တနင်္လာသားသမီးများအတွက်တစ်နှစ်စာဟောစာတမ်း

တနင်္လာသားသမီးများအတွက်တစ်နှစ်စာဟောစာတမ်း google

2019ခုနှစ်မှ​2020ခုနှစ်​5လပိုင်​1ရက်​​နေ့ထိစာဟောစာတမ်းဖြစ်​သည်​။

 

ဒီနှစ်​ကာလနှစ်​2020ထိ ကိုယ်ကခရီးမသွားဘူးဆိုပြီး အိမ်မှာနေရင်တောင်မှ

 

သူများလာခေါ်တာကြောင့်မလွန်ဆန်နိုင်ဘဲခရီးတွေ ထွက်ရတတ်ပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် အိမ်မကပ်ရဘဲ ဖြစ်နေတတ်ပါတယ်။

 

အလုပ်စီးပွားအလုပ်နဲ့ပက်သက်ရင် အတော့်ကိုကမောက်ကမနိုင်တဲ့နှစ်မျိုးပါပဲ။

 

ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်တော့ ပင်မအလုပ်အလုပ်က ငွေသိပ်မ၀င်ဘဲချဲ့ထွင်တိုးချဲ့ထားတဲ့အလုပ်တွေကနေငွေပိုမိုဝင်တတ်ပါတယ်။

 

ဒီနှစ်မှာ အလုပ်နဲ့ပက်သက်ပြီးစိတ်အပြောင်းအလဲဖြစ်အောင်လို့ ၊လွဲမှားတဲ့လမ်းကြောင်းပေါ်ရောက်အောင်လို့ကံကြမ္မာက တွန်းပို့တတ်ပါတယ်။

 

အလုပ်နဲ့ပက်သက်ရင် အာရုံစိုက်မထားနိုင်သူတွေအတွက် အခက်အခဲများနိုင်တဲ့နှစ်လို့ ယေ ဘုယျသုံးသပ်လို့ရပါတယ်။

 

ဝန်ထမ်းများ အထက်လူကြီးနဲ့အဆင်မပြေတာ၊ဖိအားများစွာ နဲ့လုပ်ကိုင်ဆောင်ရွက်ရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။

 

''လက်ရှိအလုပ်ကနေထွက်မယ်'' ဆိုပြီး ဆုံးဖြတ်ချက်ချမိသည်အထိဖြစ်ရတတ်ပါ တယ်။

 

အလုပ်ထွက်တော့မယ်ဆိုရင် ကံကြမ္မာအရတော့အားမပေးပါဘူး။

 

ဘယ်လိုမှနေမပျော်လို့ ထွက်မယ်ဆိုရင် တောင်နောက်အလုပ်သေချာ ချိတ်ဆက်ပြီးမှထွက်စေချင်ပါတယ်။

 

ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်သစ်၊စီးပွားသစ်တွေကကောင်းပေမဲ့ အောင်မြင်ဖို့အချိန်ယူရတတ်ပါတယ်။

 

အချိန်ပေးရမယ်။ ငွေရင်းထားနိုင် ဖို့လိုအပ်ပါတယ်။ စပ်တူအလုပ်များ၊ရှယ်ယာအလုပ်များကတော့ အကောင်းများပါတယ်။

 

အိမ်ထောင်ရေးကတော့ မိမိကိုတကယ်ချစ်တဲ့အိမ်ထောင်ဘက်ကတော့ မိမိအခက်အခဲကြုံရင်တော့ အတူ ရင်ဆိုင်ဖြေရှင်းပေးပါလိမ့်မယ်။

 

အပေါ်ယံသဘောမျိုးအိမ်ထောင်ဘက်ကတော့ မိမိကိုပဲအပြစ်တင်ဝေဖန်နေပါလိမ့် မယ်။

 

ပြောချင်တာက ဒီနှစ်မှာ အိမ်ထောင်ဘက်ကို မိမိတစ်ခုခုဆုံးဖြတ်ချက်ချပြီဆိုရင်တော့ ဘာလို့လုပ်တာဆို တာကိုပြောပြပါ။

 

ရေရှည်အတွက်ရလာတဲ့အကျိုးအမြတ်တွေကိုပြောပြပါ။ဒါမှလဲအဆင်ပြေပါလိမ့်မယ်။

 

အချို့သူတွေကတော့ အိမ်ထောင်ရေးသာယာတတ်ပါတယ်။ ဒါပေမဲ့အိမ်ထောင်ဘက်ကျန်းမာရေးညံ့သွားတတ်တာ မျိုးကြုံရတတ်ပါတယ်။

 

မိမိအိမ်ထောင်ဘက်ရဲ့ကျန်းမာရေးအတွက် အာရုံထည့်ထားစေချင်ပါတယ်။

 

တစ်ဦးတစ် ယောက်ကျန်းမာရေးမကောင်းတာကလဲ အိမ်ထောင်ရေးသာယာဖို့ခက်ခဲသွားတတ်ပါတယ်။

 

ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခုကို ပြောပါဆိုရင်တော့ အရင်ကတည်းကခြေလှမ်းမှားနေတဲ့

 

အိမ်ထောင်ဘက်ဆိုရင်တော့ ဒီနှစ်မှာဖောက် ပြန်တာမျိုးတွေကြုံရတတ်ပါတယ်။

 

အချစ်​​ရေး ဒီနှစ်ပိုင်းမှာတော့ ချစ်သူရဲ့အခက်အခဲအကြပ်အတည်းတွေကိုကူညီပြီး ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

 

အခက်အခဲတွေကို အတူရင်ဆိုင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ဒါကလဲတကယ်ချစ်ကြတဲ့ချစ်သူတွေအတွက်ပြောတာပါ။

 

အရင်ကတည်းကကိုယ့်ကိုအပျော်တွဲကြသူတွေ၊ မိမိဆီကအသွေးအသား၊

 

ဒါမှမဟုတ်ပိုင်ဆိုင်မှုတစ်ခုခုကို လိုချင်သူ တွေဆိုရင်တော့ ဒီနှစ်မှာသေချာပေါက်ပြန်ကွဲသွားတတ်ပါတယ်။

 

ဒီနှစ်မှာချစ်သူနဲ့လမ်းခွဲရပြီဆိုရင်တော့ ၀မ်းသာ လိုက်ပါ။ အဲဒီချစ်သူဟာ ဖူးစာမှန်မဟုတ်ဘူးလို့မှတ်ယူလိုက်ပါ။

 

ဒီနှစ်မှာ မိမိကိုချစ်ရေးဆိုလာသူတွေ၊ လက်ထပ်ခွင့် တောင်းလာသူတွေရှိရင်လွယ်လွယ်နဲ့ခေါင်းမညိတ်လိုက်ပါနဲ့။

 

အချိန်အတိုင်းအတာတစ်ခုထိစောင့်ကြည့်လိုက်ပါ။

 

လူ တစ်ယောက်ကိုအချိန်ကြာကြာပေါင်းမှချိုမှန်ခါးမှန်းသိရတာပါ။

 

တစ်​နှစ်​တာ ယတြာများကို မကြခဏလုပ်​​ပေးကြပါ။ မိမိတို့၏ အိမ်​ဘုရာမှ ကြံရည်​ ကပ်​​ပေးပါ။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(0 votes)