊ ဖြစ်လာမယ့် ပြဿနာတွေကို ကြိုတင်တွေးဆတတ်ကြပြီး သူတို့ရဲ့စကားအသွားအလာကို ထိန်းသိမ်းတတ်ကြတဲ့အတွက် အများအမြင် သူတို့တွေဟာ ပွင့်လင်းမှုမရှိဘူးလို့ တစ်ခါတစ်ရံမှာလည်း အပြောခံရတတ်ပါတယ်။

နောက်ပြီး အလုပ်ထဲမှာစိတ်နှစ်ပြီးတော့ အလုပ်အပါ် တာဝန်ယူစိတ်အပြည့်ရှိတတ်ကြတဲ့အတွက် လူမှုရေးနဲ့တစ်ခြားကိစ္စတွေမှာ လစ်ဟင်းတတ်ကြတယ်။

သူတို့လေးတွေဟာ အနေအေးတတ်ပေမယ့် တကယ်တမ်းတော့ အရမ်းနူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့အေးတိအေးစက်နဲ့ မှုန်တေတေအမူအရာလေးတွေကြောင့် ချစ်သူရဲ့အထင်လွဲခြင်းကိုလည်း မကြာခဏ ခံရတတ်တယ်။

အချစ်ရေးမှာ အဲဒီလောက်ကံမခေကြပေမယ့် ချစ်သူရဲ့အားမလိုအားမရ၊ နားပူနားဆာလုပ်တာကိုလည်း အမြဲခံနေရတဲ့သူလေးတွေပေါ့ ။ အဲဒီအတွက် သူတို့ Aသွေးလေးတွေကို မချစ်တော့ဘူးပေါ့ဆိုတော့ မဟုတ်ဘူး။

အဲဒီလို နေတဲ့ပုံစံလေးတွေကိုပဲ ဆုံတဲ့သူတွေက သဲသဲလှုပ် ပိုချစ်တတ်ကြပါတယ်။

 

၂။ B သွေးပိုင်ရှင်လေးများ

သူတို့လေးတွေဟာ တကယ်တော့ လက်တွေ့ကျတဲ့ သွေးပိုင်ရှင်လေးတွေပါပဲ။ သူတို့တွေနဲ့ချစ်သူဖြစ်ရတာ တစ်ခါတစ်လေကျရင် လက်တွေ့အရမ်းဆန်တတ်လို့ သူတို့တွေကို နှလုံးသားမရှိဘူးလို့တောင် ထင်ရတယ်။

သူတို့ရဲ့ အချစ်အပေါ်ထားတဲ့ခံယူချက်ဟာ အနုအရွတွေ၊ ရိုဆန်ဆန်အပြုအမူမျိုးတွေမဟုတ်ပဲ ဒီအတိုင်းရင်ထဲမှာ ရှိနေရင် အချစ်ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် ငါ့အပေါ်ကို ချစ်မှချစ်ရဲ့လားလို့ ချစ်သူရဲ့ မယုံသင်္ကာမျက်လုံးနဲ့ အကြည့်ခံရသူတွေလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ရင်ထဲက ခံစားမှုတွေထက်စာရင် ဦးနှောက်ရဲ့စေစားရာကိုပဲ ဦးစားပေးကြတဲ့အတွက် ချစ်ရတဲ့ချစ်သူနဲ့ လွဲချော်ရတဲ့အဖြစ်မျိုးတွေလည်း ရှိတတ်တယ်။ အဲဒီတော့ B သွေးလေးတွေနဲ့သာ ချစ်သူဖြစ်ရင် သူတို့တွေရဲ့ စိတ်သဘောထားကိုလည်း နားလည်ပေးဖို့ လိုပါတယ်။

 

၃။ AB သွေးပိုင်ရှင်လေးများ

သူတို့လေးတွေဟာ ပျော်ပျော်နေတတ်ကြတဲ့ သွေးအုပ်စုလေးတွေပါပဲ။ သူတို့တွေရဲ့ အချစ်အပေါ်မှာ ထားတဲ့ခံယူချက်က အတော်လေး ပေါ့ပေါ့ပါးပါး ဆန်ပါတယ်။

ကမ္ဘာပေါ်မှာ အချစ်ဆိုတဲ့အရာလောက် အရေးကြီးတာမရှိတော့ဘူးဆိုရလောက်အောင် အချစ်ကို နောက်ဆုံးမှာ ထားတတ်ကြတယ်။ တကယ်လို့ သူတို့မှာ ချစ်သူရှိနေရင်လည်း အဲဒီအချစ်ရေးဟာ ကြာရှည် မတည်မြဲတတ်ပါဘူး။

အချစ်ထက်စာရင် အပျော်အပါး၊ အပေါင်းအသင်း နဲ့ မိသားစုကို ပဲကြည့်တတ်ကြလို့ ချစ်သူက အမြဲတမ်းနောက်ကို ရောက်နေတတ်တယ်။ အဲဒီလိုပြောလို့ သူတို့တွေကို မချစ်တတ်ဘူးလို့တော့ မထင်ပါနဲ့။

သူတို့တွေရဲ့ အနွံအတာ၊ ဆိုးနွဲ့မှုတွေကို သည်းခံနိုင်တဲ့သူကို ရှာရင်းနဲ့ပဲ ရည်းစားများတဲ့သူ၊ အသဲခွဲတဲ့သူ စတဲ့နာမည်တွေ ရသွားတတ်တယ်။

တကယ်လို့ သူငယ်ချင်းတို့ရဲ့ချစ်သူဟာ AB သွေးလေး ဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့အပျော်အပါးမက်တဲ့စိတ် ၊ လွတ်လွတ်လပ်လပ် နေချင်တဲ့စိတ်လေးတွေကို ကောင်းကောင်း လက်ခံပေးဖို့ လိုပါတယ်။

 

၄။ O သွေးပိုင်ရှင်လေးများ

ဒီ အိုသွေးလေးတွေကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့။ သူတို့လေးတွေဟာ နှလုံးသားနုနယ်သလောက်၊ အရမ်းလည်း အချစ်ကြီးတတ်ကြတယ်။

သူတို့ရဲ့အချစ်ဆိုတာက ဘယ်သူတွေ ဘယ်လိုမျိုးပဲလာလာ၊ ဒီတစ်ယောက်တည်းကိုပဲ သူတို့ရဲ့ဘဝတစ်လျှောက် သစ္စာရှိရှိနဲ့ ချစ်သွားမယ့်သူမျိုးတွေပဲပေါ့။

တစ်ယောက်ဆိုရင် ဆိုသလောက် ချစ်တတ်ကြတဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ ချစ်သူက သစ္စာဖောက်တာခံလိုက်ရတဲ့အခါမျိုးမှာ အရမ်းကိုခံစားရမယ့်သူမျိုးတွေပဲ ဖြစ်ပါတယ်။

ပြတ်သွားခဲ့ရင်တောင် အဲဒီချစ်သူကို ရင်ထဲမှာထားပြီးတော့ တမ်းတနေတတ်ကြတဲ့သူမျိုးလေးတွေပါ။

နောက်ပြီးချစ်သူအပေါ်မှာ အရမ်းအနွံတာခံ၊ အောက်ကျို့ခံပြီးတော့ ချစ်တတ်ကြတာမို့ ချစ်သူရဲ့အနိုင်ယူခြင်းကို မကြာခဏခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။

အဲဒီတော့ ဒီအို သွေးလေးတွေနဲ့သာ ချစ်သူဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ကံအရမ်းကောင်းတဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် သင် သူတို့ဆုံခဲ့ရင် သူတို့ကို အတတ်နိုင်ဆုံးဖေးမပြီးတော့ ချစ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္...

ကိုယ့္ရဲ႕ေသြးအမ်ိဳးအစားအလိုက္ တြက္ခ်က္ၿပီးေတာ့ ခန႔္မွန္းထားတဲ့ ေဟာကိန္းေလးေတြ အမ်ားႀကီးရွိပါတယ္။ သူငယ္ခ်င္းတုိ႔ေတြလည္း ေသြးအမ်ိဳးအစားအလုိက္ နည္းနည္းပါးပါးေတာ့ သိၾကလိမ့္မယ္လုိ႔ထင္ပါတယ္။

ဒါေပမယ့္ ဒီတစ္ခါ ေျပာခ်င္တာကေတာ့ အခ်စ္ေရးမွာ ကံေခလြန္းတဲ့ ေသြးအမ်ိဳးအစားေလးေတြ အေၾကာင္းပါပဲ။ ထုိေသြးအမ်ိဳးအစားေတြကေတာ့

၁။ A ေသြးပိုင္ရွင္ေလးမ်ား

သူတုိ႔ဟာ တကယ္ေတာ့ အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ေရခဲတုံးတစ္တုံးလို ခပ္ေအးေအးနဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိတတ္တဲ့သူေလးေတြပါပဲ။

A ေသြးေလးေတြရဲ႕ မူလပင္ကုိယ္စ႐ိုက္ကုိယ္က ခပ္ေအးေအးေလး ေနတတ္ၾကတဲ့အတြက္ သူတို႔ေတြဟာ အခ်စ္ေရးမွာေရာ၊ တျခားကိစၥေတြမွာပါ တည္ၿငိမ္သူေလးေတြ ၊ ထုံေပေပေလးေတြလို႔ အေျပာခံရတတ္ပါတယ္။

သူတို႔ေတြဟာ ျပႆနာကို ေရွာင္ရွားႏိုင္ၾကတာ ၊ ျဖစ္လာမယ့္ ျပႆနာေတြကို ႀကိဳတင္ေတြးဆတတ္ၾကၿပီး သူတို႔ရဲ႕စကားအသြားအလာကို ထိန္းသိမ္းတတ္ၾကတဲ့အတြက္ အမ်ားအျမင္ သူတုိ႔ေတြဟာ ပြင့္လင္းမႈမရွိဘူးလို႔ တစ္ခါတစ္ရံမွာလည္း အေျပာခံရတတ္ပါတယ္။

ေနာက္ၿပီး အလုပ္ထဲမွာစိတ္ႏွစ္ၿပီးေတာ့ အလုပ္အပၚ တာဝန္ယူစိတ္အျပည့္ရွိတတ္ၾကတဲ့အတြက္ လူမႈေရးနဲ႔တစ္ျခားကိစၥေတြမွာ လစ္ဟင္းတတ္ၾကတယ္။

သူတို႔ေလးေတြဟာ အေနေအးတတ္ေပမယ့္ တကယ္တမ္းေတာ့ အရမ္းႏူးညံ့တဲ့ ႏွလုံးသားပိုင္ရွင္ေတြပါပဲ။ ဒါေပမယ့္ သူတို႔ရဲ႕ေအးတိေအးစက္နဲ႔ မႈန္ေတေတအမူအရာေလးေတြေၾကာင့္ ခ်စ္သူရဲ႕အထင္လြဲျခင္းကိုလည္း မၾကာခဏ ခံရတတ္တယ္။

အခ်စ္ေရးမွာ အဲဒီေလာက္ကံမေခၾကေပမယ့္ ခ်စ္သူရဲ႕အားမလိုအားမရ၊ နားပူနားဆာလုပ္တာကိုလည္း အၿမဲခံေနရတဲ့သူေလးေတြေပါ့ ။ အဲဒီအတြက္ သူတုိ႔ Aေသြးေလးေတြကုိ မခ်စ္ေတာ့ဘူးေပါ့ဆုိေတာ့ မဟုတ္ဘူး။

အဲဒီလုိ ေနတဲ့ပုံစံေလးေတြကုိပဲ ဆုံတဲ့သူေတြက သဲသဲလႈပ္ ပုိခ်စ္တတ္ၾကပါတယ္။

 

၂။ B ေသြးပိုင္ရွင္ေလးမ်ား

သူတုိ႔ေလးေတြဟာ တကယ္ေတာ့ လက္ေတြ႕က်တဲ့ ေသြးပိုင္ရွင္ေလးေတြပါပဲ။ သူတို႔ေတြနဲ႔ခ်စ္သူျဖစ္ရတာ တစ္ခါတစ္ေလက်ရင္ လက္ေတြ႕အရမ္းဆန္တတ္လို႔ သူတို႔ေတြကို ႏွလုံးသားမရွိဘူးလို႔ေတာင္ ထင္ရတယ္။

သူတို႔ရဲ႕ အခ်စ္အေပၚထားတဲ့ခံယူခ်က္ဟာ အႏုအ႐ြေတြ၊ ႐ိုဆန္ဆန္အျပဳအမူမ်ိဳးေတြမဟုတ္ပဲ ဒီအတိုင္းရင္ထဲမွာ ရွိေနရင္ အခ်စ္ျဖစ္တယ္ ဆိုတဲ့အတြက္ေၾကာင့္ ငါ့အေပၚကို ခ်စ္မွခ်စ္ရဲ႕လားလို႔ ခ်စ္သူရဲ႕ မယုံသကၤာမ်က္လုံးနဲ႔ အၾကည့္ခံရသူေတြလည္း ျဖစ္ပါတယ္။

သူတို႔ရဲ႕ရင္ထဲက ခံစားမႈေတြထက္စာရင္ ဦးေႏွာက္ရဲ႕ေစစားရာကိုပဲ ဦးစားေပးၾကတဲ့အတြက္ ခ်စ္ရတဲ့ခ်စ္သူနဲ႔ လြဲေခ်ာ္ရတဲ့အျဖစ္မ်ိဳးေတြလည္း ရွိတတ္တယ္။ အဲဒီေတာ့ B ေသြးေလးေတြနဲ႔သာ ခ်စ္သူျဖစ္ရင္ သူတို႔ေတြရဲ႕ စိတ္သေဘာထားကိုလည္း နားလည္ေပးဖို႔ လိုပါတယ္။

 

၃။ AB ေသြးပိုင္ရွင္ေလးမ်ား

သူတုိ႔ေလးေတြဟာ ေပ်ာ္ေပ်ာ္ေနတတ္ၾကတဲ့ ေသြးအုပ္စုေလးေတြပါပဲ။ သူတို႔ေတြရဲ႕ အခ်စ္အေပၚမွာ ထားတဲ့ခံယူခ်က္က အေတာ္ေလး ေပါ့ေပါ့ပါးပါး ဆန္ပါတယ္။

ကမာၻေပၚမွာ အခ်စ္ဆိုတဲ့အရာေလာက္ အေရးႀကီးတာမရွိေတာ့ဘူးဆိုရေလာက္ေအာင္ အခ်စ္ကို ေနာက္ဆုံးမွာ ထားတတ္ၾကတယ္။ တကယ္လို႔ သူတို႔မွာ ခ်စ္သူရွိေနရင္လည္း အဲဒီအခ်စ္ေရးဟာ ၾကာရွည္ မတည္ၿမဲတတ္ပါဘူး။

အခ်စ္ထက္စာရင္ အေပ်ာ္အပါး၊ အေပါင္းအသင္း နဲ႔ မိသားစုကို ပဲၾကည့္တတ္ၾကလို႔ ခ်စ္သူက အၿမဲတမ္းေနာက္ကို ေရာက္ေနတတ္တယ္။ အဲဒီလိုေျပာလို႔ သူတို႔ေတြကို မခ်စ္တတ္ဘူးလို႔ေတာ့ မထင္ပါနဲ႔။

သူတို႔ေတြရဲ႕ အႏြံအတာ၊ ဆိုးႏြဲ႕မႈေတြကို သည္းခံႏိုင္တဲ့သူကို ရွာရင္းနဲ႔ပဲ ရည္းစားမ်ားတဲ့သူ၊ အသဲခြဲတဲ့သူ စတဲ့နာမည္ေတြ ရသြားတတ္တယ္။

တကယ္လို႔ သူငယ္ခ်င္းတို႔ရဲ႕ခ်စ္သူဟာ AB ေသြးေလး ျဖစ္ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕အေပ်ာ္အပါးမက္တဲ့စိတ္ ၊ လြတ္လြတ္လပ္လပ္ ေနခ်င္တဲ့စိတ္ေလးေတြကို ေကာင္းေကာင္း လက္ခံေပးဖို႔ လိုပါတယ္။

 

၄။ O ေသြးပိုင္ရွင္ေလးမ်ား

ဒီ အိုေသြးေလးေတြကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ႏွလုံးလမ္းေၾကာင္းမွာ ကြၽန္းခံေနတယ္လို႔ပဲ ေျပာရမယ္ထင္ပါရဲ႕။ သူတို႔ေလးေတြဟာ ႏွလုံးသားႏုနယ္သေလာက္၊ အရမ္းလည္း အခ်စ္ႀကီးတတ္ၾကတယ္။

သူတို႔ရဲ႕အခ်စ္ဆိုတာက ဘယ္သူေတြ ဘယ္လိုမ်ိဳးပဲလာလာ၊ ဒီတစ္ေယာက္တည္းကိုပဲ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္ သစၥာရွိရွိနဲ႔ ခ်စ္သြားမယ့္သူမ်ိဳးေတြပဲေပါ့။

တစ္ေယာက္ဆိုရင္ ဆိုသေလာက္ ခ်စ္တတ္ၾကတဲ့သူေတြျဖစ္ေပမယ့္ သူတို႔ရဲ႕ ခ်စ္သူက သစၥာေဖာက္တာခံလိုက္ရတဲ့အခါမ်ိဳးမွာ အရမ္းကိုခံစားရမယ့္သူမ်ိဳးေတြပဲ ျဖစ္ပါတယ္။

ျပတ္သြားခဲ့ရင္ေတာင္ အဲဒီခ်စ္သူကို ရင္ထဲမွာထားၿပီးေတာ့ တမ္းတေနတတ္ၾကတဲ့သူမ်ိဳးေလးေတြပါ။

ေနာက္ၿပီးခ်စ္သူအေပၚမွာ အရမ္းအႏြံတာခံ၊ ေအာက္က်ိဳ႕ခံၿပီးေတာ့ ခ်စ္တတ္ၾကတာမို႔ ခ်စ္သူရဲ႕အႏိုင္ယူျခင္းကို မၾကာခဏခံရတဲ့သူေတြလည္း ျဖစ္ပါတယ္။

အဲဒီေတာ့ ဒီအို ေသြးေလးေတြနဲ႔သာ ခ်စ္သူျဖစ္ခဲ့မယ္ဆိုရင္ သင္ဟာ ကံအရမ္းေကာင္းတဲ့သူတစ္ေယာက္ပါပဲ။ ဒါေၾကာင့္ သင္ သူတုိ႔ဆုံခဲ့ရင္ သူတို႔ကို အတတ္ႏိုင္ဆုံးေဖးမၿပီးေတာ့ ခ်စ္ပါလို႔ တုိက္တြန္းလုိက္ပါတယ္။

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Tuesday, 11 February 2020 16:22
Rate this item
(0 votes)
Tagged under