ကိုယ့်နှလုံးသားကိုအကြိမ်ကြိမ်မသတ်ပါနဲ့

ကိုယ့်နှလုံးသားကိုအကြိမ်ကြိမ်မသတ်ပါနဲ့ google

ကိုယ့်ကိုယ်ကိုယ်နှိပ်စက်သလိုဖြစ်နေတဲ့ Relationship မျိုးကနေရုန်းထွက်နိုင်ပါစေ.....

 

လူတစ်ချို့ကို အချစ်ကို တန်ဖိုးထားတာထက်လွန်ပြီးကိုးကွယ်သလိုတွေဖြစ်တော့ ကိုယ်ကျိုးတွေနည်းကုန်ရောပေါ့။ ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးထားတတ်ဖို့ပဲလိုပါတယ်( ကိုယ့်အပေါ်တန်ဖိုးထားသူအတွက်သာ) တစ်ချို့သူတွေက ပေါင်းစည်းဖို့အဆင်မပြေမှန်းသိတဲ့ Relationship ကြီးမှာ စိတ်ပင်ပန်းခံပြီးကပ်တွယ်နေတတ်ကြပါတယ်။ ဒီလိုနေတာဟာ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်နှိပ်စက်ရာရောက်လည်းဆိုတာ သူတို့အသိဆုံးပါ။

 

တွယ်ညှိနေတဲ့သံယောဇဉ် နာကျင်ရမဲ့ ကိုယ့်နှလုံးသားကို ခဏလေးဥပေက္ခာပြုပြီး ပျော်စရာမကောင်းစိတ်ချမ်းသာမှုမရှိတဲ့ Relationship ကနေရုန်းထွက်ပစ်လိုက်စမ်းပါ။ နာကျင်ရလည်း ခဏပေါ့ တစ်ကြိမ်တစ်ခါပေါ့ကွာ...ဘယ်တော့များသူပြောင်းလဲလာမလဲဆိုတဲ့စိတ်နဲ့ စောင့်ရင်းကိုယ့်ကို မေတ္တာမစစ်လို့မပြောင်းလဲလာသူကို မျှော်လင့်မနေပါနဲ့။ ကိုယ့်နှလုံးသားကို စာနာသောအားဖြင့် တစ်ကြိမ်ပဲသတ်ပါ။ တစ်ကြိမ်သာအနာခံပါ။ အကြိမ်ကြိမ်နာကျင်ခံစားရအောင်မသတ်မိပါစေနဲ့။ ကိုယ့်အတွက်ဆိုတဲ့အရာတွေက တစ်နေရာမှာသင့်ဆီလာဖို့စောင့်ဆိုင်းနေကြမှာပါ။

 

 

Credit;Trend.com.mm

Read times Last modified on Tuesday, 15 January 2019 09:43
Rate this item
(1 Vote)