၂၀၂၀ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ မွ ၁၃ ရက္ေန႔ အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ မွ ၁၃ ရက္ေန႔ အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

 

မိသားစုအတွင်းသို့ သတင်းကောင်းရောက်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။

ကြွေးများကို ပြန်ဆပ်နိုင်မည်။ မော်တော်ကားအသစ်ဝင်မည်။ ရွှေအတွက် သောကရောက်မည်။ အိမ်နေရာအသစ်အတွက် စာချုပ်စာတမ်းများ ပြုလုပ်ရမည်။ နေအိမ်သို့ ဗီဒိုတစ်လုံး ရောက်ပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ဇက်ကြောတက်မည်။ အချစ်ရေးမှာ ချစ်သူ၏ မိဘဆွေမျိုးတစ်ဦးကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးတစ်ဦး ဒုက္ခပေးမည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။

ယတြာ - တနင်္ဂနွေနေ့တွင် တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ အုန်းရွက် ၁၄ ရွက် ကပ်လှူပါ။

 

 

တနင်္လာနေ့ 

အလုပ်သစ်၊ လုပ်ငန်း အရောင်းအဝယ် အသစ်ပေါ်မည်။ ငွေကြေးကိစ္စအတွက် ကူညီမည့်သူပေါ်မည်။ ရွှေအရောင်းအဝယ်၊ ကျောက်မျက်ရတနာ အရောင်းအဝယ်ကိစ္စမှာ လူလိမ့်ခံရမည်။

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လစာကောင်းသော အလုပ်သို့ ပြောင်းရမည်။

တောင်ကုန်းတောင်တန်းဘက်သို့ ခရီးထွက်ရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ရပ်ဝေးမှ လက်ဆောင်ရမည်။ နေအိမ်သို့ နာနတ်သီး ရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အားနည်းပါသည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ အေးစက်စက် ဖြစ်နေပါသည်။ အိမ်ထောင်ရေးမှာ အခြေအနေမကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကာကီရောင် ဖြစ်ပါသည်။

ယတြာ -တနင်္လာနေ့ တနင်္လာထောင့်မှာ ကံ့ကော် ၂၂ ညွန့် ကပ်လှူပါ။

 

 

အင်္ဂါနေ့

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားမှ ငွေရောက်မည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။

အမိ,အဖ တစ်ဦးဦး ကျန်းမာရေး ညံ့မည်။ မိသားစုအတွင်း မပြေလည်မှုများ ဖြစ်မည်။ တယ်လီဖုန်း ပျက်မည်။ ပျောက်မည်။

ရရန်ရှိသော ငွေများ မရေသောကြောင့် စိတ်ပူပန်ရလိမ့်မည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ နေအိမ်မှာ ပိုးဟပ်များ မြူးတူးပျံဝဲနေပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ ဖယောင်းတိုင် ၁၅ တိုင် ထွန်းညှိပူဇော်ပါ။

 

 

 ဗုဒ္ဓဟူးနေ့

ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ဖြစ်မည်။ နိုင်ငံခြားခရီးစဉ်ပျက်မည်။ ဆွေမျိုးတစ်ဦးထံမှ ငွေအကူအညီရမည်။

ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ စုဆောင်းထားသော ငွေများကို အရင်းအနှီးလုပ်ရန်အတွက် ထုတ်သုံးရမည်။ ဆိုင်ကယ်အတွက် သောကရောက်မည်။

နိုင်ငံရေးလုပ်ငန်းမှာ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ကြုံရလိမ့်မည်။ မိသားစုအတွင်းမှာ အဆင်မပြေမှု၊ စိတ်သဘောကွဲလွဲမှု ရှိမည်။ နေအိမ်သို့ မုန်လာဥနီများ ရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။

ကျန်းမာရေးအနေဖြင့် ခါးနာမည်။ ပညာရေးမှာ စိတ်ညစ်ရလိမ့်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက်ကပ်လှူပါ။

 

ကြာသပတေးနေ့

တယ်လီဖုန်းအသစ်ဝင်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ မော်တော်ကားပွန်းမည်။ ပိန်မည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းမည်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ အလုပ်တာဝန်ပိမည်။ နာမည်ကောင်းရမည်။ ချေးငွေကိစ္စ သတင်ကောင်းကြားရမည်။ ဆိတ်နက်တစ်ကောင် အိမ်ရောက်လာပါက (သို့မဟုတ်) ဆိတ်နက်တစ်ကောင်ကို မြင်ပါက ‘၆’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးမှာ ချစ်သူနှင့် ခွဲခွါရလိမ့်မည်။ အိမ်ထောင်ရေးလည်း မကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်မှာ ထောပတ်ထမင်းကပ်လှူပါ။

 

 

သောကြာနေ့

အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ ငွေအနည်းငယ် အလဟဿ ဖြစ်မည်။ လယ်ယာသုံးစက်ပစ္စည်း အသစ်ဝင်မည်။

ရပ်ဝေးမှ ငွေရောက်မည်။ မော်တော်ဆိုင်ကယ် အသစ်ဝင်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။

ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ အနုပညာလုပ်ငန်းမှာ စိတ်ပျက်စရာ ကိစ္စနှင့် ကြုံရမည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကောင်းမွန်မည်။ နေအိမ်သို့ သနပ်ခါးကိုင်း၊ သနပ်ခါးတုံးများ ရောက်လာပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ထူးခြားမှု မရှိပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

ယတြာ - သောကြာနေ့ သောကြာထောင့်မှာ နှင်းဆီနီ ၇ ပွင့် ကပ်လှူပါ။

 

 

စနေနေ့

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူူးတိုး ပြောင်းရွှေ့သတင်းကြားရမည်။ ပြင်ပဝန်ထမ်းဖြစ်ပါက လစာတိုးမည်။ ကြွေးပြန်ဆပ်နိုင်မည်။ သို့မဟုတ် ကြွေးပြန်ရမည်။

စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ လုပ်ပါ။ သူခိုးခိုးခံရမည်။ တယ်လီဖုန်းပျောက်မည်။ အမှုဟောင်းရှိပါက နိုင်မည်။ နိုင်ငံရေးလုပ်ငန်းမှာ အောင်မြင်မှုများရရှိမည်။ နေအိမ်သို့ သင်္ဘောသီးတစ်လုံးရောက်ပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်ရောဂါရမည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမရှိပါက ချစ်သူရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။

ယတြာ - စနေနေ့ စနေထောင့်မှာ ထီးဖြူ ၅ လက် ကပ်လှူပါ။

 

 

Source: Mintheinkha

Read times Last modified on Monday, 07 December 2020 16:27
Rate this item
(0 votes)