စုံ​တွဲ​တွေကြား​ဖောက်​ပြန်​​စေ​သောအ​ကြောင်းရင်း (၈) ချက်

စုံ​တွဲ​တွေကြား​ဖောက်​ပြန်​​စေ​သောအ​ကြောင်းရင်း (၈) ချက် google.com

() တခြားရွေးချယ်စရာမရှိလို့

 

ဒီအကြောင်းပြချက်ကို သုံးတဲ့ သူများကတော့သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သော ဆန္ဒအရဖြောက်ပြန်ပြီး မတက်သာလို့ပါဟု တစ်ဖက်လူကိုရော ကိုယ်တိုင်ရောချွေးသိပ်ကြတာ ဖြစ်ပါတယ်။

 

 

() အောက်စီတိုစင်ဓာတ် လျော့ပါးရခြင်း

 

အောက်စီတိုစင်ဓာတ်ဆိုသည်မှာ ဖိုမဆက်ဆံရေးကြားရှိ အာရုံခံစားမှု့​​ဟော်​မုန်းပင်​ဖစ်​သည်​။ ယင်း ဟော်မုန်းဓာတ် မရရှိ မခံစားရခြင်းကြောင့် ဖောက်ပြန်စေပါတယ်။

 

 

() အလုပ်ကိစ္စနှင့် ခရီးထွက်ရခြင်း

 

ဖောက်ပြန်နေသော ယောက်ကျာ်း​ ၃ပုံ ၁ပုံ က အလုပ်ကိစ္စနှင့် ခရီးထွက်စဉ် ဖောက်ပြန်ဖူးသောသူများ ဖြစ်ကြတယ်။ မိန်းမ ၁၃ ရာခိုင်နူန်းကတော့ အလုပ်မှာမေတ္တာမျှနေကြ ပါတယ်။ အိမ်ထောင်သက် ၆နှစ် မှ ၉နှစ် အတွင်း ပိုမိုမြင့်တတ်လာပြီး အိမ်ထောင်ပြိုကွဲလာပါတယ်။

 

 

() လူမှုရေးကွန်ရက်ပေါ်တွင်ပိုမို အချိန်ဖြန်းခြင်း

 

ဖေ့ဘွတ်ကဲ့သို့ ဆိုရှယ်မီဒီယာများ ပေါ်တွင် အချိန်အဖြုန်းများသော စုံတွဲများဟာ တစ်ဦးပေါ်​တစ်ဦးဂရုစိုက်ဖို့ မေ့လျော့လာပြီး ထိုအကြောင်းအရင်းကြောင့်ပင် နှစ်ဦးနှစ်ဖက်လုံးအတွက် ဖောက်ပြန်စေသောအခြေအနေကို ဖြစ်ပေါ်စေပါတယ်။

 

 

() ဘဝအ​ခြေအနေ ဆိုဝါးမှုကြောင့် ငြင်းပယ်နိုင် စွမ်းမရှိခြင်း

 

လူတိုင်းဘဝမှာ ပြဿနာတွေစုပုံတတ်သောအချိန်ဆိုတာ ရှိပါတယ်။ အဲ့အချိန်မှာ အချို့ကတော့ ကြံ့ခိုင်လေ့ရှိပြီး အချို့ကတော့ ဖျားယောင်းသွေးဆောင်ခံလိုက်ပါတယ်။ ဒီလို အခြေအနေကတော့ အသက်၂၉ ၃၉ ၄၉ များ၌ ဖြစ်လေ့ရှိပါတယ်။

 

 

() ငြီးငွေ့ စရာကောင်းလာသောဆက်ဆံရေး

 

သာယာဖွယ်ေ​ကာင်းလှသောဖိုမဆက်ဆံရေး ခံစားမှုများ ကုန်ဆုံးလာခြင်းကလည်း ဖောက်ပြားမှုကို ဖြစ်ပေါ်​စေပါတယ်​။

 

 

() ပတ်ဝန်းကျင်နှင့် အတိတ်ဟောင်း၏ အကျိုးသက်ရောက်မှု

 

သစ္စာအဖောက်ခံဖူးသောသူတို့ စိတ်ထဲမှာနောက်လူတွေကိုအယုံကြည်မဲ့သွားသလို ဖောက်ပြားသောယောက်ကျာ်း​များ၏​ ၇၅ ရာခိုင်နှူန်းက လည်းဖောက်ပြန်တတ်သော သူငယ်ချင်းမျာလွှမ်းမိုးမှုကြောင့် ဖောက်ပြန်လေ့ရှိပါတယ်။

 

 

() တစ်ဦးနှင့်တစ်ဦးဝေးကွာလာခြင်း

 

တစ်ဦးနှင့်တစ်ဦးစကားကောင်းကောင်း မပြောဖြစ်ခြင်းကစုံတွဲများအကြား ဝေးကွာလာစေပြီး ဖောက်ပြန်စေပါတယ်။သဘာဝအရ ယောက်ကျာ်း​များဖို့ လိင်မှု့ကိစ္စကအရေးကြီးဆုံးဟုဆိုသော်လည်း စိတ်ခံစားချက်များ လျှစ်လျှုရှု့ခံရခြင်းကြောင့်ဝေးကွာလာကြပါတယ်။

 

 

Credit;Min Thu (Daily Hot News )

Read times Last modified on Thursday, 04 October 2018 14:38
Rate this item
(1 Vote)